အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
မနက်ဖန် သောကြာနေ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့သည် ပြည်ထောင်စု အစ္စလာမ်မစ် အီရန် နိုင်ငံ ၏ (၁၀) ကြိမ်မြောက် ပါလီမန် အမတ် နှင့် (၅) ကြိမ်မြောက် မဂ်ျလစ်စေခိုဗ်ရဂန် အဖွဲ့ ဝင် ဆိုင်ရာ ရွေးကောက်ပွဲ ဖြစ်ပါတယ်။ ဤအချိန်အခါ နှင့်ပတ် သက်ပြီး ပြည်ထောင်စု အစ္စလာမ်မစ် အီရန် နိုင်ငံ ရှိ မရ်ဂျာယေ သက္က်လီးဒ် တော်များ အားလုံး တစ်နည်း အားဖြင့် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ နူးရီ ဟမ်ဒါနီ ၊ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ မကာရေမ်မိုရှီးရာဇီး ၊ ဟဇရသ် အာယာ သွလ္လာဟ် အလ်အွဇ်မာ ဂျအ်ဖရ် စိုဗ်ဟာနီ ၊ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ အလဝီဂိုရ်ဂါနီ၊ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဂျဝါဒ် အာမိုလီ တို့မှ ကိုယ်တိုင် သီးခြားသီးခြား မိန့်ခွန်းများ မိန့်ကြား၍ အီရန်ပြည်သူ လူထုအား ရွေး ကောက် ပွဲ တွင် တတ်စွမ်း သမျှ အင်တိုက်အားတိုက် ပါဝင် ကြရန် မိန့်ကြားခဲ့ပါတယ်။
မရ်ဂျာယေ သက္က်လီးဒ် တော်များ အားလုံးမှ ရွေးကောက်ပွဲ တွင် အီရန်ပြည်သူ လူထု အနေဖြင့် ပါဝင် နေရာယူမှု ကို အစ္စလာမ်မီ တာဝန် ၊သာသနာ့တာဝန် တစ်ခု ဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။
နမာဇ် နှင့်ရိုဇာ ဝါဂျစ်ဗ် (မပြုမနေရ ) တာဝန် ဖြစ်သကဲ့သို့ ည် ပြည်ထောင်စု အစ္စလာမ်မစ် အီရန် နိုင်ငံ တော် အတွင်း ပြုလုပ်သမျှ ရွေးကောက်ပွဲများ ပါဝင်နေရာယူရန် ဝါဂျစ်ဗ် (မပြုမနေရ ) တာဝန် ဖြစ်ကြောင်း မိန့်ဆိုခဲ့ပါ တယ်။ အကြောင်းမှာ အစ္စလာမ်မီ စည်းစနစ် ဂုဏ်မင်္ဂလာ နှင့် အောင်မြင်တိုးတက် မြင့်မား မှု ဟာ ရွေးကောက် ပွဲများ နှင့် ဆက်နွယ် နေသည့် အတွက်ကြောင့် ဖြစ်ပါတယ်။
မရ်ဂျာယေ သက္က်လီးဒ် တော်များမှ ဆက်လက်ပြီး အီရန်ပြည်သူ လူထုအား ရွေး ကောက် ပွဲ တွင် တတ်စွမ်း သမျှ အင်တိုက်အားတိုက် ပါဝင် ကြရန် ဤကဲ့သို့ တတ်စွမ်း သမျှ အင်တိုက်အားတိုက် ပါဝင် မှုနှင်အညီအစ္စလာမ်မီ တော်လှန်ရေး ၏ အင်အား နှင့် အချုပ်အခြာအာဏာ လည်း တိုးတက် ကြီးထွားလာမည် ဖြစ်ကြောင်း နှင့် ရန်သူ ၏ မျက်နှာကို အားအပြည့် နှင့် ရိုက်ခြင်းလည်းမည်ကြောင်း တိုက်တွန်း မိန့် ကြားခဲ့ ပါတယ်။
---------------------
251/End