၄ ဇန်နဝါရီ ၂၀၁၆ - ၁၇:၃၈
တရုတ်က ဆန်ဝယ်လိုအားနည်းပြီး၊ သကြား သိမ်းကျုံးဝယ်နေ

တရားမ၀င်ကုန်စည်များ ကို တရုတ်အစိုးရက ဖမ်းဆီးမည့် သတင်းများကြောင့် မူဆယ်ကုန် စည်ဒိုင်တွင် ဆန်ဝယ်လိုအားနည်း နေပြီး ၂၀၁၆ ဇန်န၀ါရီလဆန်းမှ စတင်၍ ဆန်ဈေးနှုန်းများကျဆင်း လာကြောင်း သတင်းရရှိသည်။ မူဆယ်ကုန်စည်ဒိုင်တွင် တ ရုတ်ကုန်သည်များက ယခုရက် ပိုင်းတွင်တစ်ရက်လျှင် ဆန်အိတ် ရေငါးသောင်းခန့်ဝယ်ယူခဲ့သည်။ ဒီဇင်ဘာလကုန်ရက်များတွင် နေ့ စဉ်အိတ်ရေခုနစ်သောင်းခန့်ပုံမှန် ၀ယ်ယူခဲ့သောကြောင့် ဇန်န၀ါရီ် လဆန်းတွင် တစ်ရက်လျှင်အိတ် ရေနှစ်သောင်းခန့်အ၀ယ်နည်း သွားသည်။ မူဆယ်မြို့သို့ ယခုရက်ပိုင်း တွင် တစ်ရက်လျှင် ပျမ်းမျှဆန် အိတ်ရေရှစ်သောင်းခန့် ရန်ကုန်- မန္တလေးစသော မြို့ကြီးများမှ ပုံမှန်ဝင်ရောက်နေသည်။ အ၀ယ်လျော့နည်းလာခြင်းကြောင့် မူဆယ်မြို့တွင် တစ်ရက်လျှင် ဆန်နှင့်ဆန်ကွဲ အိတ်ရေသုံးသောင်းခန့်ပိုနေကြောင်း ဆန်ကုန်သည်ဦးမင်းသိန်းကပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

တရားမ၀င်ကုန်စည်များ ကို တရုတ်အစိုးရက ဖမ်းဆီးမည့် သတင်းများကြောင့် မူဆယ်ကုန် စည်ဒိုင်တွင် ဆန်ဝယ်လိုအားနည်း နေပြီး ၂၀၁၆ ဇန်န၀ါရီလဆန်းမှ စတင်၍ ဆန်ဈေးနှုန်းများကျဆင်း လာကြောင်း သတင်းရရှိသည်။

မူဆယ်ကုန်စည်ဒိုင်တွင် တ ရုတ်ကုန်သည်များက ယခုရက် ပိုင်းတွင်တစ်ရက်လျှင် ဆန်အိတ် ရေငါးသောင်းခန့်ဝယ်ယူခဲ့သည်။ ဒီဇင်ဘာလကုန်ရက်များတွင် နေ့ စဉ်အိတ်ရေခုနစ်သောင်းခန့်ပုံမှန် ၀ယ်ယူခဲ့သောကြောင့် ဇန်န၀ါရီ် လဆန်းတွင် တစ်ရက်လျှင်အိတ် ရေနှစ်သောင်းခန့်အ၀ယ်နည်း သွားသည်။

မူဆယ်မြို့သို့ ယခုရက်ပိုင်း တွင် တစ်ရက်လျှင် ပျမ်းမျှဆန် အိတ်ရေရှစ်သောင်းခန့် ရန်ကုန်- မန္တလေးစသော မြို့ကြီးများမှ ပုံမှန်ဝင်ရောက်နေသည်။

အ၀ယ်လျော့နည်းလာခြင်းကြောင့် မူဆယ်မြို့တွင်  တစ်ရက်လျှင် ဆန်နှင့်ဆန်ကွဲ အိတ်ရေသုံးသောင်းခန့်ပိုနေကြောင်း ဆန်ကုန်သည်ဦးမင်းသိန်းကပြောသည်။

