အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ထိုင်းနိုင်ငံ တောင်ပိုင်းရှိ ပတ္တနီ ဒေသတွင် ဗုံးနှစ်လုံး ပေါက်ကွဲရာ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သော်လည်း လူအသေအပျောက် မရှိခဲ့ဟု သိရသည်။
ပါနာရီနှင့် မေယိုတို့တွင် ဇွန် ၆ ရက် နံနက်အစောပိုင်းက ဗုံးတစ်လုံးစီ ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။ ပထမဗုံးသည် ပါနာရီရှိ အများပိုင် စာကြည့်တိုက် တစ်ခုတွင် ဒေသစံတော်ချိန် နံနက် ၆ နာရီ၌ ပေါက်ကွဲခဲ့သည်။ ဗုံးဒဏ်ကြောင့် အဆောက်အအုံ အစိတ်အပိုင်းအချို့ ပျက်စီးခဲ့သော်လည်း လူတစ်ဦးတစ်ယောက်ကိုမျှ မထိခိုက်ခဲ့ချေ။
ဒေသစံတော်ချိန် ၇ နာရီခွဲတွင် မေယိုရှိ အသစ်ဖွင့်လှစ်ထားသော လျှပ်စစ်ဓာတ်အား ဦးစီးဌာန ရုံးခွဲ အဆောက်အအုံ၌ ဒုတိယဗုံး ပေါက်ကွဲခဲ့ပြန်သည်။ ဗုံးပေါက်ကွဲမှုများ အပြီးတွင် အနီးအနား နေရာများ၌ နောက်ထပ် ဗုံးများ ထောင်ထားခြင်း ရှိမရှိ ဗုံးရှင်းလင်းရေး အဖွဲ့များက စစ်ဆေး ရှာဖွေသော်လည်း မသင်္ကာစရာ မည်သည့်အရာမျှ မတွေ့ခဲ့ကြောင်း သိရသည်။
မေယိုတွင် ဇွန် ၅ ရက် ညပိုင်းကလည်း လူအများ အထိတ်တလန့် ဖြစ်စေမည့် အခြေအနေနှစ်ခု ပေါ်ပေါက်ခဲ့သေးသည်။ ဘာလူကာတူငို ကျေးရွာတွင် ထရန်စဖော်မာတစ်လုံး ပစ်ခတ်ဖျက်ဆီး ခံရသလို မေယိုအနီးရှိ တံတားတစ်စင်းပေါ်တွင် ကားတာရာတစ်လုံး မီးရှို့ခံရကြောင်းလည်း သိရသည်။ ထို့အပြင် သေနတ်သံ အချို့ကိုလည်း ကြားခဲ့ရကြောင်း ဒေသခံများက ဆိုသည်။
အဆိုပါ ဖြစ်ရပ်များတွင်လည်း မည်သူတစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာရခြင်း မရှိခဲ့ဘဲ ယခုလုပ်ရပ် ကျူးလွန်သူများသည် လူအများကို အထိတ်တလန့် ဖြစ်စေရုံသာ ရည်ရွယ်ခြင်းဟု ပြောကြားခဲ့သည်။
==========================
251 / End