၄ ဇန်နဝါရီ ၂၀၁၆ - ၁၈:၅၈
သက္ကလမြို့တွင် မီးလောင်မှုကြောင့် နေအိမ်သုံးလုံးဆုံးရှုံး

ပဲခူးတိုင်းဒေသကြီး သက္ကလမြို့၊ ဈေးကြီးရပ်ကွက်ရှိ ကုန်စုံဆိုင်တစ်ဆိုင်တွင် မီးလောင် မှုဖြစ်ပွားခဲ့ခြင်းကြောင့် နေအိမ်သုံးလုံးဆုံးရှုံးခဲ့ကြောင်း အုန်းနှဲမြို့နယ်ရဲစခန်းမှ သတင်းရရှိသည်။ ဇန်န၀ါရီ ၃ ရက် ညနေ ၃ နာရီခွဲခန့်တွင် မီးစတင်လောင် ခဲ့ခြင်းဖြစ်ပြီး ယင်းအိမ်ဘေးရှိ အိမ်နှစ်အိမ်ကိုပါ မီးကူးစက် လောင်ကျွမ်းခဲ့ကြောင်း အုန်းနှဲမြို့ နယ်ရဲစခန်းမှ တာဝန်ရှိသူတစ်ဦး က ပြောသည်။ မီးလောင်မှုအကြောင်းရင်း ကို စုံစမ်းဆဲဖြစ်ပြီး ၂ နာရီခန့်ကြာမြင့်ခဲ့သည့် အဆိုပါမီးလောင်မှုကြောင့် တန်ဖိုးငွေကျပ် သိန်း ၅၀ ကျော်ဖိုး ဆုံးရှုံးခဲ့သည်ဟု ပဲခူး တိုင်းမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ဇန်န၀ါရီ ၃ ရက် ည တွင်ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

ပဲခူးတိုင်းဒေသကြီး သက္ကလမြို့၊ ဈေးကြီးရပ်ကွက်ရှိ ကုန်စုံဆိုင်တစ်ဆိုင်တွင် မီးလောင် မှုဖြစ်ပွားခဲ့ခြင်းကြောင့် နေအိမ်သုံးလုံးဆုံးရှုံးခဲ့ကြောင်း အုန်းနှဲမြို့နယ်ရဲစခန်းမှ သတင်းရရှိသည်။

 ဇန်န၀ါရီ ၃ ရက် ညနေ ၃ နာရီခွဲခန့်တွင် မီးစတင်လောင် ခဲ့ခြင်းဖြစ်ပြီး ယင်းအိမ်ဘေးရှိ အိမ်နှစ်အိမ်ကိုပါ မီးကူးစက် လောင်ကျွမ်းခဲ့ကြောင်း အုန်းနှဲမြို့ နယ်ရဲစခန်းမှ တာဝန်ရှိသူတစ်ဦး က ပြောသည်။

မီးလောင်မှုအကြောင်းရင်း ကို စုံစမ်းဆဲဖြစ်ပြီး ၂ နာရီခန့်ကြာမြင့်ခဲ့သည့် အဆိုပါမီးလောင်မှုကြောင့် တန်ဖိုးငွေကျပ် သိန်း ၅၀ ကျော်ဖိုး ဆုံးရှုံးခဲ့သည်ဟု ပဲခူး တိုင်းမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ဇန်န၀ါရီ ၃ ရက် ည တွင်ပြောသည်။

‘‘စလောင်တဲ့အိမ်နောက် ဖေးခန်းမှာ ၀ိုင်ယာရှော့ဖြစ်ပြီး လောင်တာလို့တော့ပြောတယ်။ ညနေ ၆ နာရီမထိုးခင်အထိတော့ မီးငြှိမ်းနေတုန်းပဲ’’ဟု ယင်းဒေသ မှ နေထိုင်သူတစ်ဦးက ပြော သည်။

မီးစတင်လောင်သည့်အိမ် သည် ကုန်စုံဆိုင်ဖွင့်လှစ်ထားပြီး အနီးရှိ ကော်ပစ္စည်းဆိုင်နှင့် ကုန်စုံဆိုင် တစ်ဆိုင်တို့ကို မီးကူးစက် လောင်ခဲ့သည်ဟု အထက်ပါဒေသခံက ပြောသည်။

မီးလောင်မှုနှင့်ပတ်သက်၍ မီးစတင်လောင်ခဲ့သည့်ဆိုင်ရှင် အိမ်ရှင်ဖြစ်သူကို ပုဒ်မ ၂၈၅ ဖြင့် အုန်းနှဲမြို့နယ်ရဲစခန်းတွင် အမှု ဖွင့်အရေးယူထားကြောင်း သ တင်းရရှိသည်။

==========================
251/End