အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
နိုင်ငံတော် တည်ငြိမ် အေးချမ်းမှု ပျက်ပြားစေရန်နှင့် လူမျိုးရေးပဋိပက္ခ ဖြစ်ပွားစေရန် ကျူးလွန်သည့် ပုဂ္ဂိုလ်၊ အဖွဲ့အ စည်းများကို ဓမ္မစက်ဖြင့် တားမြစ် ဆောင်ရွက်၍မရပါက အာဏာ စက်ဖြင့် အရေးယူဆောင်ရွက် မည်ဖြစ်ကြောင်း သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီး သူရ ဦးအောင်ကိုက ပြောသည်။
ဇူလိုင် ၁၄ ရက်က ကျင်းပခဲ့ သည့် သတ္တမအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ၄၇ ပါး စုံညီအစည်းအဝေးတွင် ၎င်းက မီဒီယာများ၏ မေးမြန်းမှုကို အ ထက်ပါအတိုင်း ထည့်သွင်းဖြေ ကြားခဲ့သည်။
‘‘သံဃာ့ကိစ္စ သံဃာ့အဖွဲ့ အစည်းကပဲ ဆောင်ရွက်ရမှာဖြစ် ပါတယ်။သံဃာ့အဖွဲ့အစည်းအနေနဲ့ ဓမ္မဝိနယ၊ ဓမ္မစက်နဲ့အညီ အရေးယူဆောင်ရွက်မှာပဲ ဖြစ်တယ်။ ခုနပြောတဲ့ အရပ်ဘက်နဲ့ ဆက်နွှယ်တဲ့ကိစ္စ၊ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေ စိုးမိုးရေးကို ထိပါးစေတဲ့ ကိစ္စတွေမှာ သံဃာ၊ ရဟန်းသံဃာများ ပါဝင်ပတ်သက်မှုရှိရင် ပထမဓမ္မ ဝိနယဓမ္မစက်နဲ့တားမြစ်ဆောင်ရွက်မယ်။ ပြီးရင် လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပါမယ်။ အဲဒီမှာ ဓမ္မစက်နဲ့ ဒါကို ဟန့်တားထိန်းသိမ်းလို့ မရဘူးဆိုရင် ခုနက ပြောတဲ့ ပြည်သူနဲ့ ပတ်သက်တဲ့ ဥပဒေပေါ့။ အာဏာစက်ကို လွှဲပေးရမယ်။ အာဏာစက်ဆိုတာ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေ၊ တစ်နည်းအားဖြင့် အစိုးရအဖွဲ့တွေကို လွှဲပေးရမယ်။ ဒီပုဂ္ဂိုလ် ဒီအဖွဲ့အစည်းကိုတော့ဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှု၊ လူမျိုး တစ်မျိုးနဲ့ တစ်မျိုးကြားမှာ ပဋိပက္ခဖြစ်စေမှု ကျူးလွန်နေလို့ ဓမ္မဝိနယနဲ့ တားဆီးတာကို မလိုက်နာ၊ မနာခံတဲ့အတွက် အာဏာစက်အရ အရေးယူရမယ်။ တည်ဆဲဥပဒေ အရ အရေးယူရမယ်။ အစိုးရအ ဖွဲ့အစည်းတွေအနေနဲ့ အာဏာ စက်နဲ့ ဆက်အရေးယူဖို့ပဲ ရှိတယ်’’ဟု သူရဦးအောင်ကိုက ပြော သည်။ အရပ်ဘက်တည်ဆဲဥပဒေ များဖြင့် အရေးယူနိုင်ရန် သက် သေအထောက်အထားနှင့်တကွ တိုင်ကြားသူရှိရန် လိုအပ်ပြီး တိုင် ကြားသူရှိမှသာ အရေးယူဆောင် ရွက်နိုင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ‘‘မည်သည့် ရဟန်းသာမ ဏေမဆို ရပ်ရွာအေးချမ်းသာယာ ရေး၊ တရားဥပဒေစိုးမိုးရေးကို ထိ ခိုက်စေတဲ့၊ အန္တရာယ်ရှိစေတဲ့ပြောဆိုမှု၊ ဟောပြောမှုများ ပြုလုပ်လို့ ရှိရင်၊ တိုင်ကြားရင်၊ အထောက်အ ထားသက်သေလည်း ရှိရင် မဟန နဲ့ သက်ဆိုင်ရာ သံဃဝိနိစ္ဆယအ ဖွဲ့တွေက စုံစမ်းစစ်ဆေးရေးလုပ် မယ်။ ခုန ပြောသလို ဘယ်ပုဂ္ဂိုလ် လို့ မပြောလိုပါဘူး။ အားလုံးအ ကျုံးဝင်ပါတယ်’’ ဟု ဝန်ကြီးက ဆက်လက်ပြောကြားသည်။
ထို့အပြင် သံဃာတော်များ အနေဖြင့် တည်ဆဲအရပ်ဘက်ဥပ ဒေများနှင့် ငြိစွန်းပါက အရေးယူ ရန် နိုင်ငံတော် သံဃမဟာနာယ ကအဖွဲ့ထံ ခွင့်ပြုချက်တောင်းခံ စရာမလိုအပ်ကြောင်းလည်း သာသနာရေးဦးစီးဌာန ညွှန်ကြားရေး မှူး ဦးထွန်းညွန့်က ဆိုသည်။
နိုင်ငံတော် သံဃမဟာနာ ယကအဖွဲ့ ၄၇ ပါး စုံညီအစည်းအ ဝေးတွင် ရဟန်းနှင့် သင့်တင့်မ လျောက်ပတ်သည့် ကိစ္စရပ်များကို ဆောင်ရွက်နေကြသည့် ရဟန်း၊ သာမဏေများကို ထိရောက်စွာ ကြပ်မတ်ပေးရန် အတွက်လည်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန် ကြီးက မဟနဆရာတော်ကြီးများ ထံ လျှောက်ထားခဲ့ကြောင်း သ တင်းရရှိသည်။
===================
251 / End