အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
အာရပ်စော်ဘွားများ ပြည်ထောင်စု အနေဖြင့် အာရပ် နိုင်ငံများ၏ ပြည်တွင်းရေးကိစ္စ ကို အီရန် နိုင်ငံ မှ ဝင်ရောက် စွက်ဖက် နေသည်ဟုပြောဆိုပြီး ပြစ်တင် ရှုတ်ချခဲ့ပါတယ်။ ပြီးနောက် အာရပ် နိုင်ငံများ ကို အီရန် နိုင်ငံ ကိစ္စ နှင့်ပတ် သက်ပြီး တသမတ်တည်း ရပ်တည် မှု ကို လက်ကိုင် ထားကြဖို့ အတူ ရှိကြဖို့ အာရပ်စော်ဘွားများ ပြည်ထောင်စု နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီးမှ မေတ္တာ ရပ်ခံခဲ့ပါတယ်။ ဤ မေတ္တာရပ်ခံ ချက်ကို အာရပ်နိုင်ငံများ ဆိုင်ရာ နိုင်ငံခြားရေး ဝန်ကြီးများ စုပေါင်း အစည်း အဝေးပြုချိန် တွင် အာရပ်စော်ဘွားများ ပြည်ထောင်စု နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး အဗ်ဒွလ္လာဟ်ဗင် ဇာယေဒ် အာလေ့နဲဟ်ရန်းန် မှ ပြုခဲ့ခြင်း ဖြစ်ပါတယ်။
အာရပ်စော်ဘွားများ ပြည်ထောင်စု နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး အနေဖြင့် အီရန် နိုင်ငံ ရှိ ဆော်ဒီ သံရုံး နှင့်ကောင်စစ်ဝန် ရုံး အပေါ် ဒေါသ ထွက်နေသည့် အီရန် လူထု ၏ တိုက်ခိုက်မှု ကို ပြစ်တင် ရှုတ်ချ ဝေဖန်ခဲ့ပြီး ယီမင် ရှိ အီရန် သံရုံး ကို ဆော်ဒီ လေတပ်မှ တိုက်ခိုက်မှုကို မသိ မျက်မြင် ပြုခဲ့ပါတယ်။
ပြီးနောက် ၎င်း မှ ဆက်လက်ပြီး အာရပ် နိုင်ငံများ၏ ပြည်တွင်းရေးကိစ္စ ကို အီရန် နိုင်ငံ မှ ဝင်ရောက် စွက်ဖက်ခြင်းမပြုဖို့ ၊အာရပ်နိုင်ငံများ ၏ တရားရုံးများမှ ဆုံးဖြတ်မှုကိစ္စတွင် အီရန် အနေဖြင့် မိမိ ထင်မြင်ချက်ကို တင်ပြခွင့် မရှိ ကြောင်း တဖက်သတ် ပြောကြားခဲ့ပါတယ်။
ထို့နောက် ၎င်းမှ အာရပ် နိုင်ငံများ ကို အီရန် နိုင်ငံ ကိစ္စ နှင့်ပတ် သက်ပြီး တသမတ်တည်း ရပ်တည် မှု ကို လက်ကိုင် ထားကြဖို့ အတူ ရှိကြဖို့ မေတ္တာ ရပ်ခံခဲ့ပါတယ်။
=======================================
251 / End