အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
သမ္မတဦးသိန်းစိန်၏ ပြော ရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်၏ မကြာမီရက်ပိုင်းအတွင်းက ပြောစကားတစ်ခုကြောင့် အစိုးရအဖွဲ့အနေဖြင့် သက်တမ်းကုန်ခါနီး တစ်လအလိုတွင် ပြင်းထန်သော ဝေဖန်မှုများနှင့် ကြုံတွေ့နေရသည်။
လက်ရှိအစိုးရအဖွဲ့သည် ပြီးခဲ့သည့် ပထမအကြိမ်လွှတ် တော်ကိုသာ တာဝန်ခံကြောင်းနှင့် ဒုတိယအကြိမ် လွှတ်တော်တွင် မေးခွန်းများ၊ အဆိုများလာရောက် ဖြေကြားခြင်းကို ဆိုင်းငံ့ထားရန် အစိုးရအဖွဲ့က ဆုံးဖြတ်ထားကြောင်း ၀န်ကြီးဦးရဲထွဋ်က ပြောကြားလိုက်သောကြောင့်ဖြစ်သည်။
ဦးရဲထွဋ်၏ စကားအတိုင်း ပင် အစိုးရအဖွဲ့သည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ တင်သွင်း သော တိုင်းပြည်အတွက် အရေး ကြီးပြီး ပြည်သူများစိတ်ဝင်စား နေသည့် ကချင်ပြည်နယ် မူးယစ် ဆေးဝါးတိုက်ဖျက်ရေးနှင့် လက်ရှိ အစိုးရသက်တမ်းအတွင်း စီမံ ကိန်းများကို အလောတကြီးမလုပ် ဆောင်ရေးနှင့် ပတ်သက်သော အရေးကြီးအဆို နှစ်ခုစလုံးကို အစိုးရလွှတ်တော်သို့ လာရောက် ဖြေကြားမှု ပြုလုပ်ခဲ့ခြင်းမရှိပေ။
ထို့အပြင် ၀န်ကြီးဦးရဲထွဋ်က ကျင်းပဆဲ ဒုတိယအကြိမ်လွှတ် တော် (အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်နေရာ အများစုရထားသော လွှတ်တော်)ကို အစိုးရအဖွဲ့က တာဝန်ခံခြင်း ရှိ၊မရှိကိုလည်း ဖွဲ့ စည်းပုံအခြေခံဥပဒေအရ ပြန် လည်သုံးသပ်ရမည့် ကိစ္စဖြစ်နေ ကြောင်း ပြောကြားမှုမှာ မြန်မာ့ နိုင်ငံရေးလောကတွင် ဆွေးနွေး ငြင်းခုံစရာ ခေါင်းစဉ်တစ်ခုပင်ဖြစ် လာသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ လက်ရှိသမ္မတ ဦးသိန်းစိန်အစိုးရ အဖွဲ့သည် ပထမအကြိမ်လွှတ် တော်ကိုသာ တာဝန်ခံကြောင်း ၀န်ကြီးဦးရဲထွဋ်၏ ပြောကြားချက် အရ ဖွဲ့စည်းပုံအခြေခံဆိုင်ရာ ပြ ဋ္ဌာန်းချက်အပေါ်လည်း အငြင်း ပွားဖွယ်ရာများ ဖြစ်ပေါ်လာခဲ့ သည်။
