၃၁ ဇူလိုင် ၂၀၁၆ - ၁၉:၀၇
ပုဂံဒေသကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရေး ယူနက်စကို ဦးစီး၍ ပြည်တွင်းပြည်ပ ပညာရှင်များ ဆွေးနွေး

ရှေးဟောင်းယဉ်ကျေးမှုနယ်မြေဖြစ်သော ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်ဒေသအဖြစ် အ သိအမှတ်ပြုလာစေရန် အဆိုပြုစာတမ်းတင်သွင်းနိုင်ရေး ယူနက်စကိုကဦးစီး၍ ပြည်တွင်း ပြည်ပပညာရှင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် မန္တလေးမြို့ Hotel Mandalayတွင် လေးရက်ကြာဆွေးနွေးခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 ရှေးဟောင်းယဉ်ကျေးမှုနယ်မြေဖြစ်သော ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်ဒေသအဖြစ် အ သိအမှတ်ပြုလာစေရန် အဆိုပြုစာတမ်းတင်သွင်းနိုင်ရေး ယူနက်စကိုကဦးစီး၍ ပြည်တွင်း ပြည်ပပညာရှင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် မန္တလေးမြို့ Hotel Mandalayတွင် လေးရက်ကြာဆွေးနွေးခဲ့သည်။

ဆွေးနွေးပွဲကို ဇူလိုင် ၂၆ မှ ၂၉ရက်အထိ လေးရက်ကြာပြုလုပ်ခဲ့ပြီး ဆွေးနွေးပွဲပထမနေ့တွင်ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်အဖြစ်သတ်မှတ်ရေး တစ်ကမ္ဘာလုံးဆိုင်ရာစံနှုန်း သတ်မှတ်ချက်များနှင့်ကိုက်ညီမှု၊ စစ်မှန်မှုနှင့်အရေးပါမှု ရှိ၊မရှိကို ဆွေးနွေးခဲ့ပြီး ကျန်သုံးရက်တွင် ပုဂံဒေသအတွက် ဘက်စုံစီမံခန့်ခွဲမှု မဟာဗျူဟာရေးဆွဲခြင်းများ ဆောင်ရွက်ရန်ဆွေးနွေးခဲ့သည်။

‘‘ပုဂံဒေသကို ကမ္ဘာ့အမွေအ နှစ်စာရင်းဝင်ဖို့အတွက် အဆိုပြု စာတမ်းရေးတဲ့အခါမှာ နှစ်ပိုင်း ရှိပါတယ်။ အပိုင်း(၁)ဖြစ်တဲ့ တစ် ကမ္ဘာလုံးဆိုင်ရာစံနှုန်းသတ်မှတ် ချက်အပိုင်းက ပုဂံရဲ့အဖြစ်အ ပျက်နဲ့ သမိုင်းကို အားလုံးကသိရှိ ပြီးသားဖြစ်တဲ့အတွက် စစ်မှန်မှု တို့၊ အရေးပါမှုတို့နဲ့ ပတ်သက်ရင် ယူနက်စကိုဘက်ကရော ပြည် တွင်းပညာရှင်တွေဘက်ကပါ လက်ခံတဲ့အတွက် အခက်အခဲမရှိ ပါဘူး’’ဟု ကမ္ဘာ့အမွေအနှစ်တင် သွင်းရေးအတွက်အဆိုပြုစာရေး သားပြုစုရေးအဖွဲ့ဥက္ကဋ္ဌဦးစန်း ၀င်းက စံနှုန်းသတ်မှတ်ချက်များ နှင့်ပတ်သက်၍ရှင်းပြသည်။

