၁၁ ဇူလိုင် ၂၀၁၆ - ၁၉:၀၅
ဒေသ ရှစ်ခုတွင် နေရာကွက်ပြီး မိုးကြီးနိုင်၍ ရေဘေးအန္တရာယ် ဆက်လက်သတိပြုရန်လိုအပ်

ဧရာဝတီမြစ်ရေတိုးလာမှုကြောင့် စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်အတွင်း မြစ်ကမ်းပါးနှင့်မြစ်လယ်ကျွန်းတို့တွင် နေထိုင်သူများကို မီးသတ်တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက မြစ်ရေကြီးမှုလိုက်လံသတိပေးနေစဉ် (ဓာတ်ပုံ − Myanmar Fire Services Department) ဒေသရှစ်ခုတွင် နေရာကွက်၍ မိုးကြီးနိုင် ပြီး မြစ်ချောင်းများလည်း စိုးရိမ်ရေမှတ်အထက်သို့ မြင့်တက်လာသောကြောင့် ရေဘေးအန္တရာယ် ဆက် လက်သတိပြုရန် မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတိပေးသည်။ ရေဘေးရင်ဆိုင်နေရဆဲဖြစ်သော ရခိုင်၊ မွန်၊ ချင်း၊ တနင်္သာရီ၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ပဲခူး၊ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် နေရာ ကွက်၍ မိုးကြီးနိုင်ကြောင်း မိုးဇလဌာနက သတိပေး ထားသည်။ လက်ရှိအချိန်တွင် ချင်းတွင်းမြစ်ရေသည် မော် လိုက်မြို့၊ ကလေးဝမြို့၊ ကနီမြို့၊ မင်းကင်းမြို့တို့၌ စိုးရိမ် ရေမှတ်အထက်သို့ ရောက်ရှိနေသည်။ ဧရာဝတီတိုင်းဒေသကြီးအတွင်း င၀န်မြစ်ရေသည် လည်း ငါးသိုင်းချောင်းမြို့တွင် စိုးရိမ်ရေမှတ်အနီး ရောက်ရှိနေကာ နောက်သုံးရက်အတွင်း ယင်းမြို့၏ စိုး ရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း ဇူလိုင် ၁၀ ရက်က သတင်းထုတ် ပြန်ထားသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ဧရာဝတီမြစ်ရေတိုးလာမှုကြောင့် စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်အတွင်း မြစ်ကမ်းပါးနှင့်မြစ်လယ်ကျွန်းတို့တွင် နေထိုင်သူများကို မီးသတ်တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက မြစ်ရေကြီးမှုလိုက်လံသတိပေးနေစဉ် (ဓာတ်ပုံ − Myanmar Fire Services Department)

ဒေသရှစ်ခုတွင် နေရာကွက်၍ မိုးကြီးနိုင် ပြီး မြစ်ချောင်းများလည်း စိုးရိမ်ရေမှတ်အထက်သို့ မြင့်တက်လာသောကြောင့် ရေဘေးအန္တရာယ် ဆက် လက်သတိပြုရန် မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတိပေးသည်။

ရေဘေးရင်ဆိုင်နေရဆဲဖြစ်သော ရခိုင်၊ မွန်၊ ချင်း၊ တနင်္သာရီ၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ပဲခူး၊ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် နေရာ ကွက်၍ မိုးကြီးနိုင်ကြောင်း မိုးဇလဌာနက သတိပေး ထားသည်။

လက်ရှိအချိန်တွင် ချင်းတွင်းမြစ်ရေသည် မော် လိုက်မြို့၊ ကလေးဝမြို့၊ ကနီမြို့၊ မင်းကင်းမြို့တို့၌ စိုးရိမ် ရေမှတ်အထက်သို့ ရောက်ရှိနေသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း င၀န်မြစ်ရေသည် လည်း ငါးသိုင်းချောင်းမြို့တွင် စိုးရိမ်ရေမှတ်အနီး ရောက်ရှိနေကာ နောက်သုံးရက်အတွင်း ယင်းမြို့၏ စိုး ရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း ဇူလိုင် ၁၀ ရက်က သတင်းထုတ် ပြန်ထားသည်။

မိုးလေ၀သနှင့် ဇလဗေဒညွှန် ကြားမှုဦးစီးဌာန ဒုညွှန်ကြားရေး မှူးချုပ် ဦးကျော်မိုးဦးက ‘‘မုတ်သုံ လေအားက အရမ်းကောင်းနေ တော့ နေရာကွက်ပြီး မိုးကြီးမယ့် အနေအထားမှာရှိနေတယ်။ ရခိုင် ပြည်နယ်မြောက်ပိုင်းပေါ့။ လက်ရှိရာသီဥတုအခြေအနေအရ နေရာ ကွက်မိုးကြီးနိုင်တဲ့နေရာက ရခိုင် ပြည်နယ်မှာလည်း မိုးက ကောင်း နေသေးတယ်။ ဧရာဝတီဘက်မှာ ဆိုရင်လည်း မြစ်ချောင်းတွေပါ ရေတက်လာတာဆိုတော့ ရေ ဘေးက ဒေသအများအပြားမှာ သတိထားဖို့ လိုတယ်’’ဟု ပြော ကြားသည်။

အဓိက မြစ်ကြီးဖြစ်သော ဧရာဝတီဖြစ်ရေသည် စိုးရိမ်ရေ မှတ်အနီး မရောက်သေးသော် လည်း မြစ်ကြောင်းတစ်လျှောက် ရေမြင့်တက်လာနေကာ မြစ်ကမ်း ပါးတိုက်စားမှုများ ဖြစ်ပွားနေ သည်။

‘‘ကျွန်တော်တို့ဆီလည်း မြစ် ကမ်းတွေ တိုက်စားနေလို့ အိမ်တွေဘေး လွတ်ရာရွှေ့နေရတယ်။ မိုးကလည်း ဆက်တိုက်ကောင်းနေ တာ။ ဒီထက်မဆိုးပါစေနဲ့လို့ပဲ။ အခုလောလောဆယ်တော့ ခံသာ သေးတယ်’’ဟု ငါးသိုင်းချောင်းမြို့ နယ် ဒေသခံကိုဟန်စိုးက ပြော ကြားသည်။

လက်ရှိကာလမှာ ဒုတိယရေ ကြီးကာလဖြစ်ကြောင်း မိုးလေ၀ သပညာရှင် ဒေါက်တာထွန်းလွင် က ဇွန်လအတွင်းက သတိပေး ထားသည်။ လတ်တလော ရခိုင်ပြည်နယ်တွင် ရေဘေးရင်ဆိုင်နေရပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ မွန်နှင့် ကရင်ပြည်နယ်တို့၌ နေ့စဉ်လိုလိုမိုးကောင်းနေ၍ ရေလွှမ်းမိုးမှုအန္တရာယ်ကို ဒေသခံများ စိုးရိမ်နေကြသည်။


 
===================
251 / End