၉ ဇန်နဝါရီ ၂၀၁၆ - ၁၉:၄၃
ရဲဟ်ဗရ်ရေ အင်အေလာဗ်  ကွမ်းမြို့သူ ၊မြို့သားများ နှင့်တွေ့ဆုံ

ရဲဟ်ဗရ်ရေ အင်အေလာဗ် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယသ်အလီ ခါမေနာအီ မှ ကွမ်းမြို့သူ ၊မြို့သားများ နှင့်တွေ့ဆုံ စဉ် ရန်သူ၏ အဓိက ရည်ရွယ် ချက်မှာ အစ္စလာမ်မီ တော်လှန်ရေးကို ဖျက်စီး နိုင်ရန် ဖြစ် ကြောင်း မိန့် ကြားခဲ့ ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
ယနေ့ စနေနေ့ တွင် ရဲဟ်ဗရ်ရေ အင်အေလာဗ်  ဟဇရသ် အာယာသွလ္လာဟ် အလ် အွဇ် မာ ဆယသ်အလီ ခါမေနာအီ မှ ကွမ်းမြို့သူ ၊မြို့သားများ နှင့်တွေ့ဆုံ စဉ်  ၁၉၇၈ ခုနှစ် က ကွမ်းမြို့သူ ၊မြို့သားများ ၏ တော်လှန်ရေး ကို ကျေးဇူးတင်ဂုဏ်ပြု စကားမိန့်ကြားပြီး အစ္စလာမ်မစ်တော်လှန်ရေး ၏ တည်မြဲမှု ၏ အကြောင်း တရား များ ဘက်သို့ မီးမောင်းထိုး  တိုက်တွန်းမိန့်ကြားခဲ့ပါတယ်။
အီရန်နီလူမျုးများ၏ လက်ရှိ အသိနှင့် သတိရှိမှုကြောင့် အစ္စလာမ်မစ်တော်လှန်ရေး ခိုင်ခံ့ တည်မြဲ နေရကြောင်း ၊ အီရန်နီလူမျိုးများ အနေဖြင့် အေးချမ်း၊ငြိမ်းချမ်းစွာဖြင့် ရန်သူ များ ၏ ပူးပေါင်း ကြံစည်မှု များကို အောင်မြင်ခဲ့ကြောင်း ကို လည်းမိန့် ကြားခဲ့ပါတယ်။
အစ္စလာမ်မစ်တော်လှန်ရေးဟာ ၁၉၇၈ ခုနှစ် တွင် ကိုလိုနီ အာဏာရှင်စနစ် အပေါ် အောင် နိုင်ခဲ့ပါ တယ်။ အစ္စလာမ်မစ်တော်လှန်ရေး တည်မြဲ စေသည့် လျှို့  ဝှက်ချက် မှာ အရာအားလုံး အပေါ် ကိုယ့်အား ကို ကိုး နိုင်မှု ကြောင့် ဖြစ်ပါတယ်။ ထိုပြင်  အထိအခိုက်မခံ သမိုင်းဖြစ်ရပ်များ၊ အစ္စလာမ်မစ် တော်လှန် ရေး ၏ အခြေခံ အုတ်မြစ်များ ၊ ရည်ရွယ်ချက်များ အပေါ် ပြည်သူလူထု အနေဖြင့် မားမားမတ်မတ် ရပ်တည် နေရန် ၊၎င်းအရာများကို ရှင်သန်အောင် ပြုခြင်း သည်လည်း အစ္စလာမ်မီ တော်လှန်ရေး ၏ ခိုင်ခံတည်မြဲ မှု အတွက် ဖြစ်ကြောင်း ၊ ဤ အစ္စလာမ်မီ တော်လှန်ရေး ၏ ခိုင်ခံ့တည်မြဲ မှု သည် လောက ရှိ အခြား တော်လှန်ရေးထက် အစ္စလာမ်မီ တော်လှန်ရေး ကို ပိုမို သာလွန် ကောင်းမွန် မှု ဖြစ်စေကြောင်း မိန့်ကြားခဲ့ပါတယ်။
