၇ မေ ၂၀၁၆ - ၁၆:၄၂
အီရန်တွင် နိုင်ငံတကာ ရေနံထွက်ကုန်ပြပွဲ ကျင်းပ

၂၁ ကြိမ်မြောက် နိုင်ငံတကာ ရေနံသန့်စင်ခြင်းနဲ့ ရေနံထွက်ပစ္စည်းများပြပွဲကို အီရန်နိုင်ငံ တီဟီရန်မြို့မှာ ယမန်နေ့က စတင်ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။



အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

၂၁ ကြိမ်မြောက် နိုင်ငံတကာ ရေနံသန့်စင်ခြင်းနဲ့ ရေနံထွက်ပစ္စည်းများပြပွဲကို အီရန်နိုင်ငံ တီဟီရန်မြို့မှာ ယမန်နေ့က စတင်ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီ ကုန်စည်ပြပွဲကို အီရန်မှ ကုမ္ပဏီ ၉၀၀၊ အခြား ၃၈ နိုင်ငံက ကုမ္ပဏီပေါင်း ၈၈၀ နဲ့ စုစုပေါင်း ကုမ္ပဏီ ၁၉၀၀ ခန့်ဟာ သူတို့ရဲ့ နောက်ဆုံးပေါ်ထုတ်ကုန်တွေကို ခင်းကျင်းပြသခဲ့ပါတယ်။

ဒီနှစ်ပြပွဲကို တက်ရောက်လာတဲ့ ကုမ္ပဏီအရေအတွက်ဟာ မနှစ်ကထက် ၆၀ ရာခိုင်နှုန်းလောက် ပိုများလာတာကို တွေ့ရပါတယ်။ အီရန်အာဏာပိုင်တွေရဲ့ပြောကြားချက်အရတော့ နိုင်ငံတကာက ပိတ်ဆို့မှုတွေ ရုပ်သိမ်းလိုက်အပြီးမှာ အီရန်ရဲ့ ရေနံစီမံကိန်းတွေမှာ ရင်းနှီးမြှုပ်နှံလိုတဲ့ ကမ္ဘာ့စီးပွားရေးလုပ်ငန်းတွေရဲ့ စိတ်ဝင်စားမှုဟာ မြင့်တက်လာတယ်လို့ သိရပါတယ်။

အရေးယူပိတ်ဆို့မှုတွေ ရုပ်သိမ်းပေးလိုက်ခြင်းဟာ အီရန်နိုင်ငံရဲ့ ရေနံတင်ပို့မှုစွမ်းရည်ကို နှစ်ဆမြင့်တက်သွားစေပြီး နိုင်ငံတကာ ကုမ္ပဏီတွေအနေနဲ့ အရေးကြီးတဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆွေးနွေးမှုတွေအတွက် အီရန်ကို ချဉ်းကပ်လာခဲ့ကြပါတယ်။

Ref: Presstv
============================
251 /End