၂၈ မေ ၂၀၁၆ - ၁၂:၂၇
 ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မည်

ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) ကို ဒေါ် အောင်ဆန်းစုကြည်က ဥက္ကဋ္ဌအ ဖြစ် တာဝန်ယူဆောင်ရွက်ပြီး ယခင်ကော်မတီအား ပြင်ဆင် ဖွဲ့စည်းလိုက်သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ(UPDJC) ခြောက်ကြိမ်မြောက်အစည်းအဝေးကို ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်၍ နေပြည်တော်၌ ကျင်းပနေစဉ် (ဓာတ်ပုံ − ဟိန်းထက်/အီးပီအေ)



ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) ကို ဒေါ် အောင်ဆန်းစုကြည်က ဥက္ကဋ္ဌအ ဖြစ် တာဝန်ယူဆောင်ရွက်ပြီး ယခင်ကော်မတီအား ပြင်ဆင် ဖွဲ့စည်းလိုက်သည်။

နိုင်ငံရေးဆွေးနွေးပွဲများအ တွက် အဓိကအဖွဲ့အစည်းဖြစ် သော UPDJC ကို မေလ ၂၇ ရက် ၌ ပြုလုပ်ခဲ့သည့် ခြောက်ကြိမ် မြောက်အစည်းအဝေးတွင် ပြင် ဆင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ဥက္ကဋ္ဌအဖြစ် နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ်က ဆောင်ရွက်မည် ဖြစ်ပြီး အစိုးရဘက်မှ ဒုဥက္ကဋ္ဌ(၁) အဖြစ် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ရုံးဝန်ကြီး ဦးကျော်တင့် ဆွေ၊ ဒုဥက္ကဋ္ဌ(၂)အဖြစ် ဒေါက် တာတင်မျိုးဝင်း၊ အတွင်းရေးမှူး အဖြစ် ဦးလှမောင်ရွှေတို့က ဆောင်ရွက်မည်ဖြစ်ကြောင်း အ စည်းအဝေးတက်ရောက်ခဲ့သူများ က ပြောသည်။

ထို့အပြင် ပြည်ထောင်စုငြိမ်း ချမ်းရေးညီလာခံတွင် ရွေး ကောက်ပွဲ၌ အနိုင်ရပြီး လွှတ် တော်တွင်း ရှိနေသည့် နိုင်ငံရေး ပါတီများကိုသာ ကိုယ်စားလှယ် အဖြစ် ပါဝင်ရန်မူကို ကိုင်စွဲထား ကြောင်းနှင့် လူမှုအဖွဲ့အစည်း (CSO)များကိုလည်း သီးခြားဖိုရမ် ပြုလုပ်ပြီး ပါဝင်ရန်မူကို ဆောင် ရွက်မည်ဖြစ်ကြောင်း ဒေါ်အောင် ဆန်းစုကြည်က ဆက်လက် ပြော ကြားခဲ့သည်။