တပ်မတော်အစိုးရက ဆယ် စုနှစ်တစ်ခုကျော် အချိန်ယူရေးဆွဲ ခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ၀ိဝါဒကွဲပြားစရာပုဒ်မ အချို့ ပါရှိနေသည်ကို အခြေခံ ဥပဒေဆိုင်ရာ ကျွမ်းကျင်သူများ က ယခင်ကတည်းက ထောက်ပြ ခဲ့ကြသည်။ လက်ရှိအချိန်တွင် သမ္မတက လွှတ်တော်ကို တာဝန် ခံရသည့် ပြဋ္ဌာန်းချက်၊ အစိုးရအ ဖွဲ့ သက်တမ်းကုန်ဆုံးချိန်နှင့် လွှတ်တော်သက်တမ်း ကုန်ဆုံး ချိန်တို့ မတူညီဘဲ နှစ်လကွာဟ နေသော ပြဋ္ဌာန်းချက်တို့အပေါ် အမြင်မျိုးစုံ ကွဲပြားလျက်ရှိသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၃ တွင် နိုင်ငံတော်သမ္မတ သည် ပြည်ထောင်စုလွှတ်တော် အား တာဝန်ခံရမည်။ ဖော်ပြထား မှုအရ သမ္မတကို ရွေးကောက်တင် မြောက်ခဲ့သည့် ပြည်ထောင်စု လွှတ်တော်ကိုသာ တာဝန်ခံရမည် ဟု ဖော်ပြထားခြင်းမရှိသဖြင့် ဥပဒေပြုရေးအာဏာကို ကိုင်စွဲ ထားသည့် အစိုးရအဖွဲ့က လက်ရှိ ပြည်ထောင်စုလွှတ်တော်ကိုသာ သမ္မတဦးဆောင်သည့် တာဝန်ခံရ မည်မှာ ရှင်းလင်းနေကြောင်းနိုင်ငံ ရေးဆောင်းပါးများ ရေးသားနေ သူ ဒေါက်တာရန်မျိုးသိမ်းက သုံး သပ်သည်။
ထို့ကြောင့် အစိုးရအဖွဲ့က အဆိုနှင့်မေးခွန်းများကို လွှတ် တော်သို့ သွားရောက်ဆွေးနွေး ခြင်းကို ဆိုင်းငံ့ထားမည်ဆိုလျှင် ပုဒ်မ ၂၀၃ ပါ ပြဋ္ဌာန်းချက်များကို ဖောက်ဖျက်ရာရောက်နိုင်ဖွယ်ရှိ သည်ဟုလည်း ဒေါက်တာရန်မျိုး သိမ်းက ဆက်လက်ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၏ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်ဟောင်း ဦးမင်းသူက အစိုးရအဖွဲ့အနေဖြင့် ပြည်သူလူ ထုက ရွေးချယ်တင်မြောက်ထား သော လွှတ်တော်ကိုယ်စားလှယ် များ၏ မေးခွန်းများ၊ အဆိုများ တင်သွင်းမှုကို လွှတ်တော်သို့ လာ ရောက်မဖြေကြားပါက ယင်းလုပ် ရပ်သည် ပြည်သူလူထုကို လျစ် လျူရှုရာပင်ရောက်ကြောင်း ဝေ ဖန်သည်။
‘‘အစိုးရတစ်ရပ်ဆိုတာ ဘယ်အချိန်ဖြစ်ဖြစ် တာဝန်ခံမှု တာဝန်ယူမှုဆိုတာ ရှိရမှာ။ ပထမ အကြိမ်သက်တမ်းတို့၊ ဒုတိယအ ကြိမ် လွှတ်တော်သက်တမ်းဆိုပြီး ခွဲခြားစရာမလိုဘူး။ ပြည်သူတွေ အကျိုးအတွက်ဆို အစိုးရတစ်ရပ် မှာ သက်တမ်းရှိနေသမျှ တာဝန် ယူမှု၊ တာဝန်ခံမှုရှိရမယ်’’ဟု ဦး မင်းသူကပြောသည်။
ယင်းအယူအဆနှင့်ဆန့်ကျင် သော အမြင်များ၊ ယူဆချက်များ လည်း ရှိပါသည်။
ရှမ်းတိုင်းရင်းသားများ ဒီမို ကရက်တစ်ပါတီ၏ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်ဟောင်းဖြစ် သူ ဦးရဲထွန်းက ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ပထမအကြိမ်လွှတ် တော်က ပေါ်ပေါက်လာသော အစိုးရအဖွဲ့သည် ပထမအကြိမ် လွှတ်တော်ကိုသာ တာဝန်ခံရမည် ဟု သူ၏အမြင်ကို ပြောသည်။
