၂ ဩဂုတ် ၂၀၁၆ - ၁၉:၀၁
ကယ်လီဖိုးနီးယားမြောက်ပိုင်းဒေသတွင် မြေဧက ၄၀,၀၀၀ ကျော် တောမီးလောင်ကျွမ်း

အမေရိကန်နိုင်ငံ ကယ် လီဖိုးနီးယားပြည်နယ် မြောက်ပိုင်းဒေသ Big Sur အရပ်အနီး၌ သီတင်းတစ်ပတ်ကြာ လောင်ကျွမ်း နေသော တောမီးသည် မြေဧက ၄၀,၀၀၀ ကျော်ကို လောင်မြိုက် ဖျက်ဆီးခဲ့ရာ ယင်းမီးလောင်ကျွမ်း မှုအကျယ်အ၀န်းမှာ ဆန်ဖရန်စစ္စကိုမြို့အရွယ်အစားနီးပါး ရှိလာသည်ဟု ကယ်လီဖိုးနီးယားပြည်နယ် မီးသတ်ဌာနက ပြောကြားသည်။ တောမီးကို ဇူလိုင် ၃၁ ရက် တွင် အပြည့်အ၀ထိန်းချုပ်နိုင်မည် ဟု မူလက ခန့်မှန်းထားသော် လည်း လက်ရှိအချိန်အထိ အပြည့်အ၀ထိန်းချုပ်နိုင်ခြင်းမရှိပေ။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အမေရိကန်နိုင်ငံ ကယ် လီဖိုးနီးယားပြည်နယ် မြောက်ပိုင်းဒေသ Big Sur အရပ်အနီး၌ သီတင်းတစ်ပတ်ကြာ လောင်ကျွမ်း နေသော တောမီးသည် မြေဧက ၄၀,၀၀၀ ကျော်ကို လောင်မြိုက် ဖျက်ဆီးခဲ့ရာ ယင်းမီးလောင်ကျွမ်း မှုအကျယ်အ၀န်းမှာ ဆန်ဖရန်စစ္စကိုမြို့အရွယ်အစားနီးပါး ရှိလာသည်ဟု ကယ်လီဖိုးနီးယားပြည်နယ် မီးသတ်ဌာနက ပြောကြားသည်။

တောမီးကို ဇူလိုင် ၃၁ ရက် တွင် အပြည့်အ၀ထိန်းချုပ်နိုင်မည် ဟု မူလက ခန့်မှန်းထားသော် လည်း လက်ရှိအချိန်အထိ အပြည့်အ၀ထိန်းချုပ်နိုင်ခြင်းမရှိပေ။

အဆိုပါ တောမီးကြောင့် အ ဆောက်အအုံ ၇၀ လုံးခန့် ပျက် စီးခဲ့ပြီး နောက်ထပ်ရပ်ကွက်နှစ်ခု မှ ဒေသခံများကို ဇူလိုင် ၃၁ ရက် တွင် မီးဘေးလွတ်ရာသို့ ရွှေ့ ပြောင်းရန် အမိန့်ထုတ်ခဲ့သည်။

လူနေအိမ် ၂,၀၀၀ ခန့်တို့ သည် တောမီးခြိမ်းခြောက်မှု ရင် ဆိုင်နေရသည်။

ပြင်းထန်သော တောင်လေ တိုက်ခတ်မှုကြောင့် မီးသည် ကမ်းရိုးတန်းရှိ နေအိမ်များမှ ဝေးရာ အရပ်နှင့် Los Padres အမျိုးသား သစ်တောသို့ ရောက်ရှိလာ ကြောင်း ကယ်လီဖိုးနီးယားပြည် နယ် မီးသတ်တပ်ဖွဲ့ ပြောရေးဆို ခွင့်ရှိသူက ပြောသည်။

အဆိုပါတောမီးကြောင့် ပြီးခဲ့သည့် သီတင်းပတ်အတွင်း Gar-rapata State Park ဥယျာဉ်၌တောမီးငြှိမ်းသတ်နေသော မြေထိုးစက်မောင်းသူတစ်ဦး သေဆုံးခဲ့သည်။   
===================    
251 / End