၂၄ ဇွန် ၂၀၁၆ - ၂၀:၂၁
 ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံဆွေးနွေး

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့မနက်ပိုင်းက ထိုင်းနိုင်ငံခြားရေးဝန်ကြီး H.E. Mr.Don Pramudwinai နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့မနက်ပိုင်းက ထိုင်းနိုင်ငံခြားရေးဝန်ကြီး H.E. Mr.Don Pramudwinai နဲ့  တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနမှာ တွေ့ဆုံခဲ့တာဖြစ်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နဲ့အတူ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးသိန်းဆွေ၊ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်တင်တို့ တက်ရောက်ခဲ့ပါတယ်။

ဒီနောက် ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်းတက္ကသိုလ်အသီးသီးမှ ကျောင်းသား ကျောင်းသူတွေကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၊ Vithes Samosom ခန်းမမှာ ” Myanmar , ASEAN and the World : the Way Forward” ခေါင်းစဉ်ဖြင့် Special Lecture ပို့ချခဲ့ပါတယ်။

===================

251 / End