ထိုသို့ အငြင်းပွားမှုများဖြစ် နေခြင်းသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြဋ္ဌာန်းချက်ဖြစ်သည့်လွှတ် တော်နှင့် အစိုးရအဖွဲ့တို့သက် တမ်းကုန်ဆုံးချိန် မတူညီခြင်း ကြောင့်ဖြစ်သည်ဟု သုံးသပ်ချက် များလည်းရှိသည်။
မြန်မာနိုင်ငံတွင်ရွေးကောက် ပွဲများကို ငါးနှစ်တစ်ကြိမ် ကျင်းပ ပေးရမည်ဖြစ်ကာ ရွေးကောက်ပွဲ ရလဒ်ကြောင့် ထွက်ပေါ်လာသော လွှတ်တော်သည် အစိုးရအဖွဲ့ အ ကြီးအကဲဖြစ်သော သမ္မတကိုရွေး ချယ်တင်မြောက်ကာ သမ္မတက ၎င်း၏ အစိုးရအဖွဲ့တွင် ပါဝင်သူ များကို ရွေးချယ်ကာ တိုင်းပြည်ကို အုပ်ချုပ်စီမံခြင်းဖြစ်သည်။
သို့သော် လွှတ်တော်သည် ၎င်းသက်တမ်းစသည့်နေ့မှစတင် ၍ ငါးနှစ်တိတိတွင် သက်တမ်း ကုန်ဆုံးသော်လည်း သမ္မတအပါ အ၀င် အစိုးရအဖွဲ့သက်တမ်း သည် လွှတ်တော်သက်တမ်းကုန် ဆုံးချိန်တွင် မကုန်ဆုံးဘဲ လွှတ် တော်သက်တမ်းကုန်ဆုံးပြီး နှစ် လခန့်အကြာတွင် ကုန်ဆုံးခြင်းဖြစ်သည်။
ဥပမာအားဖြင့် ၂၀၁၀ အ ထွေထွေရွေးကောက်ပွဲရလဒ် ကြောင့် ထွက်ပေါ်လာသော ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီနေရာ အများစုရခဲ့သည့် ပ ထမအကြိမ် လွှတ်တော်သည် ၂၀၁၁ ဇန်န၀ါရီ ၃၁ ရက်မှစတင် ကျင်းပခြင်းဖြစ်ပြီး ၂၀၁၆ ဇန်န၀ါ ရီ ၃၁ ရက်တွင် သက်တမ်းကုန် ဆုံးခဲ့သော်လည်း ယင်းလွှတ် တော်နှင့်အတူ ပေါ်ထွက်လာခဲ့ သော လက်ရှိအစိုးရအဖွဲ့သည် လာမည့် မတ်လ ၃၀ ရက်မှငါးနှစ် သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။ ထို့ကြောင့် လွှတ်တော်နှင့် အစိုးရ သက်တမ်းမှာ နှစ်လကွာဟနေ ခြင်းဖြစ်သည်။
ထိုသို့လွှတ်တော်သက်တမ်း ကုန်ဆုံးချိန်နှင့် အစိုးရသက်တမ်း ကုန်ဆုံးချိန်တို့ အချိန်ကာလကြာ မြင့်စွာ ကွာဟနေခြင်းသည် ရွေး ကောက်ပွဲရလဒ်ကြောင့် ထွက် ပေါ် လာသည့် လွှတ်တော်သစ်နှင့် အစိုးရဟောင်းတို့ကြား အားပြိုင် မှုများ၊ ရွေးကောက်ပွဲအနိုင်ရပါတီ ၏ အစိုးရသစ်ထံ အစိုးရဟောင်းမှ အာဏာလွှဲပြောင်းရေးတို့တွင် မ လိုလားအပ်သော သံသယ၀င်မှု များကို ဖြစ်ပေါ်စေသည့် ယင်း ပြဋ္ဌာန်းချက်ကိုလည်း ပြင်သင့် ကြောင်း နိုင်ငံရေးလေ့လာသူများ က သုံးသပ်သည်။
