၁၄ ဇန်နဝါရီ ၂၀၁၆ - ၁၉:၁၃
အကြမ်းဖက် သေနတ်သမား ၄ ဦးကို အင်ဒိုလက်ဖြောင့်တပ်ဖွဲ့ ပစ်သတ်၊ လူ ၇ ဦးသေဆုံး

အင်ဒိုနီးရှားနိုင်ငံမြို့တော် ဂျာကာတာမြို့လယ်မှာ ဒီနေ့ မနက်ပိုင်းက အကြမ်းဖက်ဗုံးခွဲ တိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး လက်ရှိလည်း သေနတ်ပစ်ခတ်မှုတွေ ဆက်ဖြစ်နေပါ တယ်။ လက်ရှိအချိန်အထိ အနည်းဆုံး လူ ၇ ဦးသေဆုံးသွားတယ်လို့ အင်ဒိုနီးရှားသတင်းတွေက ဆိုပါတယ်။



အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

အင်ဒိုနီးရှားနိုင်ငံမြို့တော် ဂျာကာတာမြို့လယ်မှာ ဒီနေ့ မနက်ပိုင်းက အကြမ်းဖက်ဗုံးခွဲ တိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး လက်ရှိလည်း သေနတ်ပစ်ခတ်မှုတွေ ဆက်ဖြစ်နေပါ တယ်။ လက်ရှိအချိန်အထိ အနည်းဆုံး လူ ၇ ဦးသေဆုံးသွားတယ်လို့ အင်ဒိုနီးရှားသတင်းတွေက ဆိုပါတယ်။

အင်ဒိုနီးရှားလုံခြုံရေးဝန်ကြီး လူဟတ်ပန်ဂျတန်က တော့ တိုက်ခိုက်တဲ့ သေနတ်သမား ၅ ဦးနဲ့ အရပ်သား ၂ ဦးအပါအ၀င် ၇ ဦးသေဆုံးပြီး အရပ်သားတွေကတော့ အင်ဒိုနီးရှားတဦးနဲ့  နယ်သာလန်နိုင်ငံသားတဦးတို့ ဖြစ်တယ်လို့ပြောပါတယ်။

ဂျကာတာမြို့တော် နေရာအတော်များများမှာ ဒီနေ့မနက်က ပေါက်ကွဲမှုတွေဖြစ်ခဲ့ပြီး သမ္မတအိမ်တော်နဲ့ ကုလသမဂ္ဂရုံးတွေအနားက စတားဘတ်ဂ်ကော်ဖီဆိုင်တဆိုင်လည်း ပါဝင်ပါတယ်။  ကုန်တိုက်တခုထဲမှာ သေနတ်သမား တယောက် ဒါမှမဟုတ် တယောက်ထက် ပိုပြီးရှိနိုင်ပြီး ပတ်ဝန်းကျင်ကို လုံခြုံရေးအရံအတားတွေ ချထားလိုက်ပါတယ်။

အင်ဒိုလက်ဖြောင့်တပ်ဖွဲ့ဝင်တွေ လမ်းမမှာလည်း နေရာယူထားကြပါတယ်။ ဒီတိုက်ခိုက်မှုတွေ မဖြစ်ခင် အိုင်အက်စ်အကြမ်းဖက်အဖွဲ့က တိုက်ခိုက်မယ့်အကြောင်း ခြိမ်းခြောက်ပြောဆို ခဲ့တယ်လို့လည်း အင်ဒိုအာဏာပိုင်တွေကပြောဆိုပါတယ်။

ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ တာဖြစ်ပြီး တိုက်ခိုက်မှုရဲ့နောက်ကွယ်မှာ ဘယ်အဖွဲ့က ကြိုးကိုင်တယ်ဆို တာမသိရသေးပေမယ့် သမ္မတ ဂျိုကိုဝီဒိုဒိုကတော့ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်တယ်လို့ ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာ မွတ်စလင်နိုင်ငံတွေထဲမှာ လူဦးရေအများဆုံး နိုင်ငံဖြစ်ပြီး အရင်ကလည်း အစ္စလာမ်အစွန်းရောက်တွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ဖူးပါတယ်။

======================================
251 / End