၁၁ ဩဂုတ် ၂၀၁၆ - ၁၄:၄၇
ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အရေးကြီး အကြောင်းအရာလေးခုကို နှစ်နာရီခွဲကြာ ဆွေးနွေး

ကချင်နှင့် ရှမ်း ပြည်နယ် မြောက်ပိုင်းဒေသများ တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများ ရပ်စဲရေး၊ ၂၁ ရာစုပင်လုံကျင်းပ ရေးအပါအ၀င် အကြောင်းအရာ လေးခုကို နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်နှင့် တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်တို့သည် သြဂုတ် ၈ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြ ကြောင်း နိုင်ငံတော်အတိုင်ပင်ခံ ရုံးက သတင်းထုတ်ပြန်သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ကချင်နှင့် ရှမ်း ပြည်နယ် မြောက်ပိုင်းဒေသများ တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများ ရပ်စဲရေး၊ ၂၁ ရာစုပင်လုံကျင်းပ ရေးအပါအ၀င် အကြောင်းအရာ လေးခုကို နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်နှင့် တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်တို့သည် သြဂုတ် ၈ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြ ကြောင်း နိုင်ငံတော်အတိုင်ပင်ခံ ရုံးက သတင်းထုတ်ပြန်သည်။

ကချင်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းဒေသများ ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည် တွင်းငြိမ်းချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်း ရေး၊ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံကျင်းပ ရေးဆိုင်ရာကိစ္စရပ်များကို နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်နှင့် တပ်မ တော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်  ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ သည် သြဂုတ် ၈ ရက်က နေပြည် တော်ရှိ နိုင်ငံတော်သမ္မတရုံးဧည့် ခန်းမတွင် နှစ်နာရီခွဲကြာတွေ့ဆုံခဲ့ကြသည်။

ယမန်နေ့ မွန်းလွဲ ၂  နာရီမှ ညနေ ၄ နာရီခွဲအထိ နှစ်နာရီခွဲကြာ တွေ့ဆုံဆွေးနွေး မှုသည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တာ ၀န် ရယူပြီးနောက် ဒေါ်အောင် ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့အကြား ပထမ

ဆုံးအကြိမ်တရားဝင် တွေ့ဆုံ ဆွေးနွေးမှုဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင် ၁၅ ရက် က နေပြည်တော်ရှိ တပ်မတော် စစ်သမိုင်းပြတိုက်သို့ နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်သွားရောက်ရာတွင် တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်က ကြိုဆိုပို့ဆောင်ခဲ့သည်။

ထို့ပြင် ၀ါဆိုသင်္ကန်းအလှူနှင့်(၆၉) နှစ်မြောက် အာဇာနည်နေ့က ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် ပြုလုပ်သောဆွမ်းကပ်လှူဒါန်းပွဲသို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် နှင့် တပ်မတော်ကာကွယ်ရေးဦး စီးချုပ်တို့ မတွေ့ဆုံမီ သြဂုတ် ၈ ရက် နံနက် ၁၀ နာရီက နေပြည် တော်ရှိ နိုင်ငံတော်သမ္မတအိမ် တော်အစည်းအဝေးခန်းမတွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာ ခံ ၂၁ရာစု ပင်လုံကျင်းပရေးဗဟို ကော်မတီ အစည်းအဝေးသို့ လည်း တက်ရောက်ခဲ့သည်။

အဆိုပါကော်မတီအစည်း အဝေးသို့ ကော်မတီဥက္ကဋ္ဌ ဒေါ် အောင်ဆန်းစုကြည်တက်ရောက် ခဲ့ပြီး ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံပထမအ ကြိမ်အစည်းအဝေးကို သြဂုတ် ၃၁ရက်၌ စတင်ကျင်းပမည်ဖြစ် ကြောင်း ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည် သည် လာမည့်သြဂုတ် ၁၇ ရက်မှ ၂၀ ရက်အထိ တရုတ်နိုင်ငံသို့ လေးရက်ကြာ ချစ်ကြည်ရေးခရီး သွားရောက်မည်ဖြစ်သည်။

အင်အားကြီးတိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ အခြေ စိုက်ရာ ဒေသများနှင့် ထိစပ်နေ သည့် အိမ်နီးချင်းတရုတ်နိုင်ငံသို့ ၂၁ ရာစုပင်လုံညီလာခံမတိုင်မီ သွားရောက်သော ခရီးစဉ်ဖြစ်နေ သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်တို့၏ တွေ့ဆုံမှုသို့ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထောင်စုဝန်ကြီး ဒု တိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်း ဦး၊ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌဒေါက်တာ တင်မျိုးဝင်း၊ ကာ ကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် စစ်ဥပဒေချုပ်ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်တို့ တက်ရောက်ခဲ့သည်။

===================
251 / End