ထို့ပြင် နောက်လာမည့် ကာလများတွင် အသွင်ကူးပြောင်း ရေးကာလအတွင်း ယခုကဲ့သို့ အ ငြင်းပွားဖွယ်ရာများ မရှိအောင် ရွေးကောက်ပွဲရလဒ်ကြောင့်ထွက်ပေါ်လာသည့် အစိုးရသစ်ထံ အာဏာလွှဲပြောင်းရေးနှင့်ပတ်သက်ပြီး အသွင်ကူးပြောင်းရေးဆိုင်ရာ ပြဋ္ဌာန်းချက်များကို တိတိကျကျ သတ်မှတ်ပြဋ္ဌာန်းထားရန် လိုအပ်နေကြောင်း ၎င်းတို့က ဆက်ပြောသည်။
အခြေခံဥပဒေတွင် လွှတ် တော်နှင့် အစိုးရသက်တမ်းနှစ်လ ကွာဟသည့် အရေးအပြင် ရွေး ကောက်ပွဲနှင့် အစိုးရသစ်တက် ချိန် အာဏာလွှဲပြောင်းမှုကာလ ငါးလကြားရှိခြင်းမှာလည်း ပြန် လည်သုံးသပ်ရမည့် အရေးတစ်ခုဖြစ်သည်။ ထိုကြောင့်ပင် ‘‘ဒီနိုင်ငံ လောက် အစိုးရလွှဲပြောင်းကာလ ကြာတဲ့ နိုင်ငံဟာ ကမ္ဘာမှာမရှိပါ ဘူး။ ကျွန်မတို့က ထိပ်တန်းကပဲ။ ငါးလဆိုတဲ့အချိန်ဟာ ဘယ်နိုင်ငံ မှ မကြာပါဘူး’’ဟု ဒေါ်အောင် ဆန်းစုကြည်က ဖေဖော်ဝါရီ ၂၉ ရက်တွင် တိုင်းရင်းသားအမတ် များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ သည်။
သို့သော် အမျိုးသားဒီမိုက ရေစီ အဖွဲ့ချုပ်နေရာအများစုရ ထားသည့် လွှတ်တော်ကို သမ္မတ ဦးသိန်းစိန်အစိုးရအဖွဲ့ လာ ရောက်ဖြေကြားခြင်း မရှိခြင်း သည် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အားနည်းချက်ကြောင့် မဟုတ်ဘဲ အစိုးရအဖွဲ့၏စိတ်ရင်း စေတနာ ကိုသာ ထုတ်ဖော်ပြသခြင်းဖြစ်နေ သည်ဟု ဒီချုပ်ဗဟိုအလုပ်အမှု ဆောင်တစ်ဦးက ပြောသည်။
‘‘အစိုးရက လွှတ်တော်ကို လာမဖြေတာဟာ တကယ်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေအားနည်း ချက်ကြောင့် မဟုတ်ပါဘူး။ ဒီ ကိစ္စကြောင့် ဖွဲ့စည်းပုံအခြေခံဥပ ဒေကို ပြင်စရာမလိုပါဘူး။ ဒါ ဟာ စကားကိုကတ်ပြီး ပြောတာ သက်သက်ပါပဲ’’ဟု အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှု ဆောင်ဖြစ်သူ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦး ထွန်းထွန်းဟိန်က ဆိုသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြ ဋ္ဌာန်းချက်များအပေါ် အငြင်းပွား မှုများ ရှိနေသော်လည်း လက်ရှိ သမ္မတဦးသိန်းစိန် အစိုးရသက် တမ်းမကုန်ဆုံးမီ တစ်လလောက် သာလိုတော့သည့်အချိန်တွင် ဂုဏ်သိက္ခာရှိရှိဖြင့် အာဏာလွှဲ ပြောင်းပေးသွားသည်ကို ပြည်သူ က မျှော်လင့်နေကြသည်။
======================
251 / End