ဒုတိယအပိုင်းအနေဖြင့် ပုဂံ ဒေသသည် မြန်မာနိုင်ငံအတွက် အရေးပါသည့်ရှေးဟောင်းအမွေ အနှစ်တစ်ခုဖြစ်၍ စံနှုန်းသတ်မှတ် ချက်များဖြင့်အဆင်ပြေသော် လည်း ရှေးဟောင်းဇုန်အတွင်း၌ ဟိုတယ်များ၊ လူနေအိမ်များ ရော ပြွမ်းနေ၍ အခြားသော ကမ္ဘာ့အမွေအနှစ်များနှင့် မတူသည့်အတွက် စနစ်တကျဖွံ့ဖြိုးလာမည့်ကမ္ဘာ့အမွေအနှစ်အဖြစ်ရပ်တည်သွားရန်  ဘက်စုံစီမံခန့်ခွဲမှုမဟာဗျူဟာများကို ဦးစွာရေးဆွဲရန် လိုအပ်ကြောင်း ယူနက်စကိုမှ ပညာရှင်များက ဆွေးနွေးပွဲတွင် အကြံပြုခဲ့သည်။

‘‘ပုဂံကိုအမြဲရှင်သန်နေတဲ့ အမွေအနှစ်အဖြစ် ထိန်းသိမ်း စောင့်ရှောက်ပြီး ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးအတွက်ဆောင်ရွက် မယ်ဆိုရင် ယဉ်ကျေးမှုနယ်မြေ တစ်ခုတည်းကို ထိန်းသိမ်းနေလို့ မရပါဘူး။ ပိုပြီးကျယ်ပြန့်တဲ့ ဖြန့်ကြက်မှုတွေနဲ့ စီမံခန့်ခွဲရမှာဖြစ်တဲ့ အတွက် ဘက်စုံစီမံခန့်ခွဲမှု မူ ဘောင်ကိုတစ်နှစ်အတွင်း ရေးဆွဲ ပြုစုရမှာဖြစ်ပါတယ်’’ဟု ယူနက် စကိုမှ အကြံပေးပညာရှင်မစ္စတာ Kai Weiseကပြောသည်။

 လက်ရှိတွင် ပုဂံ၌ရှေး ဟောင်း အထိမ်းအမှတ် အ ဆောက်အအုံများ တည်ရှိရာဇုန် (Monuments Zone)၊ ရှေး ဟောင်းနေရာများ တည်ရှိရာ (Ancient Site Zone)နှင့် ကာ ကွယ်ထိန်းသိမ်းထားသော ဇုန် (Protected Zone)တို့ကိုသတ် မှတ်ထားသည်။

အဆိုပါဧရိယာများအတွင်း ၌ ကျေးရွာပေါင်း နှစ်ဆယ်နှင့်  ဟိုတယ်ပေါင်း၁၄၁လုံးအထိရှိနေ၍ရှေးဟောင်းအမွေအနှစ်များကို မထိခိုက်စေဘဲ ကမ္ဘာ့အမွေအနှစ်အဖြစ်တည်ရှိလာစေရန် စီမံခန့် ခွဲမှုမဟာဗျူဟာများရေးဆွဲရမည် ဖြစ်သည်။

‘‘ကမ္ဘာ့ယဉ်ကျေးမှုအမွေအ နှစ်တင်သွင်းမယ်ဆိုရင် ပုဂံမြို့ သစ်ကို ထပ်ရွှေ့ရဦးမယ်လို့ ထင် ကြပါတယ်။ ဘယ်မှမရွှေ့ရပါဘူး။ ဒီအတိုင်းပဲ ရှိနေပါမယ်။ တစ်ခါသတ်မှတ်ထားတဲ့ Monu-ment Zone ၊ Ancient Zoneနဲ့ Protected Zoneတို့ထဲမှာ ညောင် ဦးမြို့ကြီးလည်းပါတယ်။ အဲဒီအ ထဲမှာ ရွာပေါင်းနှစ်ဆယ်လောက် လည်းပါတဲ့အတွက် ဒါတွေလည်း ရွှေ့ဖို့မရှိပါဘူး’’ဟု သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာနပြည် ထောင်စုဝန်ကြီးသူရဦးအောင်ကို ကပြောသည်။

