၂ မတ် ၂၀၁၆ - ၁၉:၂၃

ကချင်စာပေ၊ကချင် ရိုးရာ၊ ကချင်သမိုင်းများကိုအထူး ကျွမ်းကျင်သူ ကချင်သုတေသီ သိက္ခာတော်ရ ဒေါက်တာမရန်ဂျာ ဂွန်သည် ဖေဖော်ဝါရီ ၂၉ ရက် နံနက် ၁ နာရီမိနစ် ၄၀ က လိုင် ဇာမြို့နယ်ရှိနေအိမ်တွင် ကွယ် လွန်ခဲ့ကြောင်း သတင်းရရှိသည်။ အသက် (၇၀) ရှိပြီဖြစ်သည့် ဒေါက်တာမရန်ဂျာဂွန်သည် ဆီး ချို၊ သွေးချို ရောဂါဝေဒနာခံစားနေသည်မှာ ကြာမြင့်နေပြီဖြစ်ပြီး ကချင်လူမျိုးများအပေါ် သြဇာသက်ရောက်မှု ကြီးမားသောပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

 ကချင်စာပေ၊ကချင် ရိုးရာ၊ ကချင်သမိုင်းများကိုအထူး ကျွမ်းကျင်သူ ကချင်သုတေသီ သိက္ခာတော်ရ ဒေါက်တာမရန်ဂျာ ဂွန်သည် ဖေဖော်ဝါရီ ၂၉ ရက် နံနက် ၁ နာရီမိနစ် ၄၀ က လိုင် ဇာမြို့နယ်ရှိနေအိမ်တွင် ကွယ် လွန်ခဲ့ကြောင်း သတင်းရရှိသည်။

အသက် (၇၀) ရှိပြီဖြစ်သည့် ဒေါက်တာမရန်ဂျာဂွန်သည် ဆီး ချို၊ သွေးချို ရောဂါဝေဒနာခံစားနေသည်မှာ ကြာမြင့်နေပြီဖြစ်ပြီး ကချင်လူမျိုးများအပေါ် သြဇာသက်ရောက်မှု ကြီးမားသောပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။

ဒေါက်တာမရန်ဂျာဂွန်သည် ဘာသာဗေဒဘာသာရပ်ဖြင့်ထိုင်းနိုင်ငံ Payap တက္ကသိုလ်မှ မဟာဘွဲ့ရခဲ့ပြီး ကချင်သမိုင်း၊ ကချင်လူမျိုးများ ဆင်းသက်လာပုံ၊ နိုင်ငံရေးအကြောင်း ကျွမ်းကျင်နားလည်၍ ကချင်လူမျိုးများ သင်ကြားပေးနေသူလည်းဖြစ်သည်။

 ဒေါက်တာဘွဲ့အား နောင်နန်းကျမ်းစာသင်ကျောင်းက ဂုဏ်ပြု ချီးမြှင့်ခဲ့ပြီး ၎င်းတွင် သားတစ်ဦးနှင့် သမီးတစ်ဦးရှိသည်။

 ‘‘နိုင်ငံရေး သမားတွေကို ပညာပေးတဲ့နေရာမှာလည်း အ ရမ်း တော်တဲ့သူဟုတ်တယ်။ က ချင် သမိုင်းတွေကို အထူးကျွမ်း ကျင်သူပဲ။ ကချင်စာပေ၊ ကချင် စကားတွေကိုလည်း သူ့ထက် တော်တာက သူ့အစ်ကိုပဲရှိတော့ တယ်’’ဟု ဒေါက်တာမရန်ဂျာဂွန် အကြောင်း ဆရာဘောက်ဆန့်က ပြောသည်။

ဒေါက်တာမရန်ဂျာဂွန်သည် မြစ်ကြီးနားမြို့ နောင်နန်းကျမ်းစာ သင်ကျောင်းတွင်လည်းပညာရေး မှူးတာဝန် ထမ်းဆောင်ခဲ့ဖူးပြီး ၎င်း၏ရုပ်ကလာပ်ကို မတ်လ ၁ ရက်နေ့တွင် လိုင်ဇာမြို့မှ မြစ်ကြီးနားမြို့သို့ သယ်ဆောင်၍ ဂျော်ဘွမ် ခရစ်ယာန်သင်္ချိုင်း၌မြှုပ်နှံခဲ့သည်။


======================
251 / End