၄ ဩဂုတ် ၂၀၁၆ - ၁၈:၄၁
ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်အရ ဇုန်သုံးမျိုးခွဲပြီး ဝင်ငွေခွန် ကင်းလွှတ်ခွင့်ပြုမည်

ပြည်တွင်း၌ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုရာတွင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေသစ်အရ ၀င်ငွေခွန် ကင်းလွှတ်ခွင့်ကို ဇုန် သုံးမျိုးခွဲခြားပြီး ခွင့်ပြုပေးမည်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC)အတွင်းရေးမှူး ဦးအောင်နိုင်ဦးက “ဥပဒေသစ်မှာ ၀င်ငွေခွန် ၅ နှစ်ပေးတဲ့ စနစ် မရှိ တော့ဘူး။ နိုင်ငံတော်က ပညာရေးကဏ္ဍကို မြှင့်ချင်ရင် ပညာရေးကဏ္ဍမှာ လုပ်တဲ့သူတွေကို ၀င်ငွေခွန် ကင်းလွတ်ခွင့် ပေး မယ်။ ရှေ့လျှောက်ပေးမယ့် ရင်းနှီးမြှုပ်နှံမှုမှာ တိုင်းပြည်အတွက် တကယ်လိုအပ်တဲ့ ရင်းနှီးမြှုပ်နှံမှုမျိုးကိုပဲ ပေးမယ်”ဟု ပြော သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ပြည်တွင်း၌ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုရာတွင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေသစ်အရ ၀င်ငွေခွန် ကင်းလွှတ်ခွင့်ကို ဇုန် သုံးမျိုးခွဲခြားပြီး ခွင့်ပြုပေးမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC)အတွင်းရေးမှူး ဦးအောင်နိုင်ဦးက “ဥပဒေသစ်မှာ ၀င်ငွေခွန် ၅ နှစ်ပေးတဲ့ စနစ် မရှိ တော့ဘူး။ နိုင်ငံတော်က ပညာရေးကဏ္ဍကို မြှင့်ချင်ရင် ပညာရေးကဏ္ဍမှာ လုပ်တဲ့သူတွေကို ၀င်ငွေခွန် ကင်းလွတ်ခွင့် ပေး မယ်။ ရှေ့လျှောက်ပေးမယ့် ရင်းနှီးမြှုပ်နှံမှုမှာ တိုင်းပြည်အတွက် တကယ်လိုအပ်တဲ့ ရင်းနှီးမြှုပ်နှံမှုမျိုးကိုပဲ ပေးမယ်”ဟု ပြော သည်။

ဇုန် ၃ မျိုးဖြင့် ၀င်ငွေခွန် ကင်းလွတ်ခွင့်ပြုရာတွင် ဇုန် – ၁ တွင် ဖွံ့ဖြိုးမှုနည်းပြီး လူဦးရေ အများအပြားရှိသော တိုင်းဒေသကြီး နှင့် ပြည်နယ်များတွင် ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းများအတွက် ၀င်ငွေခွန် ကင်းလွတ်ခွင့် ၇ နှစ်၊ ဇုန် – ၂ တွင် ဂျီဒီပီ အလယ် အလတ် အဆင့်ရှိနေသည့် ဒေသများတွင် မြှုပ်နှံပါက ၀င်ငွေခွန် ကင်းလွတ်ခွင့် ၅ နှစ်၊ ဇုန် – ၃ တွင် ဖွံ့ဖြိုးမှု အားကောင်း သည့် နေရာများတွင် မြှုပ်နှံလုပ်ကိုင်လျှင် ၀င်ငွေခွန် ကင်းလွတ်ခွင့် ၃ နှစ် အသီးသီးသတ်မှတ် ကင်းလွတ်ခွင့်ပြုမည် ဖြစ် ကြောင်းလည်း ၎င်းက ပြောပြသည်။

သြဂုတ်လ ၂ ရက်နေ့က ရန်ကုန်မြို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီး ဌာနရုံးတွင် ကျင်းပခဲ့သော မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ခွင့်ပြုပေးခဲ့သည့် ရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ဦးအောင်နိုင်ဦးက ပြောကြားခဲ့ခြင်းဖြစ်သည်။

