အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
ရဲဟ်ဗရ်ရေ အင်ကေလာဗ် အစ္စလာမ်မီ အာယာသွလ္လာဟ်အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ အနေဖြင့် အမေရိကန် နှင့်အနောက်နိုင်ငံများ ကို မည်သည့်အခါမျှ ယုံကြည် စိတ်ချ ၍ မရကြောင်းမိန့်ကြားရင်း နိုင်ငံတော်၏ စီးပွားရေးကို အားကောင်း အောင် ဆောင်ရွက် နိုင်ဖို့ အရေးကြီး ကြောင်း မိန့်ကြားခဲ့ပါတယ်။
နိုင်ငံတော်၏ အဆင့်မြင့်ရာထူးရှင်များ စစ်တပ်တာဝန်ခံများ ဗိုလ်မှူးများ နှင့် အီးဒ် ဒေ နောင်ရိုဇ် (ယခုနှစ် မတ်လ ၂၀ ရက် ) အပြီး ပထမဆုံး နှစ်သစ် တွေ့ဆုံပွဲ တွင် ရဲဟ်ဗရ်ရေ အင်ကေလာဗ် အစ္စလာမ်မီ အာယာသွလ္လာဟ်အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ အနေဖြင့် အမေရိကန် ကို စာရိတ္တ မကောင်းသူ ၊ ယုံကြည်ဖို့ မထိုက်တန်သူ ဖြစ်ကြောင်းမိန့် ကြားခဲ့ပါတယ်။
ရဲဗရ်မှ ဆက်လက်ပြီး မိမိတို့ အနေဖြင့် မိမိတို့၏ အင်အားစွမ်းအား အပေါ် အပြည့် အဝ ယုံကြည့်မှု ထားဖို့ တိုက်တွန်း မိန့်ကြားခဲ့ပါတယ်။အမေရိကန် အစိုးရ ၏ အမှု အကျင့်များ နှင့် ထုတ်ပြန်ချက်များ မှ လည်း ကျနော် ၏မိန့်ကြားချက် ကျနော်တို့ မိမိ စွမ်းအား နှင့် အင်အား ကို အပြည့်အဝ ယုံကြည်မှုရှိနေတာကို ထောက်ခံ နေပါ တယ်။
ရဲဟ်ဗရ်ရေ အင်ကေလာဗ် အစ္စလာမ်မီ မှ အကယ်၍ ကျွန်ုပ်တို့ အနေဖြင့် စစ်မှန် စွာဖြင့် လက်တွေ့ လှုပ်ရှား မှုတွေ ပြုမည်ဆို လျှင် အလ္လာဟ် ဟို အရှင်မြတ် သခင် အနေဖြင့် လည်း ကျွန်ုပ်တို့ ကို ကူညီမည် ဖြစ်ပါတယ်။
ဆက်လက်ပြီး တစ်ဦးတည်း ဖြစ်စေ စုပေါင်းဖြစ်စေ တည်ဆောက်သည့် ဘဝလမ်းကြောင်း တွင် အတက်အကျ ၊ အနှိမ့်အမြင့် ရှိ ကြောင်း ဒါပေမဲ့ အရေးကြီးသည့် အချက်မှာ မည်သည့် အခြေအနေ တွင် ရှိနေနေ မိမိ၏ ရည်ရွယ်ချက် ကို မမေ့ ဖို့လို ကြောင်း မိန့်ကြားခဲ့ပါတယ်။
ရဲဟ်ဗရ်ရေ အင်ကေလာဗ် အစ္စလာမ်မီ မှ ပြည်တွင်းဖြစ်ကို အားပေးပြီး ပြည်တွင်း စက်မှု နှင့် စိုက်ပျိုးရေး ကဏ္ဍ နှစ်ခု စလုံး ကို အထူးဂရုပြု ဆောင်ရွက် ဖို့ အရေးကြီး ကြောင်း တိုက်တွန်း မိန့်ကြားခဲ့ပါတယ်။
ရဲဟ်ဗရ်ရေ အင်ကေလာဗ် အစ္စလာမ်မီ အနေဖြင့် ကြံကြံခိုင်စီးပွားရေး ကို ကျင့်သုံးဖို့ အတွက် မိန့်ကြားရင်း နိုင်ငံတော်၏ သယံဇာတ နှင့် စွမ်းအင်အပေါ် အားကိုးဖို့ မိန့်ကြားခဲ့ပါတယ်။
=========================
251 /End