၁၁ ဩဂုတ် ၂၀၁၆ - ၁၁:၄၆
ရေဘေးသင့်ပြည်သူများ စိတ်ဓာတ်မကျရန် ဒုသမ္မတအားပေး

ရေဘေးသင့်ပြည်သူများ စိတ်ဓာတ်မကျရန်နှင့်အစိုးရက အကောင်းဆုံး ဆောင်ရွက်ပေးမည် ဟု ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ က ပြည်မြို့နယ်ရှိ ရေဘေးသင့် ပြည်သူများထံ လာရောက် တွေ့ ဆုံစဉ် အားပေးစကား ပြောကြား ခဲ့သည်။ သြဂုတ် ၁၀ ရက် နေ့လယ် က ပြည်မြို့နယ်ရှိ ရေဘေးသင့် ပြည်သူများထံ ဒုသမ္မတဦးဟင် နရီဗန်ထီးယူက လာရောက်တွေ့ ဆုံ၍ ကူညီထောက်ပံ့ပစ္စည်းများ လှူဒါန်းစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 ရေဘေးသင့်ပြည်သူများ စိတ်ဓာတ်မကျရန်နှင့်အစိုးရက အကောင်းဆုံး ဆောင်ရွက်ပေးမည် ဟု ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ က ပြည်မြို့နယ်ရှိ ရေဘေးသင့် ပြည်သူများထံ လာရောက် တွေ့ ဆုံစဉ် အားပေးစကား ပြောကြား ခဲ့သည်။

သြဂုတ် ၁၀ ရက် နေ့လယ် က ပြည်မြို့နယ်ရှိ ရေဘေးသင့် ပြည်သူများထံ ဒုသမ္မတဦးဟင် နရီဗန်ထီးယူက လာရောက်တွေ့ ဆုံ၍ ကူညီထောက်ပံ့ပစ္စည်းများ လှူဒါန်းစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

‘‘ရေဘေးရှောင်ပြည်သူတွေ စိတ်ဓာတ်မကျပါနဲ့။ နိုင်ငံတော် အစိုးရရှိပါတယ်။ အစိုးရအနေနဲ့ အကောင်းဆုံး ဆောင်ရွက်ပေးပါ မယ်။ အခုလိုရေကြီးရေလျှံတဲ့ သ ဘာဝဘေးအန္တရာယ်တွေကို ကြို တင်ကာကွယ်နိုင်ဖို့ ရေတိုရေရှည် အစီအစဉ်တွေဆွဲပြီး လုပ်ဆောင် သွားဖို့ရှိတယ်’’ဟု ဒုသမ္မတ ဦး ဟင်နရီဗန်ထီးယူက ပြောကြား သည်။

ဒုသမ္မတ၏ ပြည်မြို့နယ် ခရီးစဉ်တွင် ပြည်ထောင်စုအစိုးရ  က ဆန်အိတ်တစ်ရာ၊ ပဲခူးတိုင်း ဒေသကြီး အစိုးရက ကျပ်တစ်ရာ ရှစ်ဆယ့်ခြောက်သိန်းသုံးသောင်း ငါးရာ၊ ဧရာဝတီဖောင်ဒေးရှင်းမှ လှူဒါန်းသည့် ဆန်အိတ် တစ်ရာ့လေးဆယ်နှင့် ဆီပိဿာ နှစ်ရာ့ရှစ်ဆယ်ကို ပြည်မြို့နယ်ရှိ ရေ ဘေးရှောင်စခန်း ဆယ့်တစ်ခု၊ ရေဘေးရှောင်ကျေးရွာ ခုနစ်ရွာရှိ ရေဘေးသင့် ပြည်သူ ခုနစ်ထောင့် လေးရာကျော်အား ထောက်ပံ့ပေး ခဲ့ကြောင်းသိရသည်။

ထို့အပြင် ပြည်ခရိုင်အတွင်း ရှိ ရွှေတောင်နှင့် ပန်းတောင်းမြို့ နယ်များရှိ ရေဘေးသင့် ပြည်သူ များထံသို့လည်း သွားရောက်ကာ အထောက်အပံ့ပစ္စည်းများ ပေး အပ်ခဲ့ကြောင်း သတင်းရရှိသည်။

ပြည်မြို့တွင် ဧရာဝတီမြစ် ရေသည် သြဂုတ် ၉ ရက်ညမှ စကာ ယင်းမြို့၏ စိုးရိမ်ရေမှတ် ၂၉၀၀ စင်တီမီတာအောက်သို့ ကျဆင်းခဲ့ပြီး သြဂုတ် ၁၀ ရက် နေ့လယ် ၁၂ နာရီခွဲ တိုင်းတာ ချက်အရ ၂၈၆၇ စင်တီမီတာသို့ ကျဆင်းသွားကြောင်း၊ ဆက်လက် ကျဆင်းဖွယ်ရာရှိကြောင်း ပြည် ခရိုင် မိုးလေ၀သနှင့် ဇလဗေဒညွှန် ကြားမှုဦးစီးဌာနမှ သိရသည်။

‘‘ပြည်မြို့ရှိ မြစ်ရေဟာ စိုး ရိမ်ရေမှတ်အောက်သို့ တစ်ပေခွဲ လောက် ရောက်သွားပြီ။ သြဂုတ် ၁၁ ရက်ဆိုရင် ရေဘေးရှောင်ပြည် သူတွေနေရပ်ကို ပြန်နိုင်ဖို့စီစဉ်ရ တော့မယ်။ ရေဘေးရှောင်သူတွေ နေရပ်ပြန်ရောက်သွားရင်လည်း ထူထောင်ရေးလုပ်တဲ့အခါကျရင် အစိုးရတင်မကဘဲ အရပ်ဘက် အဖွဲ့အစည်းတွေ၊ အလှူရှင်တွေ ရဲ့ အထောက်အပံ့တွေလိုအပ်ပါ သေးတယ်။ ရေဘေးရှောင်စခန်း ဖွင့်ထားခြင်း မရှိတော့ပေမယ့် လည်း ရေဘေးသင့်ပြည်သူတွေရဲ့ နေအိမ်မှာရေတွေကတော့ အ ကုန်ကျသေးမှာ မဟုတ်ဘူး။ အလှူရှင်များအနေနဲ့ အိမ်တိုင်ရာ ရောက် သွားရောက်လှူဒါန်းနိုင် ကြပါတယ်’’ဟု ပြည်မြို့နယ်တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဦးသက်ဝင်းလှိုင်ကပြော  သည်။

===================
251 / End