‘‘ဆန်ကအ၀ယ်နည်းသွား တော့ ဈေးလည်းမရဘူး။ အခု ကောင်းနေတာက သကြားပဲ’’ဟု ဦးမင်းသိန်းကပြောသည်။

ယခုရက်ပိုင်း မူဆယ်ဆန်ဈေးကွက်တွင် တစ်အိတ်လျှင် ပျမ်းမျှ ၄ယွမ်မှ ၅ယွမ်ကြား ဈေး ကျလာသည်။ တစ်အိတ်လျှင်၁၃၉ ယွမ်ဈေးရှိသော ခရမ်းသုံးခွငစိန်ဆန်သည် ဇန်န၀ါရီလဆန်းတွင် ၁၃၅ ယွမ်သို့ ဈေးကျလာသည်။

လက်ရှိ၌ တရုတ်နိုင်ငံတွင် သ ကြားလိုအပ်ချက်များနေသည့်အတွက် တရုတ် ကုန်သည်များသည် ငွေကြိုပေးပြီး မြန်မာနိုင်ငံမှ သကြားများစွာကို ၀ယ်ယူနေသည်။ ပြည်တွင်းမှ မူဆယ်မြို့သို့သကြား တင်ပို့ရောင်းချမှုသည် ဒီဇင်ဘာလကုန်ပိုင်းမှ စတင်ပြီး အိတ်ရေငါးသောင်းခန့်လျော့နည်းသွားသည်။

ဒီဇင်ဘာ ၁၅ ရက်မတိုင်မီက မူဆယ်မြို့သို့ ပြည်တွင်းမှ သ ကြားတင်ပို့မှုသည် တစ်ရက်လျှင် အိတ်ရေတစ်သိန်းကျော်ရှိသည်။ ဒီဇင်ဘာလကုန်ပိုင်းတွင် မူဆယ် မြို့၌ သကြားဈေးတစ်အိတ်လျှင်  ၂၁၅ယွမ်ခန့်ပေါက်ဈေးရှိသည်။ ဒီဇင်ဘာ လကုန်ပိုင်းနှင့် ဇန်န၀ါရီ လဆန်းရက်များတွင် အစိုးရရုံးပိတ်ရက်များကြောင့် ပင်လယ်ရေကြောင်းမှ သကြားတင်သွင်းမှုလျော့နည်းခဲ့သည်။ ထို့ကြောင့် မူဆယ်နယ်စပ်သို့ သကြားတင်ပို့မှုသည် ဇန်န၀ါရီလဆန်းတွင် တစ်ရက်လျှင်အိတ်ရေ ခြောက်သောင်းခန့်သာရှိပြီး ဈေးနှုန်းမှာလည်း တစ်အိတ်လျှင် ၁၀ ယွမ်ခန့်ဈေးမြင့်တက်လာကြောင်း မူဆယ်မြို့မှ ကုန်သည်များထံမှ သတင်းရရှိသည်။

မြန်မာနိုင်ငံမှ အဓိကလယ် ယာထွက်ကုန် တစ်ခုဖြစ်သော ပြောင်းဖူးစေ့ ဈေးနှုန်းသည် အ ပြောင်းအလဲနည်းကြောင်း၊ ယခု ရက်ပိုင်းတွင် ရှမ်းပြည်မြောက် ပိုင်းမှ ပြောင်းဖူးစေ့များ မူဆယ် မြို့သို့ အဓိက ၀င်ရောက်နေပြီး  တရုတ် ကုန်သည်များက တစ် အိတ်လျှင် ၇၇ယွမ်မှ ၈၀ယွမ်ကြား ဈေးရှိကြောင်းမူဆယ်မြို့မှ ကုန် သည်များကပြောသည်။

မူဆယ်မြို့တွင် တရုတ်-မြန် မာငွေလဲနှုန်းမှာ ဇန်န၀ါရီ ၃ရက် တွင် တရုတ်ငွေ တစ်ယွမ်လျှင် ၁၉၉ ကျပ်ရှိကြောင်း သတင်းရရှိသည်။


==========================
251/End