အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရွှေတချောင်းရေဆိုးများ စီးဝင်လာမှုကြောင့် အမရပူရမြို့ နယ်ရှိ ရပ်ကွက်လေးခုမှ အိမ်ခြေ ၈၀၀ ကျော် ရေနစ်မြုပ်နေကြောင်း သတင်းရရှိသည်။
မန္တလေးမြို့မှ စီးဆင်းလာ သော ရွှေတချောင်းရေမှာ သာမန် ကာလများတွင် ဧရာဝတီမြစ်အ တွင်း စီးဝင်လေ့ရှိသော်လည်း ဧရာဝတီမြစ်ရေမြင့်တက်ချိန်၌ အမရပူရမြို့ ဧရာဝတီမြစ်ကမ်း နားလမ်း အရှေ့ဘက်ရှိ ရပ်ကွက် များသို့ ၀င်ရောက်ကာ ရေကြီးရေ လျှံမှုများ ဖြစ်ပေါ်လေ့ရှိကြောင်း၊ ယခုနှစ်တွင်လည်း အမရပူရမြို့ နယ် ကမ်းနားလမ်းအရှေ့ဘက် လူနေရပ်ကွက်များအတွင်း ရွှေတ ချောင်းရေများ ၀င်ရောက်နေပြီး ကျန်တန်းတိုက်နယ်အတွင်းရှိ တံတားလယ်၊ တိုးချဲ့(၁)၊ တိုးချဲ့(၂)၊ တိုး ချဲ့(၃) အစရှိသည့် ရပ်ကွက်လေးခု ရေနစ်မြုပ်လျက် ရှိကြောင်း ယင်းရပ်ကွက်ဒေသခံ များက ပြောကြားသည်။
‘‘နှစ်စဉ်တော့ ၀င်နေကျပဲ။ ဒီနှစ်တော့ အများဆုံးပဲ။ လူတွေ တော့ ဒုက္ခရောက်တာပေါ့။ ဌာန ဆိုင်ရာတွေကိုတော့ အကူအညီ တောင်းထားတယ်’’ဟု ကျန်တန်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးခင် မောင်စန်းက ပြောသည်။
အဆိုပါရေများသည် မြစ် ရေကဲ့သို့မဟုတ်၍ လပေါင်း အ တန်ကြာသည်အထိကျ ဆင်းခြင်း မရှိကြောင်း၊တစ်နှစ်လျှင် ခြောက် လခန့်မှာ ရေနစ်မြုပ်နေကြောင်း ရပ်ကွက်နေသူများက ပြော သည်။
ယင်းရပ်ကွက်များသည် ၁၉၉၄-၉၅ နှစ်များက ဧရာဝတီ မြစ်ကမ်းနား လမ်းဖောက်လုပ်ချိန် လမ်းနှင့် မလွတ်ကင်းသည့် ကျေး ရွာများတွင် နေထိုင်သူများအား ရွှေ့ပြောင်း ချထားပေးခဲ့ခြင်းဖြစ် ကြောင်း ရေ၀င်မြေမှန်းသိလျက် နှင့် ချထားပေးခဲ့ခြင်းဖြစ်ပြီး စနစ် ကျသောစီမံမှုများ ပြုလုပ်ပေးခဲ့ ခြင်းမရှိကြောင်း ဒေသခံများက ပြောသည်။
‘‘ဒီရေဘေးက သဘာဝရေ ဘေးမဟုတ်ဘူး။ မန္တလေးတစ်မြို့ လုံးရဲ့ ရေဆိုးထုတ်တဲ့ ဆုံမှတ်ဖြစ် နေတယ်။ ရေထဲမှာ နေနေရတဲ့သူ တွေကို အဆင့်မီတဲ့စီမံကိန်းတစ်ခု နဲ့ ကာကွယ်ပေးဖို့ လိုတယ်။ ရေ ဆိုးထုတ်ပုံစနစ်ကို ပြောင်းလဲပေး ဖို့လိုတယ်။ ပြောင်းလဲပေးမှ ဒီ ဒေသခံတွေက ရေဘေးဒုက္ခက လွတ်မှာ’’ဟု ပွဲတော်ရပ်ကွက်နေ ကိုဇော်ဝေဦးက ပြောသည်။
ရပ်ကွက်လေးခုအတွင်း ၀င် ရောက်နေသော ရေဆိုးများကို ရေတံခါး သုံးခုမှတစ်ဆင့် ထုတ် ပေးနေပြီး လိုအပ်သည့် ရေဆိုး ထုတ်လုပ်ငန်းများကို ရေနှင့်သန့် ရှင်းမှုဌာန အင်ဂျင်နီယာများက ဆောင်ရွက်ပေးနေကြောင်း မန္တလေးမြို့တော် စည်ပင်သာယာ ရေးကော်မတီ စီမံရေးရာဌာန (အမရပူရအုပ်ချုပ်ရေးမှူး) ဦးဇေ ယျာက ပြောကြားသည်။
--------------------------------
251/End