၃၀ ဇူလိုင် ၂၀၁၆ - ၁၉:၂၆
ရနောင်းလူသတ်မှုမှ စွပ်စွဲခံ မြန်မာလုပ်သားလေးဦး၏ မျိုးရိုးဗီဇနှင့် သေဆုံးသူ၏ မျိုးရိုးဗီဇတို့ တူညီမှုမရှိဟု အဖြေထွက်လာ

ရနောင်းမြို့တွင် ထိုင်း ကျောင်းသူတစ်ဦး အသတ်ခံရမှု ဖြင့် စွပ်စွဲခံထားရသော မြန်မာ လုပ်သားလေးဦး၏ DNA (မျိုးရိုး ဗီဇ)ကို စစ်ဆေးရာ သေဆုံးသူ ထိုင်းကျောင်းသူ၏ DNA (မျိုးရိုး ဗီဇ)နှင့် တူညီမှုမရှိကြောင်း အဖြေထွက်လာသည်ဟု သတင်းရရှိ သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 ရနောင်းမြို့တွင် ထိုင်း ကျောင်းသူတစ်ဦး အသတ်ခံရမှု ဖြင့် စွပ်စွဲခံထားရသော မြန်မာ လုပ်သားလေးဦး၏ DNA (မျိုးရိုး ဗီဇ)ကို စစ်ဆေးရာ သေဆုံးသူ ထိုင်းကျောင်းသူ၏ DNA (မျိုးရိုး ဗီဇ)နှင့် တူညီမှုမရှိကြောင်း အဖြေထွက်လာသည်ဟု သတင်းရရှိ သည်။

ထိုင်းကျောင်းသူကို သတ် ဖြတ်ရာတွင် အသုံးပြုသည့် တုတ် နှင့် ဓားသုံးလက်၊ သေဆုံးသူ၏ လက်သည်းတွင် ကျန်ရှိသော အသားစ စသည်တို့ကို DNA တိုက်ဆိုင်စစ်ဆေးရာ စွပ်စွဲခံ မြန်မာလုပ်သားလေးဦး၏ DNA နှင့် တူညီမှုမရှိသည့် အဖြေထွက် လာသည်ဟု ထိုင်းနိုင်ငံ ရှေ့နေ များကောင်စီအဖွဲ့က ပြောကြားလာကြောင်း စွပ်စွဲခံ မြန်မာလုပ် သားလေးဦး၏အမှုကို ကူညီ ဆောင်ရွက်ပေးနေသော ပညာ ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင် ဒေးရှင်း (FED) မှ ကိုမင်းဦးက ပြောသည်။

‘‘ရှေ့နေတွေဆီက အဖြေသိ ရတာ။ ထိုင်းရဲတွေ စစ်ဆေးတဲ့ အရာဝတ္ထုရဲ့ DNA နဲ့ မြန်မာ ကောင်လေးတွေရဲ့ DNA က မတူဘူးလို့ သိရတယ်လို့ ရှေ့နေတွေ က ပြောလာတယ်။ ကောင်မလေး လက်သည်းမှာ ကျန်ခဲ့တဲ့အသားစကို စစ်တာလည်း မတူဘူးလို့ ပြောလာတယ်’’ဟု ကိုမင်းဦးက ပြော ကြားသည်။

ထို့အပြင် ဇူလိုင် ၂၉ ရက်က စွပ်စွဲခံ မြန်မာလုပ်သားများကို ထိုင်းတရားရုံးတွင် ပထမဆုံးအ ကြိမ် ရုံးထုတ်စစ်ဆေးရာ ထိုင်း ရဲတပ်ဖွဲ့၏ တရားလိုပြသက်သေ ထိုင်းအမျိုးသမီးက ဖမ်းဆီးခံ မြန်မာလုပ်သားများသည် လူ သတ်မှုကျူးလွန်သူများမဟုတ်ဟု တရားရုံး၌ ထွက်ဆိုခဲ့ကြောင်း သတင်းရရှိသည်။

ဇူလိုင် ၂၉ ရက် ရနောင်းမြို့ တရားရုံး၌ ပထမဆုံးအကြိမ် ရုံးချိန်းတွင် ထိုင်းရဲတပ်ဖွဲ့က တရားလိုပြသက်သေအဖြစ် တင် သွင်းထားသော သေဆုံးသူ ထိုင်း ကျောင်းသူ၏ မိခင်၊ အခင်းဖြစ် ပွားရာအနီး နေထိုင်သော ထိုင်း အမျိုးသမီးတစ်ဦးနှင့်    မြန်မာ အမျိုးသမီးတစ်ဦး စုစုပေါင်း သုံးဦးတို့ကို စစ်ဆေးခြင်းဖြစ်သည်။

အခင်းဖြစ်ပွားရာအနီးတွင် နေထိုင်သော ထိုင်းအမျိုးသမီး တစ်ဦးကို စစ်ဆေးရာတွင် စွပ်စွဲခံ ထားရသော မြန်မာလုပ်သားလေး ဦးသည် လူသတ်မှုကျူးလွန်သူ များမဟုတ်ကြောင်း တရားခွင်၌ ပြောကြားခဲ့သည်။ ထို့အပြင် ရပ် ကွက်အတွင်းနေထိုင်သော ထိုင်း နိုင်ငံသားများနှင့် မြန်မာလုပ်သား များကလည်း ၎င်းတို့လေးဦးမှာ လူသတ်မှုကျူးလွန်သူများမဟုတ်ကြောင်း ပြောဆိုလျက်ရှိသည်ဟု တရားရုံး၌ ထွက်ဆိုခဲ့ကြောင်း ရနောင်းတရားရုံးသို့ သွားရောက်နားထောင်သူ စွပ်စွဲခံမြန်မာလုပ် သားလေးဦး၏အမှုကို ကူညီ ဆောင်ရွက်ပေးနေသော ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင် ဒေးရှင်း FED ဒါရိုက်တာ ဦးထူး ချစ်က ပြောသည်။