ဆက်လက်ပြီး ရဲဟ်ဗရ် အနေဖြင့်  အစ္စလာမ်မီ တော်လှန် ရေး ၏ ရည်ရွယ်ချက်များမှာ ပြီးပြည့်စုံ နေ သဖြင့် အစ္စလာမ်မီ တော်လှန် ရေး ၏ ရန်သူများ အနေဖြင့်  အစ္စလာမ်မီ တော်လှန် ရေး ကို ခိုင်ခံ့ တည်မြဲ စေသည့် အကြောင်းအရာများ ကို လိုက်၍ ဖျက်စီးနေကြောင်း ၊ အစ္စလာမ်မီ တော်လှန် ရေး မအောင်မြင်ခင်နှင့် အောင်မြင်ပြီးနောက် ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်မှန်များသည် အစ္စလာမ်မီ တော်လှန် ရေး ကိုခိုင်ခံ့စေသည့် အကြောင်းခံများ ဖြစ်ကြောင်း ၊ ၁၉၇၈ ခုနှစ် က ကွမ်းမြို့သူ ၊မြို့သားများ အနေဖြင့်  သွေးပေးပြီး တော်လှန်ရေး ပြုလုပ်ခဲ့မှုဟာ ကွမ်းမြို့သူ ၊မြို့ သားများ ၏ အမြော်အမြင် ကြီးမှု  နှင့် ရဲ စွမ်း သတ္တိ ရှိမှု သည် သံပမာ မာကြောကြောင်းပြသ သကဲ့သို့ ဖြစ်ကြောင်း၊ ဤတော်လှန် ရေးကြောင့် ရလာဒ် အဖြစ် အစ္စလာမ်မစ် တော်လှန်ရေး အောင်မြင်ခဲ့ ကြောင်း မိန့်ကြားခဲ့ပါတယ်။
ထို့နောက်  အာယာသွလ္လာဟ် မှ အစ္စလာမ်မစ် တော်လှန်ရေးအောင်မြင်ပြီးနောက် ပိုင်း တွင်လည်း အီရန် ပြည်သူလူထု အနေဖြင့် ကမ္ဘာကို အာဏာပေးချုပ်ကိုင်လိုသည့် အာဏာရှင်များ ၏ စနစ် များ ကို မားမားရပ်ဆိုင်ခဲ့ ခြင်းသည်လည်း အစ္စလာမ်မစ်တော်လှန်ရေး ခိုင်ခံ့တည်မြဲ မှု ၏ အကြောင်းခံ တစ်ရပ် ဖြစ်ကြောင်း  ၊ဤရပ်ဆိုင်မှု ကြောင့် အစ္စလာမ်မစ်တော်လှန်ရေး ကို အားပြည့်စေခဲ့ကြောင်း စသည်ဖြင့် အရေး ကြီး အဖိုးတန် မိန့်ခွန်းကို မိန့်ကြားခဲ့ပါတယ်။
ရဲဟ်ဗရ်ရေ အင်အေလာဗ်  ဟဇရသ် အာယာသွလ္လာဟ် အလ် အွဇ် မာ ဆယသ်အလီ ခါမေနာအီ မှ မကြာမီ ကျင်းပတော့မည့်  အီရန် လွတ်တော် ရွေးကောက်ပွဲတွင်လည်း အစ္စလာမ်မီ ဥပဒေများကို  လက်ခံသူ ဖြစ်စေ ၊လက်မခံသူဖြစ်စေ ( ဘာသာခြားများ ) ဝင်ရောက်နေရာယူ မဲပေးဖို့ ၊အကြောင်း မှာ အီရန် နိုင်ငံ ၏ လူမျိုးရေး နှင့် နိုင်ငံရေး ကိစ္စ ဖြစ်သည့် အတွက်ကြောင့် ဖြစ်ကြောင်း မေတ္တာ ရပ်ခံ မိန့်ဆို ခဲ့ပါတယ်။
=====================================
251/End