၁၇ ဖေဖော်ဝါရီ ၂၀၁၆ - ၁၉:၅၆
ပုသိမ်ကြိုးတံတားကို ဖေဖော်ဝါရီ၁၇ရက်တွင် ကားများ ပုံမှန်ဖြတ်သန်းခွင့်ပြုမည်

ပုသိမ်-ငွေဆောင်လမ်း ပေါ်ရှိ နိမ့်ကျသွားသည့်ပုသိမ်ကြိုး တံတားကို ဖေဖော်ဝါရီ ၁၇ ရက် တွင် ပုံမှန်အတိုင်း မော်တော်ယာဉ်များ ဖြတ်သန်းမောင်းနှင်ခွင့်ပြု သွားမည်ဖြစ်ကြောင်း ဆောက် လုပ်ရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်သည်။ ဖေဖော်ဝါရီ ၇ ရက်က အဆိုပါတံတား၏ ချောင်းသာဘက် ကမ်း တာဝါတိုင်နေရာရှိ ကြမ်း ခင်းအဆက် သံပြားနိမ့်ကျခဲ့ရာ ပြန်လည်ပြင်ဆင်ပြီး ၁၀ ရက်အကြာတွင် အသုံးပြုနိုင်ပြီ ဖြစ် ကြောင်း သတင်းထုတ်ပြန်သည်။ လက်ရှိတွင် အဆိုပါတံတား ကို ပြန်လည်စစ်ဆေးပြင်ဆင်နေ ချိန်တွင် ယာဉ်ငယ်များနှင့် ခရီးသည်တင်ယာဉ်ကြီးများကို လူ ဆင်းလမ်းလျှောက်ဖြတ်သန်းစေ ခဲ့ရာမှ ၁၇ ရက်တွင် ပုံမှန်အတိုင်း ပြန်လည်အသုံးပြုနိုင်မည်ဖြစ် သည်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

ပုသိမ်-ငွေဆောင်လမ်း ပေါ်ရှိ နိမ့်ကျသွားသည့်ပုသိမ်ကြိုး တံတားကို ဖေဖော်ဝါရီ ၁၇ ရက် တွင် ပုံမှန်အတိုင်း မော်တော်ယာဉ်များ  ဖြတ်သန်းမောင်းနှင်ခွင့်ပြု သွားမည်ဖြစ်ကြောင်း  ဆောက် လုပ်ရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၇ ရက်က အဆိုပါတံတား၏ ချောင်းသာဘက် ကမ်း တာဝါတိုင်နေရာရှိ ကြမ်း ခင်းအဆက် သံပြားနိမ့်ကျခဲ့ရာ ပြန်လည်ပြင်ဆင်ပြီး ၁၀ ရက်အကြာတွင် အသုံးပြုနိုင်ပြီ ဖြစ် ကြောင်း သတင်းထုတ်ပြန်သည်။

လက်ရှိတွင် အဆိုပါတံတား ကို ပြန်လည်စစ်ဆေးပြင်ဆင်နေ ချိန်တွင် ယာဉ်ငယ်များနှင့် ခရီးသည်တင်ယာဉ်ကြီးများကို လူ ဆင်းလမ်းလျှောက်ဖြတ်သန်းစေ ခဲ့ရာမှ ၁၇ ရက်တွင် ပုံမှန်အတိုင်း ပြန်လည်အသုံးပြုနိုင်မည်ဖြစ် သည်။

တံတားသည် ဆိုင်းကြိုးများ လျော့ကျသွားခြင်းကြောင့် နိမ့်ကျ ခြင်းမဟုတ်ဘဲ သံပေါင်အထိုင် Bearing တွင် တပ်ဆင်ထားသည့်ဘိုးနတ်ရှစ်လုံးပြတ်ထွက်သဖြင့် သံပေါင်မှာ အောက်သို့ နိမ့်ဆင်း သွားပြီး ကြမ်းခင်းအဆက် သံပြား နိမ့်ကျွံခဲ့ခြင်းဖြစ်သည်ဟု ဆောက် လုပ်ရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်သည်။

နိမ့်ကျွံမှု ဖြစ်ပွားခဲ့သည့် နေ ရာအား သံပေါင်မြှောက်တင်ခြင်းနှင့် အထိုင် သံပြားတွင် ဘိုးနတ်ရှစ် လုံး တပ်ဆင်ခြင်းများ ပြုလုပ်နေ သောကြောင့် လုပ်ငန်းများပြီးစီး ပါက ဖေဖော်ဝါရီ ၁၇ ရက်၌ ပုံမှန်အတိုင်း ပြန်လည်အသုံးပြုခွင့် ပေးမည်ဟု ဆိုသည်။

အဆိုပါတံတားကို ၂၀၀၃ တွင် အင်ဂျင်နီယာမှူးကြီး ဦးခင် မောင်ဝင်းက တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး ၂၀၀၄ ၌ ဖွင့်လှစ်ကာအသုံးပြုခဲ့သည်။ လက်ရှိတွင် တံ တားကို ဆောက်လုပ်ရေးဝန်ကြီး ဌာန တံတားဦးစီးဌာန အထူးအ ဖွဲ့(၁၀) က ပြုပြင်နေခြင်း ဖြစ် သည်။

‘‘တံတားပေါ်မှာ ဘီယာ သောက်ကြတယ်။ တိုင်အရင်းမှာ အပေါ့သွားကြတယ်။ ဆီးမှာပါတဲ့ အက်စစ်ဓာတ်က သံကိုစားစေ တယ်။ နှစ်တွေကြာလာတော့ သံ ချေးကိုက်ပြီး နတ်တွေ ပြတ်ထွက် ကုန်တယ်။ ဒါကြောင့် တံတားနိမ့် သွားတာ’’ဟု ဆောက်လုပ်ရေးဝန် ကြီး တံတားဦးစီးဌာန လက် ထောက်ညွှန်ကြားရေးမှူး ဦးမျိုး ဝင်းက ဖေဖော်ဝါရီ ၁၃ ရက်က 7Day Daily အား ပြောကြား သည်။ ယင်းတံတား အဓိကနိမ့်ကျ သွားခဲ့ရသည့်အကြောင်းရင်းမှာ ပုသိမ်မြစ်ကူးတံတားပေါ်တွင် လာရောက်အပန်းဖြေသူအချို့ မဆင်မခြင်အညစ်အကြေးစွန့်မှု ကြောင့် ဘယ်ရင်မူလီများ သံချေး တက်ကာ ပြတ်ထွက်သဖြင့် တံ တားနိမ့်ကျရခြင်းဖြစ်ကြောင်း တံတားအင်ဂျင်နီယာများက ပြော ကြားသည်။


======================
251 / End