၁၉ ဇွန် ၂၀၁၆ - ၁၅:၀၁
ခရီးဆောင်အိတ်များကို လက်လွတ်စပယ်ပြုမူခဲ့သည့် ရန်ကုန်လေဆိပ်ဝန်ထမ်းနှစ်ဦးအား အရေးယူမည်

အွန်လိုင်းပေါ်တွင်ပျံ့နှံ့ခဲ့သော ရန်ကုန်လေဆိပ်၌ ခရီးဆောင်အိတ်များကို ပစ္စည်းတင် သည့်ကားပေါ်သို့ ပစ်တင်ခဲ့သော နေ့စားဝန်ထမ်းနှစ်ဦးအား အရေးယူမည်ဖြစ်ကြောင်း YAG (YANGON AIRPORT GROUP)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ‘‘သူတို့နှစ်ယောက်ကို အ လုပ်တော့မထုတ်ရသေးပါဘူး။ ဝန်ထမ်းကတ်တွေတော့ သိမ်း လိုက်တယ်။ နှစ်ယောက်စလုံးက လည်း နေ့စားဝန်ထမ်းတွေပါ။ သူ တို့ကို သတိပေးမှုတွေလုပ်ပြီးသား ပါ။ တနင်္လာနေ့ကျရင် ဖြစ်စဉ်ကို မေးပြီး အလုပ်ကနေခေတ္တအနား ပေးမယ်။ အလုပ်တော့ထုတ်ပစ် တာတွေ မလုပ်ပါဘူး’’ဟု အဆိုပါ ကုမ္ပဏီမှ ဦးတင်ထွန်းအောင်က ပြောသည်။ အဆိုပါအမျိုးသားဝန်ထမ်း နှစ်ဦး ပစ္စည်းတင်ချနေသည့် ဗီဒီ ယိုဖိုင်ကို ဇွန်လ ၁၇ ရက်တွင် လူ မှုကွန်ရက်စာမျက်နှာပေါ်သို့ စင် ကာပူနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန် လည်ရောက်ရှိလာသည့် အမျိုး သားတစ်ဦးက ဗီဒီယိုရိုက်ကာ တင်ခဲ့ခြင်းဖြစ်သည်။ ‘‘လေဆိပ်မှာက လေယာဉ် တွေ အချိန်နဲ့ထွက်တာဖြစ်တဲ့အ တွက် ပစ္စည်းတွေအတင်အချလုပ် တဲ့အခါ အခုလိုပစ်တင်တာတွေရှိ တယ်။ ကျွန်တော်တို့နိုင်ငံမှပဲ မဟုတ်ပါဘူး။ တခြားနိုင်ငံတွေ လည်း ဒီလိုလုပ်ပါတယ်။ ငါ့ ပစ္စည်းမဟုတ်လို့ ကွဲပါစေ၊ ပျက်စီးပါစေဆိုတဲ့ စိတ်ဓာတ်နဲ့ လုပ်တာ မဟုတ်ပါဘူး’’ဟု ရန်ကုန်အပြည် ပြည်ဆိုင်ရာ လေဆိပ်မှ တာဝန် ရှိသူတစ်ဦးက ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


အွန်လိုင်းပေါ်တွင်ပျံ့နှံ့ခဲ့သော ရန်ကုန်လေဆိပ်၌ ခရီးဆောင်အိတ်များကို ပစ္စည်းတင် သည့်ကားပေါ်သို့ ပစ်တင်ခဲ့သော နေ့စားဝန်ထမ်းနှစ်ဦးအား အရေးယူမည်ဖြစ်ကြောင်း YAG (YANGON AIRPORT GROUP)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

‘‘သူတို့နှစ်ယောက်ကို အ လုပ်တော့မထုတ်ရသေးပါဘူး။ ဝန်ထမ်းကတ်တွေတော့ သိမ်း လိုက်တယ်။ နှစ်ယောက်စလုံးက လည်း နေ့စားဝန်ထမ်းတွေပါ။ သူ တို့ကို သတိပေးမှုတွေလုပ်ပြီးသား ပါ။ တနင်္လာနေ့ကျရင် ဖြစ်စဉ်ကို မေးပြီး အလုပ်ကနေခေတ္တအနား ပေးမယ်။ အလုပ်တော့ထုတ်ပစ် တာတွေ မလုပ်ပါဘူး’’ဟု အဆိုပါ ကုမ္ပဏီမှ ဦးတင်ထွန်းအောင်က ပြောသည်။

