အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
ဆီးရီးယား တပ်မတော်မှ ရူရှား လေတပ်၏ တိုက်ခိုက်ပေးမှု အကူအညီ ဖြင့်မိမိ နိုင်ငံတော် ၏ မြောက်ပိုင်း ဟမာဟ်ပြည်နယ် တွင် ဂျိတ်ရှ်ရှိုဖသ်ဟ် အကြမ်း ဖက်အဖွဲ့ ဝင် အနည်းဆုံး အယောက် ၄၀ကို သုတ်သင် နိုင်ခဲ့ပါတယ်။ အခြား တဖက် တွင်လည်း ဟလဗ်ပ်မြို့ ၏ အရှေ့ ဘက် ရှိ အလ်စီးန် နှင့် အလ်အောင်ဒ်ယဒီယေ ရွာ နှစ်ရွာ ကို အကြမ်းဖက် သောင်းကြမ်းသူများ လက်မှ လွတ် မြောက်အောင် ဆီးရီးယား တပ်မတော်မှ ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ဤအောင်မြင်မှု ကိုလည်း မကြာ သေးမီ က မှ ဆွတ်ခူးခဲ့တာ ဖြစ်ပါတယ်။
ဆီးရီးယား တပ်မတော်မှ ဟလဗ်ပ်မြို့ ၏ အရှေ့ ဘက် ရှိ လျှပ်စစ် ဓာတ်အား စက်ရုံ ကို အကြမ်းဖက် သမားများ အဖွဲ့မှ လွတ်မြောက်အောင် ပြီးခဲ့သည့် ရက်များ ကတည်းက ကြိုးစားနေပါတယ်။ ဤလျှပ်စစ် ဓာတ်အား စက်ရုံ ကို အကြမ်းဖက် သမားများ အဖွဲ့မှ ဝန်းထားတာ ဖြစ်ပါတယ်။ အလ်အာလန်မ် သတင်းဌာန ၏ သတင်း အထောက်အထား အရ ဟလဗ်ပ်မြို့ ရှိ အကြမ်းဖက် အဖွဲ့ဝင်များ ၏ ရှုံးနိမ့် မှုကြောင့် တူရကီ နှင့်ဆီးရီးယား နိုင်ငံ နယ်စပ်ကို သွား သည့် လမ်းမှန် သမျှကိုလည်း ပိတ်ပင်ထားပြီး ဖြစ်ကြောင်း ဖြစ်ပါတယ်။
သတင်း အထောက်အထား များအရ ဟလဗ်ပ်မြို့ မှ အများအားဖြင့် အကြမ်းဖက်သမားများ ထွက်ပြေး ကြပြီး နောက် ပိုင်း ရှေ့တန်းတွင် တိုက်ခိုက် အကြမ်းဖက်နေကြသည့် အကြမ်းဖက်သမား များသည်လည်း စိတ်ဓာတ်ကျလာ ကြပြီး ဖြစ်ကြောင်း သိရှိ ရပါတယ်။
=================================
251/End