၁၄ ဩဂုတ် ၂၀၁၆ - ၀၈:၂၂
မြန်မာ-လာအိုချစ်ကြည်ရေးတံတားတွင် မြန်မာနိုင်ငံအထိမ်းအမှတ်ကြေးပြားကပ်ရန် သဘောတူ

မြန်မာ-လာအို ချစ်ကြည်ရေးတံတား၏ နှစ်နှစ်ငံ နယ်နိမိတ်စည်းပေါ်တွင် မြန်မာ နိုင်ငံက အထိမ်းအမှတ်ကြေးပြား ကပ်ရန်တောင်းဆိုမှု တစ်နှစ် ကျော်သည့်အခါမှသာ လာအိုနိုင် ငံမှ သဘောတူညီမှုရရှိခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သ တင်းရရှိသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 မြန်မာ-လာအို ချစ်ကြည်ရေးတံတား၏ နှစ်နှစ်ငံ နယ်နိမိတ်စည်းပေါ်တွင် မြန်မာ နိုင်ငံက အထိမ်းအမှတ်ကြေးပြား ကပ်ရန်တောင်းဆိုမှု တစ်နှစ် ကျော်သည့်အခါမှသာ လာအိုနိုင် ငံမှ သဘောတူညီမှုရရှိခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သ တင်းရရှိသည်။

ယခင်အစိုးရလက်ထက် ၂၀၁၅ မေလက တံတားဖွင့်လှစ်နိုင်ခဲ့သော်လည်း မြန်မာနိုင်ငံက ကြေးပြားကပ်ရန်တောင်းဆိုမှုအပေါ်သဘောတူညီမှုမရရှိခဲ့သည့်အတွက် တံတားစီမံခန့်ခွဲမှုနှင့် ပတ်သက်၍ သဘောတူစာချုပ်ချုပ်ဆိုနိုင်ရန်နှောင့်နှေးခဲ့ရသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံခြားရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဦးကျော်ဇေယျက ပြောသည်။

‘‘ချစ်ကြည်ရေးတံတားတွေမှာသွားနေကျပုံစံတစ်ခုရှိတယ်။ အဲဒါကိုလိုချင်လို့ အချိန်တော်တော်ယူခဲ့ရတယ်။ မြန်မာ-ထိုင်းချစ်ကြည်ရေးတံတားဆိုရင် တံတားရဲ့ အလယ်နဲ့နှစ်နိုင်ငံနယ်နိမိတ်မျဉ်းက ထပ်တူကျတယ်။ လာအိုနိုင်ငံနဲ့ကျတော့ အဲဒီလိုမဟုတ်ဘူး။  နယ်နိမိတ်မျဉ်းက လာအိုဘက်ခြမ်း သွားကျနေတယ်။ ကျွန်တော်တို့က အဲဒီမျဉ်းနေရာမှာအထိမ်းအမှတ်ကြေးပြားကပ်ချင်တာ။ သူတို့က တံတားကိုတစ် ယောက်တစ်ဝက်အကုန်အကျခံ ဆောက်ထားရတာ။ အဲဒီလိုလုပ် ရင် သူတို့နိုင်ငံသားတွေကိုရှင်းပြ ရမှာ အခက်အခဲရှိတယ်ဆိုပြီး လက်မခံခဲ့ဘူး။ ဒါကို ကျွန်တော် တို့ဘက်က ရှင်းပြတဲ့အခါ နောက် ဆုံးသူတို့ဘက်ကလက်ခံသွားခဲ့ တာဖြစ်ပါတယ်’’ဟု ၎င်းကဆက် လက်ပြောကြားသည်။

ထိုသို့ ချစ်ကြည်ရေးတံတား နှင့်ပတ်သက်၍ သဘောတူစာချုပ် လက်မှတ်ရေးထိုးနိုင်ရန် လာအို နိုင်ငံသမ္မတ မစ္စတာဘွန်ညံဗိုရာ ချစ်၏ မြန်မာနိုင်ငံသို့ သြဂုတ် ၅ ရက်တွင်လာရောက်သည့်ခရီးစဉ် ၌ တိုက်တွန်းညှိနှိုင်းနိုင်ခဲ့ခြင်း ကြောင့်ဖြစ်သည်ဟု ဦးကျော်ဇေ ယျကပြောသည်။

အဆိုပါ ချစ်ကြည်ရေးတံ တားစီမံခန့်ခွဲမှုဆိုင်ရာသဘောတူ စာချုပ်ကို သြဂုတ် ၅ရက်က နိုင်ငံ ခြားရေးဝန်ကြီးဒေါ်အောင်ဆန်းစုကြည်နှင့် လာအိုနိုင်ငံခြားရေးဝန်ကြီး Mr.Saleumxay Kommasithတို့က နှစ်နိုင်ငံသမ္မ တများရှေ့တွင် လက်မှတ်ရေးထိုး ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိ သည်။

===================
251 / End