၂၉ ဇွန် ၂၀၁၆ - ၁၄:၁၃
အစိုးရတွင်ငြိမ်းချမ်းရေးဖော်ဆောင်ရန် လျှို့ဝှက်ရည်မှန်းချက် မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား

အစိုးရအနေဖြင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် လျှို့ဝှက်ရည်မှန်းချက်များ မရှိ ကြောင်းနှင့် အပြောင်းအလဲများ ကြုံတွေ့လာပါက စိုးရိမ်ပူပန်ခြင်း မရှိကြရန် နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်က ပြောကြားလိုက်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့မှ ခေါင်းဆောင်များ ဇွန်လ ၂၈ ရက်တွင် နေပြည်တော်၌ တွေ့ဆုံခဲ့သည်။ ယင်းတွေ့ဆုံပွဲ ၏ အဖွင့်အမှာစကားတွင် ဒေါ် အောင်ဆန်းစုကြည်က ‘ကျွန်မတို့ အစိုးရအနေနဲ့ကတော့ ရည်ရွယ် ချက်ကရိုးရိုးသားသားပါပဲ။ ဘာမှ လျှို့ဝှက်ရည်မှန်းချက်တွေ မရှိပါ ဘူး။ စစ်မှန်တဲ့ ကျွန်မတို့ပြည် ထောင်စု နိုင်ငံသူ နိုင်ငံသားတွေ အားလုံး ချမ်းချမ်းသာသာ ငြိမ်း ချမ်းစွာ နေထိုင်နိုင်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကို ထူထောင်ဖို့ ကျွန်မတို့ ရည်ရွယ် ချက်ဖြစ်ပါတယ်။ အဲဒီနောက်မှာ ဘာမှ ကွယ်ဝှက်ထားတဲ့ ရည်ရွယ် ချက်တွေ မရှိပါဘူး။ ဒီရည်ရွယ်ချက်အောင်မြင်အောင် အားလုံးက ၀ိုင်းပြီးတော့ ကူညီပံ့ပိုးပေးဖို့ ကျွန်မတို့က ဖိတ်ခေါ်ပါတယ်’’ဟု ထည့်သွင်းပြောကြားသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အစိုးရအနေဖြင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် လျှို့ဝှက်ရည်မှန်းချက်များ မရှိ ကြောင်းနှင့် အပြောင်းအလဲများ ကြုံတွေ့လာပါက စိုးရိမ်ပူပန်ခြင်း မရှိကြရန် နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်က ပြောကြားလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့မှ ခေါင်းဆောင်များ ဇွန်လ ၂၈ ရက်တွင် နေပြည်တော်၌ တွေ့ဆုံခဲ့သည်။

ယင်းတွေ့ဆုံပွဲ ၏ အဖွင့်အမှာစကားတွင် ဒေါ် အောင်ဆန်းစုကြည်က ‘ကျွန်မတို့ အစိုးရအနေနဲ့ကတော့ ရည်ရွယ် ချက်ကရိုးရိုးသားသားပါပဲ။ ဘာမှ လျှို့ဝှက်ရည်မှန်းချက်တွေ မရှိပါ ဘူး။ စစ်မှန်တဲ့ ကျွန်မတို့ပြည် ထောင်စု နိုင်ငံသူ နိုင်ငံသားတွေ အားလုံး ချမ်းချမ်းသာသာ ငြိမ်း ချမ်းစွာ နေထိုင်နိုင်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကို ထူထောင်ဖို့ ကျွန်မတို့ ရည်ရွယ် ချက်ဖြစ်ပါတယ်။ အဲဒီနောက်မှာ ဘာမှ ကွယ်ဝှက်ထားတဲ့ ရည်ရွယ် ချက်တွေ မရှိပါဘူး။ ဒီရည်ရွယ်ချက်အောင်မြင်အောင် အားလုံးက ၀ိုင်းပြီးတော့ ကူညီပံ့ပိုးပေးဖို့ ကျွန်မတို့က ဖိတ်ခေါ်ပါတယ်’’ဟု ထည့်သွင်းပြောကြားသည်။

ထို့အပြင် နိုင်ငံတော်၏ အ တိုင်ပင်ခံပုဂ္ဂိုလ်က အစိုးရကလက်ရှိ ဖော်ဆောင်နေသည့်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကြောင့်အပြောင်း အလဲများ ကြုံတွေ့လာပါက စိုးရိမ်ပူပန်မှုများ မဖြစ်ကြရန်လည်း တိုင်းရင်းသား ပြည်သူများအား အမှာစကားပါးခဲ့သည်။

‘‘အပြောင်းအလဲနဲ့ ကြုံလာ ရင် လူတွေက စိုးရိမ်ပူပန်တာတွေ ဖြစ်လာတယ်။ ဒါကလည်းသဘာ ၀ကျပါတယ်။ အရင်တုန်းက မ တွေ့ဖူး၊ မလုပ်ဖူးတဲ့ကိစ္စတွေ။ အ ရင်က လုပ်တာ အလေ့အကျင့်မရှိ ဖူးတဲ့ အရာတွေနဲ့ပက်ပင်းရင်ဆိုင် ရရင် စိုးရိမ်မှုရှိတယ်ဆိုတာ သ ဘာဝကျပါတယ်’’ဟု ဒေါ်အောင် ဆန်းစုကြည်ကပြောသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က အခက်အခဲများရှိသော် လည်း စိုးရိမ်မှုများကို ယုံကြည်မှု ဖြင့်ကျော်လွှားကြရန် တိုက်တွန်း သည်။

      ‘‘အဲဒီစိုးရိမ်မှုကိုရိုက်ဖျက်နိုင် မယ်ဆိုတာ ယုံကြည်မှုရှိရင်စိုးရိမ် မှုကို ကျော်လွှားနိုင်ပါတယ်။ ယုံ ကြည်မှုမရှိလို့ စိုးရိမ်တာပါ’’ ဟု ဒေါ်အောင်ဆန်းစုကြည်က ပြော ကြားသည်။

ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်၍ နိုင်ငံတစ်နိုင်ငံ ထူ ထောင်နိုင်ရန် အခြေခံအကျဆုံး  လိုအပ်ချက်မှာ တာဝန်သိစိတ်ဖြစ် ပြီး တာဝန်သိစိတ်မရှိဘဲ အခွင့် အရေးကိုသာ ကြည့်နေပါက မည် သည့်လုပ်ငန်းမျှ အောင်မြင်မည် မဟုတ်ဘဲ မည်သည့်အဖွဲ့အစည်း မျှ ရေရှည်ရပ်တည်နိုင်မည်မဟုတ် ကြောင်း ထည့်သွင်းပြောကြားခဲ့ သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် ပထမဆုံးအကြိမ် တ ရားဝင်တွေ့ဆုံပွဲတွင် တိုင်းရင်း သားလက်နက်ကိုင်ခေါင်းဆောင် များကလည်း ၂၁ ရာစုပင်လုံညီ လာခံကျင်းပရေး၊ NCA စာချုပ် တို့နှင့် ပတ်သက်သည့် သိရှိလို သည့် ကိစ္စရပ်များကိုမေးမြန်းတင် ပြခဲ့ကြောင်း သတင်းရရှိသည်
===================
251 / End