၄ ဇန်နဝါရီ ၂၀၁၆ - ၁၈:၃၂
ဒီချုပ်နှင့် UNA ယနေ့တွေ့ဆုံဆွေးနွေးမည်  ညီညွတ်သောတိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့(UNA) အဖွဲ့ဝင်ပါတီများမှ ခေါင်းဆောင်အချို

ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) သည် ၎င်း၏ မဟာမိတ် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) ခေါင်းဆောင်ပိုင်းများနှင့် ပြည်တွင်းငြိမ်းချမ်းရေး ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်နိုင်ရန် ယနေ့(ဇန်န၀ါရီ ၄ ရက်)၌ တွေ့ဆုံမည်ဖြစ်ကြောင်း သတင်းရရှိသည်။ အဆိုပါတွေ့ဆုံမှုတွင် အ မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုအလုပ်အမှုဆောင်များဖြစ် ကြသော ဦးဉာဏ်ဝင်း၊ ဦးဝင်း ထိန်နှင့် ဗဟိုကော်မတီဝင် ဦးနိုင် ငံလင်းတို့ ပါဝင်မည်ဖြစ်ကာ UNA ခေါင်းဆောင်ပိုင်းများဖြစ် ကြသော ဦးခွန်ထွန်းဦး၊ ဦးအေး သာအောင်၊ ဦးပူးကျင်းရှင်းထန် တို့အား တက်ရောက်ရန် ဖိတ်ကြားထားသည်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

 ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) သည် ၎င်း၏ မဟာမိတ် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) ခေါင်းဆောင်ပိုင်းများနှင့် ပြည်တွင်းငြိမ်းချမ်းရေး ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်နိုင်ရန် ယနေ့(ဇန်န၀ါရီ ၄ ရက်)၌ တွေ့ဆုံမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 
 အဆိုပါတွေ့ဆုံမှုတွင် အ မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုအလုပ်အမှုဆောင်များဖြစ် ကြသော ဦးဉာဏ်ဝင်း၊ ဦးဝင်း ထိန်နှင့် ဗဟိုကော်မတီဝင် ဦးနိုင် ငံလင်းတို့ ပါဝင်မည်ဖြစ်ကာ UNA ခေါင်းဆောင်ပိုင်းများဖြစ် ကြသော ဦးခွန်ထွန်းဦး၊ ဦးအေး သာအောင်၊ ဦးပူးကျင်းရှင်းထန် တို့အား တက်ရောက်ရန် ဖိတ်ကြားထားသည်။

‘‘တွေ့မယ့်အထဲမှာတော့ ဒေါ်အောင်ဆန်းစုကြည်တော့ မ ပါသေးပါဘူး။ ကျွန်တော်တို့နဲ့ သူ တို့ (UNA) ခေါင်းဆောင်ပိုင်းတွေ တွေ့မယ်။ အဓိကကတော့ပြည် ထောင်စုညီလာခံအတွက် ညှိနှိုင်း ဆွေးနွေးကြမှာပါ။ ဘာလိုအပ် ချက်တွေရှိကြလဲဆိုတာ တစ်ဖက်နဲ့တစ်ဖက် သဘောထားချင်း ဖလှယ်ကြမှာပါ’’ဟု ဦးဝင်းထိန် ကဆိုသည်။

ဇန်န၀ါရီ ၄ ရက်တွင် ကျ ရောက်သည့် (၆၈) ကြိမ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကို ရန်ကုန်မြို့ရှိ အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်ရုံး၌ ကျင်းပမည်ဖြစ်ပြီး ယင်းအခမ်းအနားသို့ တက်ရောက်ရန် တိုင်းရင်းသား ခေါင်းဆောင်များအားဖိတ်ကြားထားကာ အခမ်းအနားအပြီးတွင် တိုင်းရင်းသားခေါင်းဆောင်များနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်အချို့ တွေ့ဆုံမှု ပြုလုပ်ရန်ရှိသည်။

NLD နှင့်တွေ့ဆုံမည့် UNA သည် ပြီးခဲ့သည့် ဒီဇင်ဘာ ၂၉ ရက်နှင့် ၃၀ ရက်များတွင် ရန်ကုန် မြို့၌ UNA ထိပ်သီးအစည်းအဝေး ကို ကျင်းပခဲ့ပြီး တိုင်းရင်းသား အ ရေး၊ ဒီမိုကရေစီအရေး၊ ပြည် တွင်းငြိမ်းချမ်းရေးနှင့် ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ကိစ္စများတွင် NLD နှင့်ပူးပေါင်း ဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ ကြသည်။

‘‘ကျွန်တော်တို့ UNA ကိုဖိတ် ထားတယ်လို့တော့ သတင်းတွေ ထဲက ကြားရပါတယ်။ တွေ့တာ ကတော့ အကောင်းဆုံးပဲပေါ့’’ဟု UNA ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးအေးသာအောင်ကပြောသည်။

 UNA သည် ၁၉၉၀ ရွေးကောက်ပွဲတွင် အ နိုင်ရထားသည့် တိုင်းရင်းသား ပါ တီ ၁၂ ပါတီဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိ အဖွဲ့ဝင်ရှစ်ပါတီရှိကာ ၂၀၁၅ အထွေထွေရွေး ကောက်ပွဲအနိုင်ရ NLD ပါတီ၏ မဟာမိတ်အဖွဲ့အစည်းဖြစ်သည်။

UNA တွင် ရှမ်းတိုင်းရင်းသား များ ဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်အ မျိုးသားပါတီ၊ ရခိုင်အမျိုးသား ပါတီ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်၊ ကရင်အမျိုးသားပါတီ၊ ကယန်း အမျိုးသားပါတီ၊ ရှမ်းပြည်ကိုးကန့်ဒီမိုကရက်ပါတီ၊ ကချင်အ မျိုးသားများ ဒီမိုကရေစီ ကွန်ဂ ရက်ပါတီတို့ ပါဝင်ကြသည်။

==========================
251/End