၁၂ ဇွန် ၂၀၁၆ - ၁၉:၀၀
နတ်တလင်းနှင့် ပေါင်းတည်တွင် သစ်ပင်ပိပြီး နှစ်ဦးသေ

ပဲခူးတိုင်းဒေသကြီး နတ်တ လင်းနှင့် ပေါင်းတည်မြို့တွင် သစ် ပင်လဲကျသဖြင့် အမျိုးသားတစ်ဦး နှင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ ကြောင်း သတင်းရရှိသည်။ ဇွန်လ ၁၀ ရက် ညနေ ၄ နာရီခန့်က နတ်တလင်းမြို့ ရန်ကုန် - ပြည် လမ်းမကြီးတွင် ဆိုင်ကယ် မောင်းနှင်လာသည့် အသက်(၆၉)နှစ်အရွယ် အမျိုးသားတစ်ဦး ပေါ်သို့ လမ်းဘေးမှ စိန်ပန်းပင်လဲ ကျခဲ့ပြီး ၎င်းသေဆုံးခဲ့သည်။ ဇွန်လ ၁၁ ရက် နံနက် ၅ နာရီခန့်က ပေါင်းတည်မြို့မရဲစ ခန်းရှိ ရဲတန်းလျားပေါ်သို့ ညောင် ပင်လဲကျရာ အသက် (၂၅)နှစ်အ ရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ပဲခူးတိုင်းဒေသကြီး နတ်တ လင်းနှင့် ပေါင်းတည်မြို့တွင် သစ် ပင်လဲကျသဖြင့် အမျိုးသားတစ်ဦး နှင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ ကြောင်း သတင်းရရှိသည်။

ဇွန်လ ၁၀ ရက် ညနေ ၄ နာရီခန့်က နတ်တလင်းမြို့ ရန်ကုန် - ပြည် လမ်းမကြီးတွင် ဆိုင်ကယ် မောင်းနှင်လာသည့် အသက်(၆၉)နှစ်အရွယ် အမျိုးသားတစ်ဦး ပေါ်သို့ လမ်းဘေးမှ စိန်ပန်းပင်လဲ ကျခဲ့ပြီး ၎င်းသေဆုံးခဲ့သည်။

ဇွန်လ ၁၁ ရက် နံနက် ၅ နာရီခန့်က ပေါင်းတည်မြို့မရဲစ ခန်းရှိ ရဲတန်းလျားပေါ်သို့ ညောင် ပင်လဲကျရာ အသက် (၂၅)နှစ်အ ရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ သည်။

‘‘လမ်းမကြီးပေါ်မှာ ဆိုင် ကယ်မောင်းနေတဲ့အချိန် လမ်း ဘေးသစ်ပင်လဲကျပြီး သစ်ကိုင်းနဲ့ ရိုက်မိလို့ အဲဒီနေရာမှာပဲ သေ သွားတယ်လို့ သိရတယ်’’ဟု နတ္တ လင်းမြို့နယ် တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ် ဦးကျော် ကျော်နိုင်က ပြောသည်။


မိုးရေ၀ပ်၍ ညောင်ပင်အမြစ်ပွလဲကျနေသည်ကို တွေ့ရစဉ်  ဓာတ်ပုံ − ချစ်ကို (ပေါင်းတည်မြို့ ပြည်သူ့အကျိုးဆောင်ကွန်ရက်)


သစ်ပင်များလဲကျခြင်းသည် လေပြင်းတိုက်ခိုက်ခြင်းကြောင့် မဟုတ်ဘဲ ဒေသအတွင်း မိုးများ ကာ သုံးရက်ဆက်တိုက် ရွာသွန်း နေခြင်းကြောင့် သစ်ပင်များ ခြေ ရင်းတွင် ရေ၀ပ်ကာ သစ်ပင်အ မြစ်များပွပြီး လဲကျခြင်းဖြစ်နိုင် ကြောင်း ဒေသခံများက သုံးသပ် သည်။

‘‘မိုးက သုံးရက်ဆက်တိုက် လောက် မပြတ်ရွာနေတော့ ရဲ စခန်းဝင်းထဲမှာ ရေ၀ပ်နေတယ်။ အဲဒီမှာ ညောင်ပင်က အမြစ်ပွပြီး လဲကျတယ်။ ရဲတန်းလျား အစွန် ဆုံးအခန်းပေါ် တည့်တည့်လဲကျ တော့ ရဲတပ်သားတစ်ဦးရဲ့ မိန်းမ ကို ပိမိပြီး သေသွားတယ်။ မီး သတ်တပ်ဖွဲ့တွေ၊ ရဲတပ်ဖွဲ့ဝင် တွေနဲ့ ကျွန်တော်တို့အဖွဲ့အပါအ ၀င် အားလုံးရှင်းလင်းကြတာ အ လောင်းကို ငါးနာရီလောက်ကြာမှ သယ်ယူနိုင်တယ်’’ဟု ပေါင်းတည် မြို့နယ် ပြည်သူ့အကျိုးဆောင် ကွန်ရက်မှ ဦးချစ်ကိုကပြောသည်။

ပဲခူးတိုင်းဒေသကြီး အ နောက်ပိုင်း ပြည်မြို့တွင်လည်း သုံးရက်ကြာ မိုးဆက်တိုက်ရွာ သွန်းမှုကြောင့် ပြည်တက္ကသိုလ် အပါအ၀င် မြို့ပေါ်ရပ်ကွက်များ၊ ကားလမ်းမကြီးများပေါ်တွင် မိုး ရေ၀ပ်ခြင်း၊ သစ်ပင်များလဲကျ ခြင်းများ ဖြစ်ပေါ်နေကြောင်း ဒေ သခံများက ပြောသည်။

===================
251 / End