၄ ဇွန် ၂၀၁၆ - ၁၉:၀၅
ရန်ကုန်မြို့တွင် လမ်းရှစ်ခုကို တစ်လမ်းမောင်းစနစ်ပြုလုပ်ရန် စီစဉ်

ယာဉ်ကြောကျပ်တည်း မှုလျော့ကျရန်နှင့် ယာဉ်အန္တရာယ် ကင်းရှင်းရန် ရည်ရွယ်၍ ရန်ကုန်မြို့တွင်း လမ်းရှစ်ခုကို တစ်လမ်းမောင်းစနစ် ပြုလုပ်ဆောင်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြထား ကြောင်း အမှတ်(၂) ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူးရုံးမှ သတင်းရရှိသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ယာဉ်ကြောကျပ်တည်း မှုလျော့ကျရန်နှင့် ယာဉ်အန္တရာယ် ကင်းရှင်းရန် ရည်ရွယ်၍ ရန်ကုန်မြို့တွင်း လမ်းရှစ်ခုကို တစ်လမ်းမောင်းစနစ် ပြုလုပ်ဆောင်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြထား ကြောင်း အမှတ်(၂) ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူးရုံးမှ သတင်းရရှိသည်။

‘‘ရွှေတိဂုံဘုရားလမ်းကို တစ်လမ်းမောင်းစနစ် စတင် လုပ် ဆောင်နေပြီ။ နောက်ထပ် တစ် လမ်းမောင်းလုပ်သွားမယ့် လမ်း ရှစ်ခုကို စာရင်းပြုစုပြီး တိုင်းဒေသ ကြီးအစိုးရကိုတင်ပြထားတယ်။ အတည်ပြုချက်တော့ မရသေးဘူး။ ဒီလမ်းတွေကို တစ်လမ်းမောင်းစနစ်လုပ်ဆောင်ဖို့ ညွှန်ကြားချက်ကျလာတာနဲ့ စတင်လုပ်ဆောင်မယ်’’ဟု အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ ဒုရဲမှူးကြီးအောင်ကိုဦးက ပြောကြားသည်။

မေလ ၃၀ ရက်မှစ၍ မဟာ ဗန္ဓုလလမ်းနှင့် အနော်ရထာလမ်း အကြားရှိ ရွှေတိဂုံဘုရားလမ်းကို တစ်လမ်းမောင်းစနစ်ကျင့်သုံးနေ ပြီး ဇွန်လအတွင်း ယင်းလမ်းအ တွင်းသို့ မသိဘဲ လမ်းကြောင်းမှား ယွင်းဝင်ရောက်လာသည့် ယာဉ် များကို အရေးယူခြင်းမပြုလုပ်ဘဲ ပညာပေးကာလအဖြစ် သတ်မှတ် ထားသည်။ ပညာပေးကာလ နောက်ပိုင်း လမ်းကြောင်းမှား ယွင်း ဝင်ရောက်လျှင် သတ်မှတ် ထားသည့် မော်တော်ယာဉ်ဥပဒေ များအတိုင်း အရေးယူမည် ဖြစ် ကြောင်း ၎င်းက ဆိုသည်။


ထို့အပြင် ပြည်လမ်း တစ် လျှောက် မြေနီကုန်းတံတားအ ဆင်းမှ အေဒီမီးပွိုင့်အထိ လမ်း လယ်ကွန်ကရစ်တုံးများ ဖယ်ရှား ၍ ပန်းခုံ(flowerbox)များ တပ် ဆင်ရန် တိုင်းဒေသကြီးအစိုးရထံ တင်ပြထားကြောင်း အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ သ တင်းရရှိသည်။

မေလ ၂၈ ရက်မှ စကာ အနော်ရထာလမ်းပေါ်ရှိ လမ်း လယ်ကျွန်း ကွန်ကရစ်တုံးများ ဖယ်ရှားနေပြီး အဆိုပါကွန်ကရစ် တုံးများကို စော်ဘွားကြီးကုန်း ဂိတ်အမှတ်(၃)နှင့် (၄)တွင် ပြန် လည်အသုံးပြုမည်ဟု ဆိုသည်။

=====================
251 / End