အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ပြည်ထောင်စုငြိမ်း ချမ်းရေးညီလာခံ-၂၁ ရာစု ပင်လုံ ညီလာခံကို ကြိုဆိုထောက်ခံ ကြောင်း ‘ဝ’နှင့် မိုင်းလားနှစ်ဖွဲ့ စလုံးက ဒေါ်အောင်ဆန်းစုကြည် နှင့် ပထမဆုံး တွေ့ဆုံစဉ် ဇူလိုင် ၂၉ ရက်က ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များအနက် အင် အားအကြီးဆုံးအဖွဲ့ဖြစ်သည့် ‘ဝ’၊ ၎င်း၏ မဟာမိတ် မိုင်းလားလက် နက်ကိုင်အဖွဲ့တို့၏ ခေါင်းဆောင် များအကြား ပထမဆုံးအကြိမ် တွေ့ဆုံမှုအဖြစ် နေပြည်တော် တွင် နှစ်နာရီကြာ တံခါးပိတ်ဆွေး နွေးစဉ်အတွင်း နှစ်ဖက်စလုံးက ယင်းသို့ ထောက်ခံခဲ့ကြကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး က ထုတ်ပြန်သည်။‘‘ကျွန်တော်တို့ပါဖို့တော့ အ စည်းအဝေးမှာတော့ ကျွန်တော် တို့ အထူးဒေသ (၄)က ပြောပြပြီး ပြီ။ ပါမယ်။ ‘ဝ’ ဘက်ကကျတော့ သူတို့ပြန်တင်ပြမယ်။ ကျွန်တော် တို့ကတော့ ဥက္ကဋ္ဌကိုယ်တိုင်ပါလို့ ဖြေလို့လွယ်တာ’’ ဟု တွေ့ဆုံပွဲ တွင် ပါဝင်ခဲ့သည့် မိုင်းလားအဖွဲ့ အထွေထွေအတွင်းရေးမှူးချုပ် ဦးကြည်မြင့်က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပွဲကို အထူးဒေသ (၄)မိုင်း လား လက်နက်ကိုင်အဖွဲ့ (NDAA) ကို အဖွဲ့ခေါင်းဆောင် ငြိမ်းချမ်း ရေးနှင့် စည်းလုံးရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုင်းလင်းကိုယ်တိုင် ဦးဆောင်လာပြီး အထူးဒေသ (၂) ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) ကိုယ်စားလှယ်အဖွဲ့ကို ဗဟိုပေါ်လစ်ဗျူရို အမြဲတမ်း ဒုတိယအထွေထွေအတွင်းရေးမှူးချုပ် ဦးပေါက်ယူယိက ဦးဆောင်လာ ခြင်းဖြစ်သည်။
‘‘ဒီဟာက Very Sensitive။ မနက်ဖြန် ကျွန်တော်တို့နဲ့ တွေ့ဦး မယ်။ ကျွန်တော်တို့ Peace Commission နဲ့ မိုင်းလားနဲ့ သတ် သတ်၊ ‘ဝ’ နဲ့ သတ်သတ် တွေ့ဦး မယ်။ အဲဒီကျမှ အေးအေးဆေး ဆေးပြောပြမယ်’’ ဟု ငြိမ်းချမ်း ရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းက ပြောသည်။
‘ဝ’နှင့် မိုင်းလားနှစ်ဖွဲ့စလုံး ၂၁ ရာစု ပင်လုံညီလာခံတွင် ပါဝင်နိုင်ရေးအတွက် မူဘောင်ဆိုင်ရာ ညှိနှိုင်းရန် အစိုးရ၏ ငြိမ်းချမ်းရေး ကော်မရှင်သည် ‘ဝ’ပြည်သွေး စည်းညီညွတ်ရေးပါတီ (UWSP) နှင့် ဇူလိုင် ၃၀ ရက်တွင် နေပြည် တော်၌ ဆက်လက်ဆွေးနွေးကြ မည်ဖြစ်ပြီး မိုင်းလား- အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ် မတော် (NDAA)အဖွဲ့နှင့် ဩဂုတ် ၁ ရက်တွင် ရန်ကုန်မြို့၌ ဆွေး နွေးမည်ဖြစ်သည်။
ပင်လုံစိတ်ဓာတ်ကို အခြေခံ ၍ တည်ဆောက်မည့် ၂၁ ရာစု ပင်လုံညီလာခံမှာ လုံခြုံမှုနှင့် လွတ်လပ်မှုပေးနိုင်သည့် ခိုင်မာသော ပြည်ထောင်စုဖြစ်ပေါ်လာရေးအ တွက် ညှိနှိုင်းဆွေးနွေးမည့် အရေး ကြီးသော ပထမခြေလှမ်း ဖြစ် ကြောင်း ဒေါ်အောင်ဆန်းစုကြည် က တွေ့ဆုံပွဲအတွင်း ပြောကြား ခဲ့သည်။
‘‘မြန်မာနိုင်ငံကနေ ခွဲမထွက် ဘူးဆိုတဲ့ဟာကို သူတို့က ကတိ ကဝတ်ကို အာမခံချက်ကိုပြော တယ်’’ဟု သမ္မတရုံးပြောရေးဆို ခွင့်ရှိသူ ဒုညွှန်ချုပ် ဦးဇော်ဌေးက ပြောသည်။
