၂၀ ဇွန် ၂၀၁၆ - ၁၂:၁၄
" ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် တွေ့ဆုံ "

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စရန်ဟီလီနှင့် ယနေ့(ဇွန် လ ၂၀ ရက်) တွင် တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ်
မစ္စရန်ဟီလီနှင့် ယနေ့(ဇွန် လ ၂၀ ရက်) တွင် တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။
တွေ့ဆုံပွဲတွင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးမြှင့်တင်ရေးနှင့် ကာကွယ်ရေးကိစ္စရပ်များဆောင်ရွက်နေမှု၊ ရခိုင်ပြည်နယ်ကိစ္စ၊
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ လူ့အခွင့်အရေးဆိုင်ရာ ဥပဒေများ.၊ လွတ်လပ်စွာစုဝေးခွင့်နှင့် အသင်းအဖွဲ့များ ဖွဲ့စည်းခွင့်၊
စီးပွားရေး၊ လူမှုရေးအခွင့်အရေးများဆိုင်ရာ၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်နိုင်ရေးနှင့် မြန်မာနိုင်ငံမှ ပါဝင်ရန်
ကျန်ရှိသည့် နိုင်ငံတကာလူ့အခွင့်အရေးဆိုင်ရာ အဓိကစာချုပ်များသို့ ဝင်ရောက်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း နိုင်ငံခြား
ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

===================

251 / End