၂၆ ဖေဖော်ဝါရီ ၂၀၁၆ - ၁၇:၂၀
ရဲဟ်ဗရ် ရေ အင်ကေလာဗ် အစ္စလာမ်မီ မှ ပထမဆုံး မဲ စတင်ပေး

ရဲဟ်ဗရ် ရေ အင်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါအေနာ အီ အနေဖြင့် ပြည်ထောင်စု အစ္စလာမ်မစ် အီရန် နိုင်ငံ တွင် ယနေ့ ကျင်းပသည့် (၁၀) ကြိမ်မြောက် ပါလီမန် အမတ် နှင့် (၅) ကြိမ်မြောက် မဂ်ျလစ်စေခိုဗ်ရဂန် အဖွဲ့ ဝင် ဆိုင်ရာ ရွေးကောက်ပွဲ တွင် ပထမဆုံး မဲ စတင်ပေး ခဲ့ပါတယ်။ပြီးနောက် ကောင်းမြတ်သည့် အလုပ်တိုင်းကို အမြန် ဆောက်ရွက်ဖို့ လည်း တိုက်တွန်း ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

ရဲဟ်ဗရ် ရေ အင်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆ ယက်ဒ် အလီ ခါအေနာ အီမှ ယနေ့ နံနက် ပိုင်းတွင် အေမာမ် ခိုမေနီ အေမာမ်ဘာရာ တွင် မိမိ ပေးရမည့် မဲ ကို စတင်ပေးပြီးနောက် အီရန် လူမျိုး တိုင်းရွေးကောက်ပွဲ တွင် ပါဝင် ခွင့် ရှိပြီး ပါဝင်ရန် တာဝန် ရှိ ကြောင်း မိန့်ကြားခဲ့ပါတယ်။ ပြီးနောက် ရွေးကောက်ပွဲကို အီရန် ရန်သူများ မျှော်လင့်ချက် ကင်း သွား ရအောင် အီရန်နှင့် ပတ်သတ်ပြီး မနာလိုမှု မျက်လုံးများကို ဝေး သွားအောင် ကျင်းပရမည် ဖြစ် ကြောင်း မိန့်ကြားခဲ့ပါတယ်။

ရဲဟ်ဗရ် ရေ အင်ကေလာဗ်မှ ရွေးကောက် ပွဲ ဟာ အလွန် တရာ အရေးကြီး ကြောင်း တိုက်တွန်း မိန့်ကြားပြီး မည်သူ မဆို အီရန် ၊ အစ္စလာမ် သာသနာတော်၏ သိက္ခာ ၊ နှင့် အီရန် လူမျိုး ၏ ဂုဏ် သိက္ခာ ကို နှစ် သက် မြတ် နိုးသူ တိုင်း ဤကဲ့သို့သော် ရွေး ကောက် ပွဲ များတွင် ပါဝင် နေရာ ယူ သင့်ကြောင်း မိန့်ကြားခဲ့ပါတယ်။

ဆက်လက်ပြီး အစ္စလာမ် သာသနာတော်ဆိုင် ရာ သွန်သင်ဆုံးမ မှုများ နှင့် စည်းမျည်း စည်းကမ်းများတွင် ကောင်းမြတ်သည့် အလုပ်များ ကို အလျင်အမြန် ပြု လုပ် ဖို့တိုက် တွန်း ထားကြောင်း ဤအတွက်ကြောင့် ပြည်သူ လူထု အနေဖြင့် မဲရုံ သို့ အလျင်အမြန် လာ သင့်ကြောင့် ဤကဲ့သို့လာရောက်ရာတွင် အစဥ့်ကလျား ပုံစံ မဖြစ် ဖို့ လို ကြောင်း လည်း မိန့် ကြားခဲ့ပါတယ်။

ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆ ယက်ဒ် အလီ ခါအေနာ အီ အနေဖြင့် အီရန် ပြည်သူလူထု အနေဖြင့် ပြီးခဲ့ သည့် ရွေးကောက်ပွဲများ အတိုင်း ယခု ရွေးကောက် ပွဲကို လည်း အင်တိုက်အားတိုက် ပါဝင်ကြမည် ဟု မျှော်လင့်ကြောင်း မိန့်ကြားခဲ့ပါတယ်။

==================

251/End