အဆိုပါအမျိုးသားဝန်ထမ်း နှစ်ဦး ပစ္စည်းတင်ချနေသည့် ဗီဒီ ယိုဖိုင်ကို ဇွန်လ ၁၇ ရက်တွင် လူ မှုကွန်ရက်စာမျက်နှာပေါ်သို့ စင် ကာပူနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန် လည်ရောက်ရှိလာသည့် အမျိုး သားတစ်ဦးက ဗီဒီယိုရိုက်ကာ တင်ခဲ့ခြင်းဖြစ်သည်။

‘‘လေဆိပ်မှာက လေယာဉ် တွေ အချိန်နဲ့ထွက်တာဖြစ်တဲ့အ တွက် ပစ္စည်းတွေအတင်အချလုပ် တဲ့အခါ အခုလိုပစ်တင်တာတွေရှိ တယ်။ ကျွန်တော်တို့နိုင်ငံမှပဲ မဟုတ်ပါဘူး။ တခြားနိုင်ငံတွေ လည်း ဒီလိုလုပ်ပါတယ်။ ငါ့ ပစ္စည်းမဟုတ်လို့ ကွဲပါစေ၊ ပျက်စီးပါစေဆိုတဲ့ စိတ်ဓာတ်နဲ့ လုပ်တာ မဟုတ်ပါဘူး’’ဟု ရန်ကုန်အပြည် ပြည်ဆိုင်ရာ လေဆိပ်မှ တာဝန် ရှိသူတစ်ဦးက ပြောသည်။

လေယာဉ်ပေါ်သို့ ပစ္စည်း အိတ်များ တင်ဆောင်ရာတွင် အ ချိန်သတ်မှတ်ချက်ရှိ၍ တစ်ခါတစ်ရံ ပစ္စည်းများကို အမြန်ပစ်တင်ရ ပြီး ခရီးသည်များ၏ လက်ကိုင် အိတ်များ ပျက်စီးမှုဖြစ်ပေါ်ပါက လာရောက်တိုင် ကြားနိုင်ကြောင်း YAG (YAN-GON AIRPORT GROUP)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

‘‘ဗီဒီယိုဖိုင်မှာပါတဲ့ လေ ယာဉ်ဆို နာရီဝက်ပဲအချိန်ရ တယ်။ ပစ္စည်းလည်း တင်ရတယ်၊ ပစ္စည်းတွေလည်း ချရတယ်။ ကိုယ့်ပစ္စည်းတွေ ပျောက်တာ၊ ပျက်စီးသွားတယ်ဆိုရင် လာတိုင်လို့ရပါတယ်။ ပစ္စည်းတန်ဖိုးကို သတ်မှတ်ထားတဲ့ တန်ဖိုးအတိုင်း ပေးလျော်ပါတယ်။ ပျက်စီးစေလို တဲ့ စိတ်နဲ့တော့ လုပ်တာမဟုတ်ပါ ဘူး’’ဟု ၎င်းက ပြောသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပြည်တွင်း၊ ပြည်ပခရီး သွားဝင်ထွက်မှုမှာ ၂၀၁၃ တွင် ပြည်တွင်းလေကြောင်းလိုင်း ၂၈ ခုတို့မှ ခရီးသည် ၄ ဒသမ ၇၀၄ သန်း၊ ၂၀၁၄ တွင် ပြည်တွင်း၊ ပြည်ပခရီးသည် ၄ ဒသမ ၃၈၄ သန်း၊ ၂၀၁၅ တွင် ပြည်တွင်း၊ ပြည်ပခရီးသည် ၄ ဒသမ ၆၆၅ သန်းအထိ ဝင်ထွက်သွားလာခဲ့ ကြောင်း သိရသည်။

===================

251 / End