အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဒိန်းမတ်အစိုးရက မြန်မာ လုပ်သားများအား လုပ်ငန်းခွင်အ တွင်း နည်းပညာဆိုင်ရာလေ့ကျင့် သင်ကြားပေးမှုနှင့် အရည်အသွေး မြှင့်တင်ရေးအပါအ၀င် လုပ်ငန်း ခွင်ကိစ္စရပ်များဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများကို ကူညီမည် ဖြစ်ကြောင်း သတင်းရရှိသည်။
အလုပ်သမားဈေးကွက်ဆိုင် ရာ အနာဂတ်ပူးပေါင်းဆောင်ရွက် မှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံဆိုင် ရာ ဒိန်းမတ်သံအမတ်နှင့်အလုပ် သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့ ဧပြီလ ကုန်က တွေ့ဆုံဆွေးနွေးရာတွင် ယင်းသို့ သဘောတူညီချက်အချို့ ရရှိခဲ့ခြင်းဖြစ်ကြောင်း အလုပ်သ မားညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိ သူတစ်ဦးက ပြောသည်။
‘‘ဒိန်းမတ်အစိုးရက မြန်မာ အလုပ်သမားတွေအရေးနဲ့ပတ် သက်လို့ ပူးပေါင်းဆောင်ရွက် မယ်။ အကူအညီတချို့ကို ပေး သွားမယ်လို့တော့ ကနဦးလက်ခံ သဘောတူထားတယ်’’ဟု ၎င်းက ပြောသည်။
လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင် ရာ အကြံပြုခြင်း၊ နည်းပညာကျွမ်း ကျင်မှုဆိုင်ရာ လေ့ကျင့်သင်ကြား ပေးမှုများ ဆောင်ရွက်ပေးခြင်း၊ ဒိန်းမတ်နိုင်ငံ၏ လူမှုရေးရာဆွေး နွေးမှုအတွေ့အကြုံများကို ဒိန်း မတ်နိုင်ငံ လုပ်ငန်းခွင်ပတ်ဝန်း ကျင် အာဏာပိုင်အဖွဲ့ ကျွမ်းကျင် သူများက ပူးပေါင်းမျှဝေခြင်းများ ဆောင်ရွက်မည်ဟု နှစ်ဖက်တွေ့ ဆုံမှုအပြီး သတင်းထုတ်ပြန်ထား သည်။
ထို့အပြင် မြန်မာနိုင်ငံဆိုင် ရာ ဒိန်းမတ်သံရုံး၌ အလုပ်သမား ဈေးကွက်ဆိုင်ရာ သံမှူးတစ်ဦး ခန့်အပ်မည်ဟု ထုတ်ဖော်ပြော ကြားသည်။
သို့သော် မည်သည့်ကာလ တွင် ခန့်အပ်မည်ဟု ဒိန်းမတ်သံရုံး က အတိအကျမပြောကြောင်း အထက်ပါတာဝန်ရှိသူက ဆို သည်။
လုပ်သားများ၏ လုပ်ငန်းခွင် ကျွမ်းကျင်မှုနှင့် အလုပ်သမားဈေး ကွက်ဆိုင်ရာ ကိစ္စရပ်များ မျှဝေ ပူးပေါင်းကူညီမည့်ရန်သာ အဓိ က ဆွေးနွေးပြီး ယင်းနိုင်ငံသို့ အ လုပ်သမားခေါ်ယူမှု ကိစ္စရပ်များ ဆွေးနွေးမှုတွင် မပါဝင်ခဲ့ကြောင်း သတင်းရရှိသည်။
မြန်မာအလုပ်သမားများ လုပ်ငန်းခွင်ကျွမ်းကျင်မှုနှင့် အ ရည်အသွေးမြှင့်တင်နိုင်ရေးကိစ္စ ရပ်များတွင် ပူးပေါင်းကူညီမှုပြု လုပ်ရန် ဂျပန်နှင့် ကိုရီးယားနိုင်ငံ အစိုးရတို့နှင့်လည်း ဆွေးနွေးမှု များ ပြုလုပ်ထားကြောင်း အလုပ် သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်း ဆွေက ပြောကြားထားသည်။
==========================
251 / End