၂၈ မတ် ၂၀၁၆ - ၁၇:၄၃
   လာဟိုရ် မြို့ ဗုံး ပေါက်ကွဲမှု ကြောင့် အယောက် ၇၀ ကျော် သေဆုံး + ဓာတ်ပုံ

ပါကစ္စတန် နိုင်ငံ လာဟိုရ် မြို့ ရှိ ဂိုလ်ရှန်းအေက်ဗါ ပန်းခြံ အတွင်း ဖြစ်ပွားခဲ့သည့် ဗုံးပေါက် ကွဲမှု ကြောင့် အယောက် ၇၀ ကျော် သေဆုံး သွားပြီး ဖြစ်ကြောင်း သတင်းရရှိ ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

ပါကစ္စတန် နိုင်ငံ လာဟိုရ် မြို့ ရှိ ဂိုလ်ရှန်းပေက်ဗါ ပန်းခြံ အတွင်း ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှု ကြောင့် အယောက် ၇၀ ကျော် သေဆုံး သွားပြီး ဖြစ်ကြောင်း သတင်းရရှိ ပါတယ်။

ပေါက်ကွဲမှုဟာ ပန်းခြံ၏ ဂိတ်အပေါက် ၁ အနီး တွင် ဖြစ်ပွားခဲ့ပါတယ်။ ဤပေါက်ကွဲမှု ၏ ရလာဒ် ဖြင့်  အမျိုးသမီးများ နှင့် ကလေး အပါအဝင် အယောက် ၇၀ကျော် သေဆုံးခဲ့ပြီး အယောက် ၃၀၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။ ပြည်နယ်ဝန်ကြီး ဗေလာ ယာစင် အနေဖြင့်လည်း ၅၁ ဦး သေဆုံးသွား ပြီး ဖြစ်ကြောင်း ကြေငြာချက်ထုတ်ပြန်ထားပါတယ်။ ဂိုလ်ရှန်းအေက်ဗါ ပန်းခြံ ဂိတ်တွင်ပေါက်ကွဲမှု ဖြစ်ပွား ပြီးနောက် ကယ်ဆယ်ရေး အဖွဲ့များ အခင်း ဖြစ်ပွား သည့်နေရာသို့ ချက်ချင်း ဆိုက်ရောက်လာပါတယ်။ ဒဏ်ရာ ရရှိသူများ ဖွာရွက်ခ် နှင့် ရှိက်္ခဇိုက်ဒ် ဆေးရုံး သို့ ပို့ဆောင် ပေးခဲ့ကြပါတယ်။

ဒဏ်ရာရရှိသူများ အထဲတွင် အမျိုးသမီးများ နှင့် ကလေး များ ၏ အရေအတွက်မှာ မနည်းကြောင်း သိရှိရပါတယ်။ ဖွာရွက်ခ် ဆေးရုံးတွင် ကုသမှု ခံယူရန် ကုတင် အရေအတွက်နည်းသွား သည့် အတွက် ကြောင့် အခြားဆေးရုံးသို့ ပို့ဆောင် ကုသနေကြောင်း လည်း သတင်းရရှိပါတယ်။

ကယ်ဆယ်ရေး အဖွဲ့ ဝင်များ မှ ဂျေနာဟ် ဆေးရုံးသို့လည်း ဒဏ်ရာရရှိသူများ ကိုပို့ဆောင် ကုသ ပေးခဲ့ပါတယ်။ ၎င်းဆေးရုံ တွင် ၃၅ ဦး ၏ အလောင်း ရှိနေပြီး ဖြစ်ပါတယ်။ ဒဏ်ရာရ လူနာ များပြားမှုကြောင့် ခွင့်ယူထားသည့် ဒေါက်တာများ ကိုပါ ပြန်လည် ခေါ်ယူပြီးကုသ မှု ပြုနေကြောင်း သိရပါတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူများ ဖက်မှ ပြည်သူလူထု ကို သွေးလှူဒါန်းရန် မေတ္တာ ရပ် ခဲ့ထားပါတယ်။ မြို့နေ လူထုအားလည်း ဆေးရုံတွင် စုရုံးပြီး မနေကြရန် ၊ ကယ်ဆယ်မှု တွင် လွယ်ကူမှု ရှိရန် အတွက် ကူညီရန် မေတ္တာရပ်ခံထားပါတယ်။

အခြားတစ်ဖက်တွင်လည်း အခင်းဖြစ်ပွား ပြီးနောက် မြို့ အနှံ ရှိ ဆေးရုံးများ တွင်အရေး ပေါ် အစီအစဉ်ကို ချထားလိုက်ပြီး ဖြစ်ပါတယ်။ DIG ဒေါက်တာ ဟိုင်ဒဲရ် အရှ်ရဖ် မှ အသေခံ ဗုံးခွဲသမားသည် မိမိကိုယ်ကို ဂိုလ်ရှန်းပေက်ဗါ ပန်းခြံ ဂိတ်အမှတ် ၁ တွင် အသေခံဗုံး ခွဲ ခဲ့ကြောင်း ဗုံးမှာ အလွန်တရာပြင်းထန် ကြောင်း ဝေး ကွာသည့် နေရာ မှပင် အသံ ကြာကြားရကြောင်း ပြောကြားခဲ့ပါ တယ်။ပါကစ္စတန် ရဲနှင့်စစ်တပ်မှလည်း ဂိုလ်ရှန်းပေက်ဗါ ပန်းခြံ ကိုဝိုင်းရံပြီး ရှာဖွေမှုများ ကို ပြုခဲ့ပါတယ်။

မျက်မြင်သက်သေများ၏ ပြောဆိုချက်အရ သံသယ ဖြစ်ဖွယ် လူငယ်တစ်ဦး ၎င်း ၏ အသက်မှာ ၂၀ မှ ၂၅နှစ် အရွယ် ဖြစ်ပြီး ၎င်း၏ အရောင်မှာ ဂျုံ အရောင်ဖြစ်ကြောင်း၊ ပန်းခြံ နယ်မြေ အတွင်း လျှောက်သွားနေကြောင်း ၎င်းနေသည့်နေရာမှ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရှိခဲ့ရပါတယ်။ ဥက္ကဋ္ဌ မာမ်နူးန် ဟိုစိန် မှ ဤလုပ်ရပ် ကိုပြစ်တင် ရှုတ်ချပြီး အခုလို သူရဲဘော်ကြောင်သည့် လုပ်ရပ်ကြောင့် အကြမ်းဖက်၊အစွန်းရောက် တိုက်ဖျက်ရေး အတွက်ဆုံးဖြတ်ချက် တွင် ယိုင်လာမှု ဖြစ်မည်မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဝန်ကြီးချုပ် နဝါဇ်ရှရီးဖ် နှင့် ပန်ဂျာဗ်ပြည်နယ် ဝန်ကြီးရှဟ်ဗါဇ် ရှရီးဖ်တို့မှလည်း ဤဗုံးပေါက်ခွဲမှု ကို ပြစ်တင်ရှုတ်ချ ခဲ့ပြီးဒဏ်ရာရ သူများကို အကောင်းတကာအကောင်းဆုံး ဆေးဝါကုသမှု ရရှိစေရန် အမိန့်ပေးထားကြောင်း သိရှိရပါတယ်။

251 / End