‘‘အပြောင်းအလဲရှိမယ်ဆို တာ ရွေးကောက်ပွဲရလဒ်အရတင် မဟုတ်ပါဘူး။ ကျွန်မတို့အနေနဲ့ မူအရလည်း ပြောင်းလဲသင့်တယ် လို့ ထင်တဲ့ နေရာတွေမှာ ပြောင်း လဲမှာဖြစ်ပါတယ်။ နိုင်ငံရေးအဖွဲ့ အစည်းများနဲ့ ပတ်သက်လို့ရှိရင် မြန်မာနိုင်ငံမှာ လက်ရှိ နိုင်ငံရေး အဖွဲ့အစည်း ၉၀ ကျော်ရှိပါတယ်။၉၀ ကျော်တဲ့ အဖွဲ့အစည်းများ အားလုံးကို ငြိမ်းချမ်းရေးညီလာခံ ထဲမှာ ကိုယ်စားပြုရေး၊ မပြုရေး ဆိုတာ တစ်ယောက်နဲ့တစ် ယောက် သဘောထားတူညီမှုတွေ မရှိပါဘူး။ ကျွန်မတို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ အ ရင်တုန်းကလည်း ပြောခဲ့ပါတယ်။  အခုလည်း အဲဒီမူအတိုင်း ဆက် လက်ရပ်တည်သွားမှာပါ။ နိုင်ငံ ရေးအဖွဲ့အစည်းများရဲ့ ပါဝင်မှု ဟာ နိုင်ငံရေးအဖွဲ့အစည်းများက ပြည်သူလူထုကို လွှတ်တော်အ သီးသီးမှာ၊ ကိုယ်စားပြုမှုအပေါ် မှာ အခြေခံပြီးတော့ ဆောင်ရွက် ရမယ်လို့ ယုံကြည်ပါတယ်။ ပြော ချင်တာက ၉၀ ကျော်သော နိုင်ငံ ရေးပါတီအားလုံးမဟုတ်ဘဲနဲ့ လွှတ်တော်တစ်ခု(သို့မဟုတ်)တစ်ခုမှာ အနည်းဆုံး ကိုယ်စား လှယ်တစ်ဦးပါဝင်တဲ့ နိုင်ငံရေးပါ တီများကိုသာ ငြိမ်းချမ်းရေးညီလာခံထဲမှာ ကိုယ်စားလှယ်အဖြစ်နဲ့ ထည့်ဖို့ဆိုတာကို ကိုင်စွဲထားပါ တယ်’’ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ထို့အပြင် UPDJC ဥက္ကဋ္ဌက ‘‘ကျွန်မတို့နိုင်ငံမှာ လူမှုအဖွဲ့အ စည်း(CSO)တွေလည်း များလာပါပြီ။ CSO တွေကို ငြိမ်းချမ်းရေး ညီလာခံထဲမှာ ထည့်လိုက်မယ်ဆို ရင် အင်မတန်မှ ဖောင်းပွသွားနိုင်

ပါတယ်။ ညီလာခံရဲ့အဓိကလို အပ်ချက်ကတော့ ထိထိမိမိနဲ့ နိုင် ငံရေးဖြစ်စဉ်တွေကို အကောင်အ ထည်ဖော်ပေးနိုင်ဖို့ ဖြစ်ပါတယ်။ ဒါကြောင့် CSO ဖိုရမ်တစ်ခုထူ  ထောင်မယ်လို့ မူအရ စဉ်းစား ထားပြီး လုပ်သွားမှာဖြစ်ပါတယ်’’ ဟု ဆက်လက်ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်က ၂၁ ရာစု ပင်လုံညီလာခံကျင်းပ ရေးနှင့် အပစ်အခတ် ရပ်စဲရေး တွင် အဖွဲ့အားလုံးပါဝင်ရေးကို တစ်ပြိုင်နက်ဆောင်ရွက်မည်ဖြစ် ကြောင်း ပြောကြားထားသည်။ ပင်လုံညီလာခံပြင်ဆင်ရေးကော် မတီနှင့် NCA တွင် မပါဝင်သေး သည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များနှင့် ဆွေးနွေးရန် ဆပ်ကော်မတီတစ်ခုကိုလည်း အမျိုး သားပြန်လည်ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) အောက်တွင် ဖွဲ့စည်းပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင် သည့် UPDJC ကမူ နိုင်ငံရေးဆွေး နွေးပွဲ မူဘောင်များနှင့် ပြည် ထောင်စုငြိမ်းချမ်းရေးညီလာခံ အတွက် အဓိကဆောင်ရွက်မည့် ကော်မတီဖြစ်သည်။

UPDJC ကို ယခင်အစိုးရ လက်ထက်က ဖွဲ့စည်းရာတွင် အစိုးရ၊ တပ်မတော်နှင့် လွှတ် တော်တို့မှ ကိုယ်စားလှယ် ၁၆ ဦး၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များမှ ၁၆ ဦး၊ နိုင်ငံရေးပါတီကိုယ် စားပြု ၁၆ ဦးတို့ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