ကမ္ဘာ့အမွေအနှစ်တင်သွင်း ရန် ဇုန်နယ်နိမိတ်များကို ပြန် လည်သတ်မှတ်မည်ဖြစ်၍ ဒေသ ခံများအတွက် Living Zone သဘောမျိုးခွင့်ပြုသွားရန်ရှိသော် လည်း စီးပွားရေးလုပ်ငန်းများဖြစ် သည့် ဟိုတယ်များကို အချိန်ကာ လတစ်ခုအထိသာ ခွင့်ပြုမည်ဖြစ်ပြီး နောက်ပိုင်းတွင်ရှေးဟောင်းဇုန်များ၏ အပြင်ဘက်တွင်ရှိသော ဟိုတယ်ဇုန်များသို့  ပြောင်းလဲလုပ်ကိုင်ရမည်ဖြစ်ကြောင်း ဆွေးနွေးမှုများအရသိရသည်။

‘‘ယူနက်စကိုရဲ့အကြံပြု ချက်အတိုင်း အချိန်ကာလတစ်ခု သတ်မှတ်မယ်။ အဲဒီကာလပြည့် တဲ့အခါကျရင် ဒီဟိုတယ်လုပ်ငန်း တွေအကုန်လုံး ယဉ်ကျေးမှုဇုန်အ တွင်းမှာ မရှိရဘူး။ ထွက်ပေးရ မယ်။ သတ်မှတ်ပေးတဲ့ ဟိုတယ် ဇုန် (၄)၊ ဟိုတယ်ဇုန် (၃)အဲဒီနေရာ တွေကိုရွှေ့ရမယ်။ ဘာမှလည်းပို မဝေးဘူး။ နေရာတွေအတွက် လည်း အကျယ်ကြီးပဲ လုပ်ပေး ထားတယ်’’ဟု ကမ္ဘာ့အမွေအနှစ် တင်သွင်းရေးအတွက် အဆိုပြုစာ ရေးသားပြုစုရေးအဖွဲ့ဥက္ကဋ္ဌ ဦး စန်းဝင်းကပြောသည်။

ပုဂံဒေသအတွက် ဘက်စုံစီ မံခန့်ခွဲရေးမဟာဗျူဟာရေးဆွဲရာ တွင် ဟိုတယ်နှင့်ခရီးသွားလာရေး ၀န်ကြီးဌာနမှ ရေးဆွဲထားသည့် ခရီးသွားလုပ်ငန်း Master Plan၊ JICAမှ ဆောင်ရွက်နေသည့် ပုဂံ ခရီးသွားဒေသစီမံခန့်ခွဲမှုစီမံချက် တို့အပြင် ပုဂံဒေသနှင့် စပ်ဆက်လျှက်ရှိသော စီမံချက်များ၊ ၀န်ကြီးဌာနများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ဒေသခံများအားလုံး ပူးပေါင်းပါဝင်ပြီး ရေရှည်တည်တံ့သော ကမ္ဘာ့အမွေအနှစ်တစ်ခုအဖြစ်ဆောင်ရွက်မည်ဖြစ်ကြောင်းသိရသည်။

ဘက်စုံစီမံခန့်ခွဲရေးမဟာဗျူ ဟာတွင် ရှေးဟောင်းဇုန်များ ပြန်လည်သတ်မှတ်ရေး၊ ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်း၊ ပညာရေး၊ ကျန်းမာရေး၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေး၊ ရှေး ဟောင်းအမွေအနှစ်အဆောက် အအုံများ ရေရှည်တည်တံ့စေရန်ထိန်းသိမ်းစောင့်ရှောက်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးစသည့်အချက်များအပါအ၀င် အကြောင်းအရာပေါင်းများစွာကို ထည့်သွင်းရေးဆွဲမည်ဖြစ်သည်။

ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်အဖြစ် အသိအမှတ်ပြုလာရန် အဆိုပြုစာကြမ်း တင်သွင်းရေး  ကို ၂၀၁၈ ဖေဖော်ဝါရီတွင် အပြီးသတ်တင်သွင်းရမည်ဖြစ်ပြီး ဘက်စုံစီမံခန့်ခွဲရေးမဟာဗျူဟာကို ၂၀၁၇အတွင်း အပြီးရေးဆွဲရ မည်ဖြစ်ကြောင်းသိရသည်။

===================    
251 / End