၃ ဇူလိုင် ၂၀၁၆ - ၁၈:၄၉
ကန်ကြီးထောင့်မြို့နယ်တွင် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးဆုတောင်းပွဲနှင့် ဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကန်ကြီးထောင့်မြို့ နယ် ဧရာသီရိသုခခန်းမဆောင် တွင် ဇူလိုင် ၂ ရက်က ဘာသာ ပေါင်းစုံ ငြိမ်းချမ်းရေးဆုတောင်း ပွဲနှင့် ဟောပြောပွဲကျင်းပကြောင်း သတင်းရရှိသည်။ ဗုဒ္ဓဘာသာ၊ အစ္စလာမ်ဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဟိန္ဒူဘာသာ တို့မှ သံဃာတော်များ၊ ဘာသာရေး ခေါင်းဆောင်များ တက်ရောက် ဆုတောင်းခြင်းနှင့် ဘာသာရေးအဆုံးအမများ ဟောပြောခြင်းများ ပြုလုပ်ခဲ့သည်ဟု ဆုတောင်းပွဲသို့ တက်ရောက်ခဲ့သည့် ပြည်ခရိုင်ဘာသာရေး အဓိကရုဏ်းများ ဆန့်ကျင်ရေးနှင့် တားဆီးရေးကွန်ရက်မှ ကိုမျိုးသူထွဋ်က ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကန်ကြီးထောင့်မြို့ နယ် ဧရာသီရိသုခခန်းမဆောင် တွင် ဇူလိုင် ၂ ရက်က ဘာသာ ပေါင်းစုံ ငြိမ်းချမ်းရေးဆုတောင်း ပွဲနှင့် ဟောပြောပွဲကျင်းပကြောင်း သတင်းရရှိသည်။

ဗုဒ္ဓဘာသာ၊ အစ္စလာမ်ဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဟိန္ဒူဘာသာ တို့မှ သံဃာတော်များ၊ ဘာသာရေး ခေါင်းဆောင်များ တက်ရောက် ဆုတောင်းခြင်းနှင့် ဘာသာရေးအဆုံးအမများ ဟောပြောခြင်းများ ပြုလုပ်ခဲ့သည်ဟု ဆုတောင်းပွဲသို့ တက်ရောက်ခဲ့သည့် ပြည်ခရိုင်ဘာသာရေး အဓိကရုဏ်းများ ဆန့်ကျင်ရေးနှင့် တားဆီးရေးကွန်ရက်မှ ကိုမျိုးသူထွဋ်က ပြောသည်။

‘‘အဓိကကတော့ နိုင်ငံရေး သမားတွေရဲ့ ကစားကွက်တွေမှာ ဘာသာရေးကို ခုတုံးအလုပ်မခံရ ဖို့၊ နိုင်ငံရေး လှည့်ကွက်တွေမှာ ပြည်သူတွေရဲ့ အသက်အိုးအိမ် တွေ စတေးမခံရစေဖို့ ဘာသာ ပေါင်းစုံ ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲ နေထိုင်သွားနိုင်ရေး ဆု တောင်းဟောပြောတာတွေ့ရပါ တယ်’’ ဟု ကိုမျိုးသူထွဋ်က ပြော ကြားသည်။

 ဘာသာပေါင်းစုံ ငြိမ်းချမ်း ရေးဆုတောင်းပွဲနှင့် ဟောပြောပွဲ ကို ကန်ကြီးထောင့်မြို့နယ်ရှိ ဘာ သာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့ (ယာယီ)က ဦးဆောင်ကျင်းပခြင်း ဖြစ်ပြီး ဒေသခံနှစ်ရာကျော် တက်ရောက်ဆုတောင်းခဲ့သည်။


===================    
251 / End