အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အမျိုးသားလွှတ် တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၏ နေအိမ်၌ ဇွန် ၂ ရက် ညက ပြုလုပ်သည့် ညစာစားပွဲသို့ နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်တက်ရောက် ပြီး ငြိမ်းချမ်းရေးကိစ္စမေးမြန်း ဆွေးနွေးခဲ့ကြောင်း သတင်းရရှိ သည်။
ကချင်နှင့် ကယားပြည်နယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များကိုသာ ဖိတ်ကြားသော ယင်းညစာစားပွဲသို့ အမတ် ၁၈ ဦးတက်ရောက်ကြောင်း ကချင်ပြည်နယ်မဲဆန္ဒနယ် အမှတ် (၁၁) မှ ဦးခွန်ဝင်းသောင်းကပြောသည်။
‘‘ကချင်ပြည်နယ်နဲ့ ပတ် သက်လို့ ငြိမ်းချမ်းရေးအကြောင်း ဆွေးနွေးတယ်။ ဖားကန့်ကိစ္စ လည်း နည်းနည်းပါတယ်’’ဟု ၎င်း က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်က ဒေသနှင့် ပြည်သူများအခြေအနေကို မေးမြန်းပြီး အမတ်များကလည်း ပြန်လည်ဖြေကြားခဲ့ကြောင်း ညစာစားပွဲတက်ရောက် ခဲ့သူများထံမှ သိရသည်။
ကယားပြည်နယ်နှင့် ပတ် သက်၍လည်း ငြိမ်းချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများဆွေး နွေးခဲ့ကြောင်း ကယားအမတ်များထံမှ သိရသည်။
‘‘ငြိမ်းချမ်းရေးအကြောင်း အဓိကပြောဖြစ်ပါတယ်’’ဟု ကယား (၇)မှ ဦးအောင်ကျော်စိုး က ပြောသည်။
ကိုယ်စားလှယ်များဒေသသို့ ပြန်လျှင် ဒေသဖွံ့ဖြိုးရေးလုပ် ဆောင်ရန်နှင့် ပြည်သူများနှင့် တွေ့ဆုံရန် အတိုင်ပင်ခံပုဂ္ဂိုလ်က မှာကြားကြောင်းလည်း ၎င်းက ဆက်လက်ပြောသည်။
ကချင်ပြည်နယ်တွင် အင် အားကြီးတိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ ကေအိုင်အေအခြေစိုက် ပြီး ကယားပြည်နယ်တွင်မူ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ရှိနေသည်။
ထို့ပြင် အမျိုးသားလွှတ် တော်ဥက္ကဋ္ဌက မေးခွန်းနှင့် အဆို များတင်ရာတွင် လူထုနှင့် ဒေသ လိုလားချက်များ အဓိကထားရန် မှာကြားကြောင်း တက်ရောက်ခဲ့သူများက ပြောသည်။
ကချင်နှင့် ကယားပြည်နယ်တွင် အမျိုးသားလွှတ်တော်ထိုင်ခုံ ၂၄ နေရာရှိ သည့်အနက် ၂၀ အထိ ဒီချုပ်က ပိုင်ဆိုင်ထားသည်။
=====================
251 / End