၁၁ ဇွန် ၂၀၁၆ - ၁၇:၂၄
မြန်မာ့ပင်လယ်ပြင်မှ ငါးဖမ်းမိမှုနည်းလာ၍ အအေးခန်း စက်ရုံများအတွက် ပြည်ပမှ ငါးတင်သွင်းခွင့်ရရန် တင်ပြ

မြန်မာ့ပင်လယ်ပြင်မှ ငါးဖမ်းဆီးရရှိမှု လျော့နည်းလာ သဖြင့် အအေးခန်းစက်ရုံများ အတွက် ပြည်ပမှ ငါးတင်သွင်းခွင့်ပြုရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသို့ တင် ပြထားကြောင်း မြန်မာနိုင်ငံ ရေ ထွက်ပစ္စည်း ထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးမျိုးညွန့်က ပြောသည်။ ပြည်ပတင်ပို့မှု ကျဆင်းနေ ၍ အအေးခန်းစက်ရုံများအတွက် အခြားနိုင်ငံများမှ ငါးများတင် သွင်းကာ ကုန်ချောထုတ်လုပ်၍ ပြည်ပသို့ ပြန်လည်တင်ပို့ခွင့်ပြု ရေး အစိုးရက တရားဝင်ခွင့်ပြုစေ ရန် တင်ပြခြင်းဖြစ်သည်။ ‘‘အအေးခန်း စက်ရုံတွေ အတွက် ငါးကုန်ကြမ်းနည်းတော့ ရေလုပ်ငန်းကနေ ဝင်ငွေ အများ ကြီး ဆွဲတင်ဖို့ဆိုရင် ပြည်ပကနေ ကုန်ကြမ်းဝယ်ယူပြီး ပြုပြင်ထုတ် လုပ်ပြီးတော့ ပြန်တင်ပို့နိုင်တဲ့ ရီအိတ်စ်ပို့စ်ဆိုတဲ့ လုပ်ငန်းကို ခွင့် ပြုပေးဖို့ လိုနေပြီလို့ အဓိကထား ပြီး ပြည်ထောင်စုဝန်ကြီးကို ပြော ခဲ့တယ်’’ ဟု ဦးမျိုးညွန့်က ပြော သည်။ရေလုပ်ငန်း၌ ငါးမွေးမြူရေး ကဏ္ဍ မြှင့်တင်ရေး မလုပ်နိုင်မီ အအေးခန်းများအတွက် လိုအပ် သည့် ငါးများကို ပြည်ပနိုင်ငံများမှ တင်သွင်းခွင့်ပြုပေးပါက အအေး ခန်းစက်ရုံများ ကုန်ချောထုတ်လုပ်မှု မြင့်တက်လာဖွယ်ရှိနေကြောင်းဆိုသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 မြန်မာ့ပင်လယ်ပြင်မှ ငါးဖမ်းဆီးရရှိမှု လျော့နည်းလာ သဖြင့် အအေးခန်းစက်ရုံများ အတွက် ပြည်ပမှ ငါးတင်သွင်းခွင့်ပြုရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသို့ တင် ပြထားကြောင်း မြန်မာနိုင်ငံ ရေ ထွက်ပစ္စည်း ထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးမျိုးညွန့်က ပြောသည်။

ပြည်ပတင်ပို့မှု ကျဆင်းနေ ၍ အအေးခန်းစက်ရုံများအတွက် အခြားနိုင်ငံများမှ ငါးများတင် သွင်းကာ ကုန်ချောထုတ်လုပ်၍ ပြည်ပသို့ ပြန်လည်တင်ပို့ခွင့်ပြု ရေး အစိုးရက တရားဝင်ခွင့်ပြုစေ ရန် တင်ပြခြင်းဖြစ်သည်။

‘‘အအေးခန်း စက်ရုံတွေ အတွက် ငါးကုန်ကြမ်းနည်းတော့ ရေလုပ်ငန်းကနေ ဝင်ငွေ အများ ကြီး ဆွဲတင်ဖို့ဆိုရင် ပြည်ပကနေ ကုန်ကြမ်းဝယ်ယူပြီး ပြုပြင်ထုတ် လုပ်ပြီးတော့ ပြန်တင်ပို့နိုင်တဲ့ ရီအိတ်စ်ပို့စ်ဆိုတဲ့ လုပ်ငန်းကို ခွင့် ပြုပေးဖို့ လိုနေပြီလို့ အဓိကထား ပြီး ပြည်ထောင်စုဝန်ကြီးကို ပြော ခဲ့တယ်’’ ဟု ဦးမျိုးညွန့်က ပြော သည်။ရေလုပ်ငန်း၌ ငါးမွေးမြူရေး ကဏ္ဍ မြှင့်တင်ရေး မလုပ်နိုင်မီ အအေးခန်းများအတွက် လိုအပ် သည့် ငါးများကို ပြည်ပနိုင်ငံများမှ တင်သွင်းခွင့်ပြုပေးပါက အအေး ခန်းစက်ရုံများ ကုန်ချောထုတ်လုပ်မှု မြင့်တက်လာဖွယ်ရှိနေကြောင်းဆိုသည်။

ဗီယက်နမ်နိုင်ငံသည် ဆော် လမွန်ငါးမွေးမြူ ဖမ်းဆီးရမိမှု မရှိ သော်လည်း ပြည်ပမှ တင်သွင်း ပြီး ပြန်လည်တင်ပို့နေသဖြင့် ငါး အမျိုးအစားသစ် တင်ပို့နိုင်သကဲ့ သို့ အလုပ်အကိုင်အခွင့်အလမ်း သစ်များနှင့် ပြည်ပဝင်ငွေလည်း တိုးတက်နေကြောင်း ဦးမျိုးညွန့် က ပြောသည်။

‘‘ဗီယက်နမ်နိုင်ငံရဲ့ အောင် မြင်နေတဲ့ အဲဒီငါးလုပ်ငန်းပုံစံမျိုး ကို ကော်ပီကူးလိုက်ရုံနဲ့ ကျွန် တော်တို့ ရေလုပ်ငန်းမှာ အောင် မြင်နိုင်တယ်’’ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောသည်။ ထို့အပြင် ထိုင်းနိုင်ငံ၏ ပင် လယ်ပြင်တွင် ငါးသယံဇာတ မရှိ သလောက် ဖြစ်နေသော်လည်း အထက်ပါ လုပ်ငန်းမျိုး ဆောင် ရွက်နေသဖြင့် ရေလုပ်ငန်းမှ နှစ် စဉ်ဝင်ငွေ ကန်ဒေါ်လာ ခုနစ်ဘီလီယံကျော် ရရှိနေကြောင်း သိရ သည်။

===================
251 / End