တစ်ချိန်တည်းမှာပင် တစ် နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးမှုနှင့်ပတ်သက် ၍ ဒေါ်အောင်ဆန်းစုကြည်အနေ ဖြင့် ရွေးကောက်ပွဲမတိုင်မီက ပြောကြားမှုနှင့် ရွေးကောက်ပွဲအနိုင်ရ ပြီး အစိုးရသစ်အဖြစ် တက်လာ ချိန်တွင် ပြောကြားမှု ကွဲလွဲမှု ရှိ၊ မရှိ သံသယဖြစ်မှုရှိကြောင်း ‘ဝ’အဖွဲ့က တင်ပြဆွေးနွေးခဲ့သည်ဟု သိရသည်။
ယင်းအပေါ် ပြန်လည်ရှင်းပြရာတွင် ဒေါ်အောင်ဆန်းစု ကြည်က ‘‘သူ့အနေနဲ့ အတိုက်အခံ ဘဝမှာပဲ ဖြစ်ဖြစ်၊ အာဏာရတဲ့အချိန်အခါမှာပဲဖြစ်ဖြစ် သူ့ရဲ့ပေးထားတဲ့ ကတိကိုတော့ မဖောက်ဖျက်ဘူးပေါ့’’ဟု ပြောကြားခဲ့သည် ဟု ဦးဇော်ဌေးက ပြောသည်။
သြဂုတ်လမကုန်မီ ၂၁ ရာစုပင်လုံညီလာခံ စတင်ကျင်းပနိုင် ရန် ကြိုးပမ်းနေသော ဒေါ်အောင် ဆန်းစုကြည်အနေဖြင့် ဇူလိုင်တစ် လတည်း အတွင်းမှာပင် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် ရှစ်ဖွဲ့ ခေါင်းဆောင်များ၊ NCA မရေးထိုး သေးသည့် ညီညွတ်သော တိုင်း ရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ(UNFC)ခေါင်းဆောင် များ၊ ယခု ‘ဝ’ နှင့် မိုင်းလားခေါင်း ဆောင်များကို ဆက်တိုက်တွေ့ဆုံ ခဲ့ပြီးဖြစ်၍ မကြာမီ ၂၁ ရာစုပင် လုံညီလာခံကျင်းပမည့်ရက်ကို သတ်မှတ်နိုင်တော့မည်ဟု သုံး သပ်နေသည်။
ဒေါ်အောင်ဆန်းစုကြည် သည်‘ဝ’အထူးဒေသနှင့် မိုင်းလား အထူးဒေသတို့မှ လူငယ်ကိုယ်စား လှယ် ၁၀၀ ခန့်နှင့်လည်း တစ်ရက် တည်းတွေ့ဆုံခဲ့သည်။
‘ဝ’နှင့် မိုင်းလားနှစ်ဖွဲ့သည် သောကြာနေ့က ဒေါ်အောင်ဆန်း စုကြည်နှင့်တွေ့ဆုံပြီးနောက် တပ်ချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်နှင့် တွေ့ဆုံခဲ့သည်။
‘‘တပ်ချုပ်ကြီးပြောတာက တော့ တစ်ပါတီစနစ်ကနေ ပါတီ စုံကို ပြောင်းလဲလာတယ်။ ဘာ လုပ်လုပ် ဥပဒေဘောင်ထဲကနေ လုပ်ရတယ်။ အရင်ကနဲ့ နည်းနာ မတူတာ၊ ပြင်ရတာတွေရှိတယ်။ ဒီအတိုင်း ပုံသေကားကျတော့မ ဟုတ်ပါဘူး။ တပ်မတော်က ထိန်း မယ်။ မိုင်းလားမှာ သေနတ်သံ တိတ်သလို တစ်နိုင်ငံလုံးမှာ သေ နတ်သံတိတ်ရမယ်။ အားလုံးက မြန်မာနိုင်ငံသားတွေပဲ၊ အားလုံး မှာ တာဝန်ရှိတယ်။ ကျွန်တော်တို့ ဝိုင်းလုပ်ကြမယ်။ အဲဒီလိုနဲ့ ကျွန် တော်တို့ကို ပြောပါတယ်’’ဟု မိုင်း လားအတွင်းရေးမှူး ဦးကြည်မြင့် က ပြောသည်။
ယင်းနှစ်ဖွဲ့သည် သမ္မတ ဟောင်း ဦးသိန်းစိန်နှင့်လည်း ဇူ လိုင် ၃၀ ရက်၌ တွေ့ဆုံမည်ဖြစ် သည်။
UWSP/UWSA ကို မြန်မာ နိုင်ငံရှိ အကြီးဆုံးနှင့် အင်အားအ တောင့်တင်းဆုံး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အဖြစ် သတ် မှတ်ထားသည်။ မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်ကို လေ့လာစောင့် ကြည့်သော Myanmar Peace Monitor ၏ခန့်မှန်းခြေစာရင်းအရ ‘ဝ’စစ်တပ်အင်အား ၂၀,၀၀၀ မှ ၂၅,၀၀၀ ကြားရှိသည်။ အခြားစစ် တမ်းများကမူ အင်အား ၃၀,၀၀၀ ခန့် ရှိသည်ဟု ခန့်မှန်းထားကြ သည်။ NDAA တွင် တပ်ဖွဲ့ဝင်အင် အား ၄,၅၀၀ အထက်ရှိသည်ဟု စစ်တမ်းများက ခန့်မှန်းထားကြ သည်။
===================
251 / End