၉ ဇန်နဝါရီ ၂၀၁၆ - ၁၈:၅၇
မင်္ဂလာဈေးမီး ကြုံခဲ့သမျှတွင် အဆိုးဆုံးထဲပါဝင်ဟု မီးသတ်ဌာနပြော

မင်္ဂလာဈေးမီးလောင်မှုဟာ ကြုံခဲ့သမျှမှာ အဆိုးဆုံးထဲက တခုဖြစ်တယ်လို့ ရန်ကုန် မီးသတ်ဌာနက ဆိုပါတယ်။




အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

မင်္ဂလာဈေးမီးလောင်မှုဟာ ကြုံခဲ့သမျှမှာ အဆိုးဆုံးထဲက တခုဖြစ်တယ်လို့ ရန်ကုန် မီးသတ်ဌာနက ဆိုပါတယ်။

မီးလောင်နေချိန်မှာ ကားတွေ ပိတ်နေပြီး မီးသတ်ကားတွေ ၀င်ဖို့ အခက်အခဲတွေဖြစ်ခဲ့တာကြောင့် လမ်းလယ်က ဘလောက်တုံးတွေကို ပြည်သူတွေက ဖယ်ရှားခဲ့ရပါတယ်။

ဈေးအနားမှာ ရှိတဲ့ မီးသတ်ငုတ်တွေကလည်း အသုံးပြုမရခဲ့လို့ ကန်တော်ကြီးကနေ သယ်ယူခဲ့ရတယ်လို့  ဒီဗွီဘီသတင်းထောက် ယမင်းဦးက ပြောပါတယ်။

မနက် ၁ နာရီလောက်မှာ စတင် လောင်ကျွမ်းတဲ့ မီးကို မနက် ၆ နာရီလောက်မှာ ငြိမ်းသတ်နိုင်ခဲ့ပါတယ်။

မင်္ဂလာဈေးမှာ ၂၀၁၀ တုန်းကလည်း မီးလောင်ခဲ့ပြီး ဆိုင်ခန်း ရာချီ မီးလောင်ပြီး ကျပ် သန်းထောင်ပေါင်းများစွာ ဆုံးရှုံးခဲ့သွားခဲ့ပါတယ်။

မီးလောင်ရတဲ့ အကြောင်းနဲ့ အပျက်အစီး ပမာဏနဲ့ ထိခိုက်ဒဏ်ရာရတဲ့ အခြေအနေတွေကို မသိရသေးကြောင်း ရန်ကုန်တိုင်း မီးသတ်တပ်ဖွဲ့က ဒီဗွီဘီကို ပြောပါတယ်။



=================================================

251 /End