၆ ဩဂုတ် ၂၀၁၆ - ၁၉:၂၇
ပုလောတွင် အကောက်ခွန်မဲ့ ဆိုင်ကယ် ၁၂ စီး ဖမ်းဆီးရမိ

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပုလောတံတားမှာ သြဂုတ် ၂ ရက်နေ့ ည ၁၀ နာရီခွဲလောက်က အကောက်ခွန်မဲ့ ဆိုင်ကယ် ၁၂ စီးကို ဖမ်းဆီးရမိခဲ့တယ်လို့ ပုလောမြို့မရဲစခန်းက ပြောပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပုလောတံတားမှာ သြဂုတ် ၂ ရက်နေ့ ည ၁၀ နာရီခွဲလောက်က အကောက်ခွန်မဲ့ ဆိုင်ကယ် ၁၂ စီးကို ဖမ်းဆီးရမိခဲ့တယ်လို့ ပုလောမြို့မရဲစခန်းက ပြောပါတယ်။

ပုလောမြို့မ ရဲစခန်းနဲ့ အခွန်ဦးစီးဌာန တာဝန်ရှိသူတွေ ပုလောမြို့ တံတားထိပ်မှာ မြိတ်မြို့ကနေ မောင်းနင်းလာတဲ့ ယာဉ်အမှတ်၊ 7I/8189 NISSAN CONDOR ကားကို ရပ်တန့်စစ်ဆေးရာကနေ အကောက်ခွန်မဲ့  SCOOPY-I အမျိုးအစား ဆိုင်ကယ် ၁၂ စီးကို တွေ့ရှိဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အကောက်ခွန်မဲ့ ဆိုင်ကယ်တွေ တင်ဆောင်လာတဲ့ ယာဉ်မောင်း (ယာဉ်ပိုင်ရှင်) ဦးမင်းခင်ရွှေဟာ ဆိုင်ကယ်နဲ့ ပတ်သက်တဲ့ စာရွက် စာတမ်းတွေ တစုံတရာ ပြသနိုင်ခြင်းမရှိလို့ အခုလို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

တရားမဝင် ဆိုင်ကယ်တွေ တင်ဆောင် လာသူ ဦးမင်းခင်ရွှေကို ပုလောမြို့မရဲစခန်းမှ (ပ) ၁၈၁/၂၀၁၆၊ ပို့/သွင်းပုဒ်မ ၈ နဲ့ အမှုဖွင့်စစ်ဆေး ဆောင်ရွက်နေတယ်လို့ ပုလောရဲစခန်းက ပြောပါတယ်။
===================
251 / End