၁၃ ဇွန် ၂၀၁၆ - ၁၃:၄၈
အိုင်အက်စ်လက်မှ မိုဆူးလ်မြို့ကို အီရတ်စစ်တပ် ပြန်လည်သိမ်းယူနိုင်ရန် အလားအလာကောင်းနေ

အိုင်အက်စ်တို့ ထိန်းချုပ်ထားရာ မိုဆူးလ်မြို့ကို အီရတ်တပ်ဖွဲ့များ ပြန်လည် သိမ်းယူနိုင်ရန် အခြေအနေများ တိုးတက်လာကြောင်း သိရသည်။ အီရတ်မြောက်ပိုင်းရှိ မိုဆူးလ်နှင့် အနီးတဝိုက် ဒေသများကို အိုင်အက်စ်တို့က အင်အား အလုံးအရင်း ဖြန့်ကျက်ပြီး ထိန်းသိမ်းထားရန် ဆက်လက် အားထုတ်နေသော်လည်း လတ်တလောတွင် အီရတ် အစိုးရတပ်များနှင့် မဟာမိတ် လက်နက်ကိုင် အဖွဲ့များသည် မိုဆူးလ်အနီးရှိ စစ်ရေးအရ အချက်အခြာကျသော ကျေးရွာတစ်ခုသို့ ပိုမိုနီးစပ်စွာ ထိုးဖောက် ချီတက်နေပြီ ဖြစ်သည်။ အီရတ်စစ်တပ်သည် ကျေးရွာအချို့ကို သိမ်းပိုက်ပြီးနောက် ဇွန် ၁၂ ရက်တွင် မိုဆူးလ်တောင်ပိုင်းရှိ ဟက်ဂ်ျအလီ ကျေးရွာသို့ တရွေ့ရွေ့ ချဉ်းကပ်လျက် ရှိသည်။ ထိုအတောအတွင်း အိုင်အက်စ်တို့ ခြေကုပ်ယူထားသည့် နေရာများကို အီရတ် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေပြီး အမေရိကန် လေတပ်ကလည်း ပစ်ကူပေးလျက် ရှိသည်။ အိုင်အက်စ်တို့သည် အနီးရှိ ခါရိုက်ဘ်ဂျဘား ကျေးရွာကိုမူ စွန့်ခွာ ထွက်ပြေးသွားပြီဟု သိရသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အိုင်အက်စ်တို့ ထိန်းချုပ်ထားရာ မိုဆူးလ်မြို့ကို အီရတ်တပ်ဖွဲ့များ ပြန်လည် သိမ်းယူနိုင်ရန် အခြေအနေများ တိုးတက်လာကြောင်း သိရသည်။

အီရတ်မြောက်ပိုင်းရှိ မိုဆူးလ်နှင့် အနီးတဝိုက် ဒေသများကို အိုင်အက်စ်တို့က အင်အား အလုံးအရင်း ဖြန့်ကျက်ပြီး ထိန်းသိမ်းထားရန် ဆက်လက် အားထုတ်နေသော်လည်း လတ်တလောတွင် အီရတ် အစိုးရတပ်များနှင့် မဟာမိတ် လက်နက်ကိုင် အဖွဲ့များသည် မိုဆူးလ်အနီးရှိ စစ်ရေးအရ အချက်အခြာကျသော ကျေးရွာတစ်ခုသို့ ပိုမိုနီးစပ်စွာ ထိုးဖောက် ချီတက်နေပြီ ဖြစ်သည်။

အီရတ်စစ်တပ်သည် ကျေးရွာအချို့ကို သိမ်းပိုက်ပြီးနောက် ဇွန် ၁၂ ရက်တွင် မိုဆူးလ်တောင်ပိုင်းရှိ ဟက်ဂ်ျအလီ ကျေးရွာသို့ တရွေ့ရွေ့ ချဉ်းကပ်လျက် ရှိသည်။ ထိုအတောအတွင်း အိုင်အက်စ်တို့ ခြေကုပ်ယူထားသည့် နေရာများကို အီရတ် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေပြီး အမေရိကန် လေတပ်ကလည်း ပစ်ကူပေးလျက် ရှိသည်။ အိုင်အက်စ်တို့သည် အနီးရှိ ခါရိုက်ဘ်ဂျဘား ကျေးရွာကိုမူ စွန့်ခွာ ထွက်ပြေးသွားပြီဟု သိရသည်။

“စစ်ဆင်ရေး စတုန်းက ရန်သူဘက်က တော်တော်လေး ကြံ့ကြံ့ခံခဲ့သေးတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဘက်က ပစ်အားကို သေချာသိလာတော့ စပြီး ဆုတ်ခွာကုန်တာပါ”ဟု အီရတ်စစ်တပ် တာဝန်ရှိသူ တစ်ဦးက Reutersသို့ ပြောကြားခဲ့သည်။ အိုင်အက်စ်တို့သည် ၎င်းတို့ စတင်အင်အားကောင်းလာသည့် လွန်ခဲ့သည့် ၂ နှစ်ခန့် ကတည်းက မိုဆူးလ်ကို သိမ်းပိုက် ထိန်းချုပ်ထားခြင်း ဖြစ်သည်။

၎င်းတို့သည် အီရတ်နှင့် အိမ်နီးချင်း ဆီးရီးယားမှ နယ်မြေ အမြောက်အမြားကို ထိန်းချုပ်ပြီးနောက် အစ္စလာမ်မစ် ကိုယ်ပိုင်နိုင်ငံ တစ်ခုအနေဖြင့် သတ်မှတ် ကြေညာခဲ့သည်။ သို့သော်လည်း ပြီးခဲ့သည့ လပိုင်းများအတွင်း အမေရိကန်နှင့် မဟာမိတ် တပ်ဖွဲ့များ၏ လေတပ်ပစ်ကူပေးမှု အထောက်အပံ့များ အပါအဝင် အရှိန်မြှင့်လာသည့် အီရတ်အစိုးရ၏ စစ်ဆင်ရေးများကြောင့် အိုင်အက်စ်တို့ လက်ဆုပ်လက်ကိုင် နယ်မြေများ တဖြည်းဖြည်း လျော့ပါး ဆုံးရှုံးလာခဲ့သည်။

===================
251 / End