၄ မတ် ၂၀၁၆ - ၁၅:၀၀
အေမာမ်ရေဇာ (အ.စ) ရောင်ဇာတော် အား အုပ်ထိန်းသူ ဟဇရသ် အာယာသွလ္လာဟ် အဘာစ်ဝါအေဇ် သဗ်ရေစီ အလ္လာဟ် အမိန့် ခံယူ

ပြည်ထောင်စု အစ္စလာမ်မစ် အီရန် နိုင်ငံ ခိုရာစာန် ပြည်နယ် ၏ ရဲဟ်ဗရ်ရေ အင်အေလာဗ် ၏ ကိုယ်စားလှယ်တော် နှင့် အေမာမ်ရေဇာ (အ.စ) ရောင်ဇာတော် အား အုပ်ထိန်းသူ ဟဇရသ် အာယာသွလ္လာဟ် အဘာစ်ဝါအေဇ် သဗ်ရေစီ သည် ယနေ့ သောကြာနေ့ မနက် ပိုင်း တွင် အလ္လာဟ် ဟိုအရှင်မြတ် ၏ အမိန့်တော် ကို ခံယူ သွားပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

ပြည်ထောင်စု အစ္စလာမ်မစ် အီရန် နိုင်ငံ ခိုရာစာန် ပြည်နယ် ၏ ရဲဟ်ဗရ်ရေ အင်အေလာဗ် ၏ ကိုယ်စားလှယ်တော် နှင့် အေမာမ်ရေဇာ (အ.စ) ရောင်ဇာတော် အား အုပ်ထိန်းသူ ဟဇရသ် အာယာသွလ္လာဟ် အဘာစ်ဝါအေဇ် သဗ်ရေစီ သည် ယနေ့ သောကြာနေ့ မနက်ပိုင်း တွင် အလ္လာဟ် ဟိုအရှင်မြတ် ၏ အမိန့်တော် ကို ခံယူ သွား ပါတယ်။

သတင်း အထောက်အထား အရ အာယာသွလ္လာဟ် အဘာစ်ဝါအေဇ် သဗ်ရေစီ သည် အနည်းငယ် မနာမကျန်း ဖြစ်ပြီးနောက် ဤလောကကြီး မှ ထွက်ခွာ သွားခဲ့ကြောင်း သိရပါတယ်။

အာယာသွလ္လာဟ် အဘာစ်ဝါအေဇ် သဗ်ရေစီ အား ပြီးခဲ့သည့် သောကြာနေ့ တွင် အသက် ရှူ ပြွန်တွင် အတားအဆီး ဖြစ်ပေါ်လာမှု ကြောင့် အေမာမ်ရေဇာ (အ.စ) ဆေးရုံ တွင် တင်ခဲ့ရပါတယ်။ ICU အခန်းတွင် ကုသမှု ကို ခံယူခဲ့ပါတယ်။

ဤရောဂါဝေဒနာ ကို တပတ် တိ ခံစားခဲ့ရပြီး ယနေ့ သောကြာနေ့ မနက်ပိုင်းတွင် အလ္လာဟ် ဟိုအရှင်မြတ် ၏ အမိန့်တော် ကို ခံယူ သွားပါတယ်။

 

အာယာသွလ္လာဟ် အဘာစ်ဝါအေဇ် သဗ်ရေစီ ၏ ဈာပန အစီအစဉ် ကို မနက်ဖန် စနေ နေ့ တွင် ပြုလုပ်မည် ဖြစ်ပါတယ်။ အာယာသွလ္လာဟ် အဘာစ်ဝါအေဇ် သဗ်ရေစီဆေးရုံ တွင် ဆေးဝါး ကုသမှု ခံယူနေစဉ် ပြည်ထောင်စု အစ္စလာမ်မစ် အီရန် နိုင်ငံ ၏ အစိုး နှင့် အစိုးမဟုတ် သူ အကြီးအကဲများ လာရောက် ကြည့်ရှု အားပေးခဲ့ကြပါတယ်။ ကြည့်ရှု အားပေး သူများတွင် ရဲဟ်ဗရ်ရေ အင်အေလာဗ် ဟဇရသ် အာယာ သွလ္လာဟ် ဆယက်ဒ် အလီ ခါမေ နာအီ ၏ သားတစ်ဦးလည်း ပါဝင်ခဲ့ပါတယ်။

အာယာသွလ္လာဟ် အဘာစ်ဝါအေဇ် သဗ်ရေစီ သည် အီရန် နိုင်ငံ အစ္စလာမ်မစ် တော်လှန်ရေး ၏ အဓိက လှုပ်ရှားခဲ့သူ များတွင် ပါဝင်ခဲ့ပြီး ရှားဘုရင် လက်ထက်တွင် ၂ ကြိမ် ဖမ်းဆီး ခြင်းခံခဲ့ရပါတယ်။ အေမာမ်ခိုမေနီ (ရ.ဟ) မှ အာယာသွလ္လာဟ် အဘာစ်ဝါအေဇ် သဗ်ရေစီ အား အေမာမ်ရေဇာ (အ.စ) ရောင်ဇာ အား အုပ်ထိန်းသူ အဖြစ် တာဝန် ပေးခဲ့ ခြင်း ဖြစ်ပါတယ်။ ရဲဟ်ဗရ်ရေ အင်အေလာဗ် ဟဇရသ် အာယာ သွလ္လာဟ် ဆယက်ဒ် အလီ ခါမေ နာအီ ၏ အရင်းနှီးဆုံး မိတ်ဆွေ များမှ တစ်ဦး ဖြစ် ပါတယ်။

--------------------------

251/ End