ပြင်ဆင်ဖွဲ့စည်းလိုက်သည့် UPDJC တွင် အစိုးရ၊ တပ်မတော်၊ လွှတ်တော်ဘက်မှ ဒုတိယဗိုလ် ချုပ်ကြီး (ငြိမ်း)ဦးခင်ဇော်ဦး၊ လေ ကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့ အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်း၊ ဒုတိယတပ်မ တော်လေ့ကျင့်ရေးအရာရှိချုပ် ဗိုလ်ချုပ် စိုးနိုင်ဦး၊ တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး နိုင်သက် လွင်၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး စသည့် ပုဂ္ဂိုလ်များ က အဖွဲ့ဝင်အဖြစ် ပါဝင်သည်။

တိုင်းရင်းသားလက်နက် ကိုင်နှင့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များကိုမူ ဆက်လက်ပြု လုပ်မည့် မေလ ၂၈ ရက်အစည်း အဝေးတွင်မှ အတည်ပြုနိုင်မည် ဖြစ်ကြောင်း သတင်းရရှိသည်။

ယခင် UPDJC တွင် တိုင်း ရင်းသားလက်နက်ကိုင်များဘက် မှ ဒုဥက္ကဋ္ဌအဖြစ် ဖဒိုစောကွယ်ထူး ဝင်း၊ ပါတီများမှ ဒုဥက္ကဋ္ဌအဖြစ် ဦးသုဝေတို့က ဆောင်ရွက်ခဲ့ သည်။

‘‘UPDJC က နိုင်ငံရေး ဆွေးနွေးပွဲတွေအတွက် တာဝန်ရှိ တယ်၊ Framework ပြင်ဖို့ တာဝန်ရှိတယ်။ NCA အတိုင်းသွားမယ်။ ဒါကို သူ (ဒေါ်အောင်ဆန်းစု ကြည်)က အတည်ပြုပါတယ်’’ဟု UPDJC အတွင်းရေးမှူး ဦးလှ မောင်ရွှေက ပြောသည်။

နိုင်ငံရေးလေ့လာသူ ဦးရဲ ထွန်းက ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အဓိကညှိနှိုင်းရမည့်အဖွဲ့အစည်း များမှာ အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အ ဖွဲ့များသာဖြစ်ကြောင်း ပြော သည်။

‘‘ဒေါ်အောင်ဆန်းစုကြည်က ဘာလုပ်လိုက်လဲဆိုတော့ အပြင်ကနေ Parallel ပေါ့။ CSO တွေ၊ ဘာတွေနဲ့ဖွဲ့ပြီး ဖိုရမ်တစ်ခုအပြင် က ကျင်းပတာမျိုးပေါ့။ တကယ် ညှိနှိုင်းတဲ့ အထဲမှာတော့ မဲပေးခွင့် တို့၊ ဘာတို့ မပေးတော့ဘဲနဲ့ အပြင်က လုပ်လိုက်မယ်ဆိုတဲ့ သဘောမျိုးပေါ့။ ပြောချင်တဲ့ သ ဘောက နည်းနည်းသဘောတူညီ ချက်တွေ၊ ဘာတွေ ရစရာရှိရင် မဆိုင်တဲ့သူက သိပ်ဝင်စွက်ဖက် စရာမရှိတဲ့အခါကျတော့ လက် တွေ့ကျကျ သဘောတူစရာရှိရင် မြန်မြန်ဆန်ဆန် သဘောတူညီ ချက်တွေ ရနိုင်တာပေါ့’’ဟု ဦးရဲ ထွန်းက သုံးသပ်သည်။

UPDJC အစည်းအဝေး ဒုတိယနေ့ကို မေလ ၂၈ ရက်တွင် ဆက်လက် ပြုလုပ်မည် ဖြစ် သည်။