အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
အိန္ဒိယ နိုင်ငံ၏ အကျော်အမော် တရားဟောဆရာ ခသီးဗ်ဗေ အဲက္က်ဗရ် မောင်လာနာ မေရ်စာ မိုဟမ္မဒ် အသွဟဲရ် သည် ရက်ရှည်ကာလ မကျန်း၊မမာ ဖြစ် ပြီး ဆေးဝါးကုသ မှု ခံယူရင် မနေ့ ကသက်တော် ၈၀ အရွယ် တွင် အလ္လာဟ်ဟို အရှင်မြတ် သခင်၏ အမိန့် တော် ကို ခံယူသွားပြီး ဖြစ်ပါတယ်။
သတင်းအထောက်အထားများ အရ မောင်လာနာ မေရ်စာ မိုဟမ္မဒ် အသွဟဲရ် အား ပထမ လက်ခနောင်းဆေးရုံး တွင် ဆေးရုံးတင်ကုသ မှု ခံယူနေရင်း ဒေါက်တာ များ ၏ အကြံပေးချက်အရ ဒေလီမြို့ သို့ ခေါ်ဆောင်ကုသ ခဲ့ပါတယ်။
ရက်သတ္တပတ်အချို့အရင် မောင်လာနာ အား ဒေလီ မြို့ ရှိ ဆေးရုံး တစ်ခု တွင် တက်ရောက်ကုသမှု ခံနေစဉ် ကျောက်ကပ်ပျက် သည့် ဒဏ် ဖြင့် သောကြာနေ့ ၊နေ့ လည် ပိုင်း တွင် အလ္လာဟ် ဟို အရှင်မြတ် ၏ အမိန့်တော် ကို ခံယူသွားပါတယ်။
မောင်လာနာ မေရ်စာ မိုဟမ္မဒ် အသွဟဲရ် သည် မောင်လာနာ မေရ်စာ သွာဟေရ် ၏ သား ဖြစ်ပြီး လက်ခနောင်မြို့ တွင် မွေးဖွားခဲ့ပါတယ်။ပြီးနောက် ၎င်း မွေးရပ်ဇာတိ တွင် ခေတ်ပညာ နှင့် သာသနာ့ ပညာ ကို ဆည်းပူး ခဲ့ပါတယ်။ မောင်လာနာ အနေဖြင့် လခနောင်း မြို့ ၏ အကျော် အမော် သာသနာ့ တက္ကသိုလ် စိုလ်သန်နိုလ်မဒါရေဇ် တွင် ကျောင်းတက်ပြီး ဆဒရွလ်အဖွာဇေလ် ဘွဲ့ ကို ဆွတ်ခူး ခဲ့ပါတယ်။
မောင်လာနာ သည် အာရဘီ ၊ဖွာရီ သဒ္ဒါ နှင့် သာသနာ့ရေးရာ တွင် ကျွမ်းကျင် ပိုင်နိုင် ပေသည်။ ၎င်းအနေဖြင့် လက်ခနောင်းမြို့ ရှီအာ ပီဂျီ ကောလိပ် တွင် နှစ်ပေါင်းများစွာ ဖွာရစီ ဘာသာနှင့် သဒ္ဒါ ဌာန တွင် ကတိက လုပ်ခဲ့ ပါတယ်။
မောင်လာနာ မေရ်စာ မိုဟမ္မဒ် အသွဟဲရ် သည် မိမိ ကျွမ်းကျင်မှု တရားဟောပြောမှု ဖြင့် မိုဟမ္မဒ် (ဆွ) ၏ အာလေ မိုဟမ္မဒ် (အ.စ) ၏ ပညာ ကိုမိမိ ဘဝ တစ်လျှောက်လုံးတွင် ဖြန့်ချိ ခဲ့ပါတယ်။ ဘုံဘေ (မွန်ဘေ)မြို့ ရှိ မဂို ရှီအာ ဗလီ တွင် ၅၈ နှစ်တိုင် မဟော်ရမ် ၁၀ ရက်ကို မပျက်မကွက် တရား ရေးအေး တိုက်ကျွေးခဲ့ပါတယ်။တရားတိုင်းသည် အလွန်တရာ တန်ဖိုးကြီးလာ ပါတယ်။
မောင်လာနာ မေရ်စာ မိုဟမ္မဒ် အသွဟဲရ် သည် (ရှီအာ ကိုယ်ပိုင်ဥပဒေ ဘုတ်အဖွဲ့ ) ကို လည်း တည်ထောင်ခဲ့သူ ဖြစ်ပါတယ်။ နောက်ဆုံး ထွက်သက်အထိ ၎င်း အဖွဲ့၏ ဥက္ကဋ္ဌ အဖြင့် ရပ်တည် ခဲ့ပါတယ်။ မောင်လာနာ မေရ်စာ မိုဟမ္မဒ် အသွဟဲရ် အား လက်ခနောင်းမြို့ တွင် ဒဖ်နာ ပြုခဲ့ပါတယ်။
မောင်လာနာ သည် မိမိ၏ ကျွမ်းကျင် ပိုင်နိုင်လှသည့် တရား ဟောပြောမှု နှင့် အနှိုင်းမဲ့ ဟောပြောမှု ကြောင့် ခသီးဗ်ဗေ အဲက္က်ဗရ် ဘွဲ့ ဖြင့် အာရှ အရှေ့ အလယ်ပိုင်း တွင် ကျော်ကြားခဲ့ပါတယ်။ မောင်လာနာ အလ္လာဟ် ဟိုအရှင်မြတ် ခံယူတော်မှုပြီး နောက် အာရှ အရှေ့ အလယ်ပိုင်း ရှိ လူဦးရေး သန်း ၁၀၀ ကျော် ရှိ ရှီအာ မွတ်စလင်မ် များ အတွက် ကြီးမားသည့် တရား ဟော ဆရာ ဆုံးရှုံး ခဲ့ရပါတယ်။
================