ရင်နှီးမြှုပ်နှံမှုဥပဒေနှင့် ပတ်သက်ပြီး လက်ရှိအချိန်အထိ နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေ၊ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု ဥပဒေ ဟူ၍ ၂ မျိုးရှိနေပြီး ယခင်က နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုအားလုံးကို တပြေးညီ ၀င်ငွေခွန် သက်သာခွင့် ၅ နှစ်ဖြင့် လုပ်ကိုင်ခွင့်ပြုထားသည်ကို တွေ့ရှိရသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) အစိုးရသစ် လက်ထက်တွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ကုန်ထုတ် လုပ်ငန်း ဦးစားပေးဆောင်ရွက်မှု အနေဖြင့် စက်မှုဇုန်အင်္ဂါရပ်နှင့်အညီ လုပ်ကိုင်ဆောင်ရွက်မည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု များကို ဦးစားပေးခေါ်ယူမည်ဖြစ်ကြောင်း ဦးအောင်နိုင်ဦးက ဆက်ပြောသည်။

“နိုင်ငံသားတွေ အလုပ်အကိုင်များများ ရရှိဖို့အတွက် ကုန်ထုတ်လုပ်ငန်းတွေ ဦးစားပေး ဆောင်ရွက်တဲ့အခါမှာ ဒီလုပ်ငန်း တွေ အဆင်ပြေစေဖို့ မကြာခင်မှာ တိုင်းဒေသကြီး အစိုးရနဲ့ ညှိပြီးတော့ စက်မှုဇုန်သစ်တွေကို တည်ဆောက်မယ့် သူ ရင်းနှီးမြှုပ်နှံကြမယ့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုမျိုးကို ဦးစားပေး ဖိတ်ခေါ်သွားဖို့ ရှိတယ်”ဟုလည်း ၎င်းက ဆိုသည်။

သမ္မတဟောင်း ဦးသိန်းစိန် အစိုးရလက်ထက်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တိုးမြင့်စေရန်နှင့် အချိန်တိုအတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ အလုံးအရင်းဖြင့် ၀င်ရောက်လာစေရန် ဆွဲဆောင်သည့်အနေဖြင့် ၀င်ငွေခွန် ၅ နှစ် သက်သာခွင့်ကို ခွင့်ပြုရန် ဆောင်ရွက်ခဲ့သော်လည်း အောင်မြင်မှုမရခဲ့ကြောင်း သိရသည်။

ကုန်ထုတ်လုပ်ငန်းများနှင့် ပတ်သက်၍ ဦးအောင်နိုင်ဦးက “ဥပဒေသစ်အရ မြန်မာနိုင်ငံမှာ စက်ရုံတည်မယ်။ မြန်မာနိုင်ငံ သားပဲ တည်တည်၊ နိုင်ငံခြားသားပဲ တည်တည် ထွက်လာသမျှ ကုန်ချောအားလုံးကို နိုင်ငံခြားကိုပို့မယ်ဆိုရင် သွင်းလာ သမျှ ကုန်ကြမ်းပစ္စည်းအားလုံးကို ၀င်ငွေခွန် ကင်းလွတ်ခွင့်ပေးမယ်”ဟု ဦးအောင်နိုင်ဦးက ဆက်ပြောသည်။

ယခုနှစ် ဇွန်လ၂၇ ရက် ကစတင်ပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကို အသစ်ပြန်လည်ဖွဲ့စည်းခဲ့ပြီး ယနေ့အချိန်အထိ ခွင့်ပြုပေးခဲ့သည့်ရင်းနှီးမြှုပ်နှံမှုမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၁၃ ခု၊ ရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ သန်းပေါင်း ၁၂၄ ဒသမ ၁၅၆ ရှိသည်။
ထို့အပြင် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၉ ခု၊ ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ သန်းပေါင်း ၃၄ ဒသမ ၉၀၄ နှင့် ကျပ် သန်းပေါင်း ၇၉၃၇၈ ဒသမ ၆၅၂ ရှိကြောင်း သိရသည်။

ထိုအပြင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနတွင် လက်ရှိအချိန်အထိ တင်ပြထားသည့် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၇၄ ခုရှိကြောင်း ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန မှတ်တမ်းများတွင် ဖော်ပြထားသည်။

===================
251 / End