‘‘အခင်းဖြစ်တဲ့နေရာအနီး မှာ နေထိုင်တဲ့ ထိုင်းအမျိုးသမီး တစ်ယောက်ကို စစ်တဲ့အချိန်မှာ စွပ်စွဲခံထားရတဲ့ မြန်မာတွေက တရားခံတွေ မဖြစ်နိုင်ဘူးလို့ ပြော သွားတယ်။ နောက်ပြီး ထိုင်းတွေ ရော၊ မြန်မာတွေရော သူတို့သတ် တာမဟုတ်ဘူးလို့ ထင်နေကြတယ်လို့ ပြောသွားတာပဲ။ အဲဒီအ ချိန်မှာ တရားသူကြီးက မေးသေး တယ်။ ဒါဆို ဖမ်းထားတဲ့သူတွေ က သက်သက်ဓားစာခံတွေပေါ့ လို့ ပြောသေးတယ်။ ထိုင်းရဲတွေ က သူတို့တင်ထားတဲ့ သက်သေ က ဒီလိုပြောသွားတဲ့အတွက် ကျွန် တော်တို့မှာ အားသာချက်ရှိနေ တယ်’’ဟု ဦးထူးချစ်က ပြော သည်။

သေဆုံးသူ ထိုင်းကျောင်းသူ ၏ မိခင်ကို စစ်ဆေးရာတွင် သမီးဖြစ်သူ၏ သူငယ်ချင်းက ဆက် သွယ်အကြောင်းကြားမှသာ သမီးသေဆုံးသည်ကို   သိရှိသည်ဟု ထွက်ဆိုသွားကြောင်း ဦးထူးချစ် က ဆက်လက်ပြောကြားသည်။

‘‘မြန်မာအမျိုးသမီးကလည်း (ထိုင်းဘာသာဖြင့်) ကယ်ကြပါဦး လို့ အော်သံကြားတယ်။ နောက် ပြီး ဆိုင်ကယ်တစ်စီးက အရှိန်နဲ့ မောင်းသွားတဲ့ အသံကြားတယ်။ ကျန်တာ သူဘာမှမသိဘူးလို့ ထွက်ဆိုသွားတယ်’’ဟု ဦးထူးချစ် က ပြောသည်။

ရုံးထုတ်စစ်ဆေးရာတွင် စွပ်စွဲခံမြန်မာလုပ်သားလေးဦးအ နက် စိန်ကတုံးနှင့် ဝေလင်းတို့သာ ရုံးထုတ်စစ်ဆေးခဲ့ပြီး မိုးဇင်အောင်နှင့် ကျော်စိုးဝင်းတို့သည် အသက် (၁၅)နှစ်သာရှိသေး၍ ၎င်းတို့နှစ် ဦးကို ကလေးသူငယ် တရားရုံး၌ စစ်ဆေးမည်ဖြစ်သည်။

စိန်ကတုံးနှင့် ဝေလင်းတို့၏ ဒုတိယအကြိမ် ရုံးချိန်းကို ဩဂုတ် ၄ ရက်တွင် ထပ်မံချိန်းဆိုထား သည်။ အသက်မပြည့်သေးသည့် မိုးဇင်အောင်နှင့် ကျော်စိုးဝင်းတို့ ကို ဩဂုတ် ၁၀ ရက်တွင် ကလေး သူငယ်တရားရုံး၌ ပထမဆုံးအ ကြိမ် ရုံးထုတ်စစ်ဆေးမည်ဖြစ် သည်။

၂၀၁၅ စက်တင်ဘာ ၂၈ ရက်က ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့တွင် အသက် (၁၈) နှစ်အရွယ် ထိုင်းကျောင်းသူတစ် ဦး အသတ်ခံရမှုနှင့်ပတ်သက်၍ မြန်မာရေလုပ်သား မိုးဇင်အောင်၊ စိန်ကတုံး၊ ကျော်စိုးဝင်းနှင့် ဝေ လင်းတို့ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်း ဆီးထားခြင်းဖြစ်သည်။

ရနောင်းလူသတ်မှုနှင့်ပတ် သက်၍ ထိုင်းရဲတပ်ဖွဲ့က တရား လိုပြသက်သေ ၁၇ ဦး တင်သွင်း ထားပြီး ယင်းသက်သေခုနစ်ဦး စလုံးကို ရုံးချိန်းခုနစ်ချိန်းဖြင့် ပြီးပြတ်အောင် စစ်ဆေးမည်ဖြစ် သည်။ မြန်မာလုပ်သားလေးဦး ဘက်ကလည်း တရားခံပြသက် သေ ၂၀ ဦး တင်သွင်းထားပြီး သက်သေ ၂၀ ဦးစလုံးကို ရုံးချိန်း ငါးချိန်းဖြင့် အပြီးပြတ်စစ်ဆေး မည်ဖြစ်ကြောင်း သတင်းရရှိ သည်။

မြန်မာရေလုပ်သားလေးဦး ၏အမှုကို ထိုင်းနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်နှင့် ထိုင်းနိုင်ငံရှေ့နေများကောင်စီက လည်း ရှေ့နေအဖြစ် အကျိုး ဆောင်ပေးထားသည်။ ရနောင်း လူသတ်မှုနှင့်ပတ်သက်၍ လိုက် ပါဆောင်ရွက်မည့် ကုန်ကျစရိတ် ကို ဧရာဝတီဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးဇော်ဇော်က ကူညီထောက်ပံ့ ပေးထားသည်။

===================    
251 / End