၁၁ ဧပြီ ၂၀၁၆ - ၁၈:၄၆
အယ်နီညိုအပူလှိုင်းကြောင့် မလေးရှား စာသင်ကျောင်း ၂၅၀ ကျော်ပိတ်

အယ်နီညို အပူလှိုင်းကြောင့် ကမ္ဘာ့နိုင်ငံ အတော်များများမှာ စားသောက်ကုန်ထုတ် လုပ်ငန်းတွေနဲ့ သောက်သုံးရေပြတ်လပ်မှုတွေ ဖြစ်နေပြီး မလေးရှားနိုင်ငံမှာတော့ စာသင်ကျောင်း ၂၅၀ ကျော်ကို ပိတ်လိုက်ရတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။ ဒေသတွင်း သတင်းအစီရင်ခံစာတွေအရ ပါလစ်စ်ပြည်နယ်နဲ့ ပါဟန်ပြည်နယ်တွေထဲက စာသင်ကျောင်းတွေကို ပြီးခဲ့တဲ့ ၇၂ နာရီအတွင်း အပူချိန် ၃၇ ဒီဂရီစင်တီဂရိတ်ထက် ပိုလာခဲ့တဲ့အတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေက ပိတ်လိုက်ဖို့ အမိန့်ထုတ်ခဲ့တာပါ။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ


အယ်နီညို အပူလှိုင်းကြောင့် ကမ္ဘာ့နိုင်ငံ အတော်များများမှာ စားသောက်ကုန်ထုတ် လုပ်ငန်းတွေနဲ့

သောက်သုံးရေပြတ်လပ်မှုတွေ ဖြစ်နေပြီး မလေးရှားနိုင်ငံမှာတော့ စာသင်ကျောင်း ၂၅၀ ကျော်ကို

ပိတ်လိုက်ရတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။

ဒေသတွင်း သတင်းအစီရင်ခံစာတွေအရ ပါလစ်စ်ပြည်နယ်နဲ့ ပါဟန်ပြည်နယ်တွေထဲက

စာသင်ကျောင်းတွေကို ပြီးခဲ့တဲ့ ၇၂ နာရီအတွင်း အပူချိန် ၃၇ ဒီဂရီစင်တီဂရိတ်ထက် ပိုလာခဲ့တဲ့အတွက်

သက်ဆိုင်ရာ တာဝန်ရှိသူတွေက ပိတ်လိုက်ဖို့ အမိန့်ထုတ်ခဲ့တာပါ။

မလေးရှားနိုင်ငံ ပညာရေးဝန်ကြီးက ကျောင်းသားဦးရေ ၁ သိန်းကျော်ရဲ့ ကျန်းမာရေးကို ကာကွယ်ပေးနိုင်ဖို့

ခုလို ဆုံးဖြတ်လိုက်ရတာ ဖြစ်တယ်လို့ ဒေသတွင်း ဘနားမား (Bernama) သတင်းကို ပြောပါတယ်။

မခံမရပ်နိုင်လောက်အောင် ပူပြင်းတဲ့ ဒီအပူချိန်ကြောင့် စပါးစိုက်ခင်းတွေနဲ့ ရာဘာစိုက်ပျိုးထုတ်လုပ်မှု

လုပ်ငန်းတွေကို အကျိုးသက်ရောက်စေပြီး ဟင်းသီးဟင်းရွက် စိုက်ခင်းတွေကိုပါ ထိခိုက်စေလို့

ဈေးနှုန်းမြင့်တက်မှုတွေ ဖြစ်လာနိုင်ကြောင်း သတင်းတွေမှာ ဖော်ပြနေပါတယ်။

၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီလနဲ့ ဖေဖော်ဝါရီလတွေဟာ ကမ္ဘာပေါ်မှာ အပူချိန် စံချိန်တင်ခဲ့တဲ့ လတွေဖြစ်ပြီး

ရာသီဥတု ပြောင်းလဲမှုရဲ့ နောက်ဆက်တွဲ မျှော်မှန်းမထားတဲ့ အခြေအနေတခုဖြစ်တယ်လို့ ပြောပါတယ်။

အာရှဒေသတွင်းမှာလည်း တခြားဒေသတွေဖြစ်တဲ့ ထိုင်းနိုင်ငံနဲ့ ဖိလစ်ပိုင်နိုင်ငံတွင်း ဒေသအတော်

များများမှာ အယ်နီညိုရဲ့ အကျိုးသက်ရောက်မှုတွေ ရှိခဲ့တာပါ။

အယ်နီညိုဟာ ပစိဖိတ်သမုဒ္ဒရာ ပင်လယ်ရေမျက်နှာပြင် ပူနွေးမှုကြောင့် အစပျိုးလာတာဖြစ်ပြီး

ကမ္ဘာ့တချို့နေရာတွေမှာ မိုးသည်းသည်းထန်ထန် ရွာသွန်းနိုင်ကာ တချို့နေရာတွေမှာတော့

မိုးခေါင်ရေရှားမှုတွေ ဖြစ်နိုင်ပါတယ်။

မလေးရှားနိုင်ငံ၊ မိုးလေ၀သနဲ့ ဇလဗေဒဌာနကတော့ လက်ရှိအပူချိန်ဟာ မကြာခင်မှာ

လျော့လာနိုင်တယ်လို့ ပြောပါတယ်။

“ပြီးခဲ့တဲ့ ရက်သတ္တပတ်က မုတ်သုံရာသီဝင်ခဲ့ပြီဆိုတော့ ခုချိန်မှာ အဆိုးဆုံး အခြေအနေက

ပြီးသွားပါပြီ။ မိုးပိုရွာလာမယ်လို့ပဲ မျှော်လင့်ရမှာပါ” လို့ မိုးလေ၀သနဲ့ ဇလဗေဒ ညွှန်ကြားမှု

ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ချီဂါယာအစ်စ်မေးလ်က ပြောပါတယ်။

========================
251/End