၁၄ ဩဂုတ် ၂၀၁၆ - ၁၀:၅၂
အိုင်အက်စ်များ ထွက်ပြေးသွားပြီးနောက် လူထောင်နှင့်ချီ၍ မန်ဘစ်ခ်ျမြို့သို့ ပြန်ရောက်လာ

အမေရိကန်က ကျောထောက်နောက်ခံပေးထားသော တိုက်ခိုက်ရေးသမားများက အိုင်အက်စ်စစ်သွေးကြွများကို ၎င်းတို့၏ ခြေကုပ်နေရာဟောင်း မန်ဘစ်ခ်ျမြို့မှ တိုက်ထုတ်လိုက်ပြီးနောက် ထွက်ပြေးတိမ်းရှောင်နေရသည့် ယင်းမြို့သား ထောင်ပေါင်းများစွာတို့သည် ပြန်လာနေပြီဖြစ်ကြောင်း ဒေသခံများနှင့် မဟာမိတ်များက ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


အမေရိကန်က ကျောထောက်နောက်ခံပေးထားသော တိုက်ခိုက်ရေးသမားများက အိုင်အက်စ်စစ်သွေးကြွများကို ၎င်းတို့၏ ခြေကုပ်နေရာဟောင်း မန်ဘစ်ခ်ျမြို့မှ တိုက်ထုတ်လိုက်ပြီးနောက် ထွက်ပြေးတိမ်းရှောင်နေရသည့် ယင်းမြို့သား ထောင်ပေါင်းများစွာတို့သည် ပြန်လာနေပြီဖြစ်ကြောင်း ဒေသခံများနှင့် မဟာမိတ်များက ပြောသည်။

အရပ်သားများအား လူသားဒိုင်းများအဖြစ် အသုံးပြုသော စစ်သွေးကြွလက်ကျန်များ ထွက်ခွာသွားပြီးနောက် တူရကီနယ်စပ်အနီးရှိ မြို့ကို အပြည့်အ၀ ထိန်းချုပ်နိုင်ပြီဟု အမေရိကန်က ထောက်ခံသော ဆီးရီးယားဒီမိုကရက်တစ် တပ်ဖွဲ့ (SDF) က ပြောသည်။

မိသားစုများနှင့် ၎င်းတို့၏ ပိုင်ဆိုင်မှုများကို သယ်ဆောင်လာသော ကားများနှင့် ယာဉ်များသည် မြို့၏ အစွန်အဖျားရှိ ယာယီစခန်းများနှင့် ကျေးရွာများမှ မြို့တွင်းသို့ ၀င်ရောက်နေကြသည်ဟု SDF အဖွဲ့ အရာရှိတစ်ဦးနှင့် ဒေသခံများ၏ ဆွေမျိုးသားချင်းများက ပြောသည်။

‘‘လူထောင်နဲ့ချီပြီး ပြန်လာနေတယ်။ ဆိုင်တွေပြန်ဖွင့်နေတယ်။ ဒီနေ့ဟာ ပုံမှန်အခြေအနေ ပြန်ဖြစ်လာတဲ့ ပထမဆုံးနေ့ပါပဲ’’ ဟု မန်ဘစ်ခ်ျမြို့ စစ်ဘက်ကောင်စီ ပြောခွင့်ရပုဂ္ဂိုလ်ရှာဖန်ဒါဝစ်က ပြောကြားသည်။

စစ်သွေးကြွများသည် ၎င်းတို့၏ မိသားစုဆွေမျိုးသားချင်းများဖြစ်သည်ဟု ယုံကြည်ရသော အရပ်သား ၂၀၀၀ နှင့် ဘေးကင်းစွာ ထွက်ခွာနိုင်ရေး သဘောတူညီချက် ရရှိပြီးနောက် တူရကီနှင့်နယ်စပ်အနီး အမာခံနယ်မြေ ဂျာရာဘလွတ်စ်ဒေသသို့ ဦးတည်ထွက်ခွာသွားခဲ့သည်ဟု မန်ဘစ်မြို့ခံတစ်ဦးက ပြောသည်။

၎င်းတို့နှင့် လိုက်ပါသွားသူများသည် ဓားစာခံများလား (သို့မဟုတ်) မိမိဆန္ဒအလျောက် လိုက်ပါသွားသူများလားဆိုသည်မှာ မရှင်းလင်းဟု ကာ့ဒ်သတင်းရင်းမြစ်တစ်ခုက ပြောကြားသည်။
===================
251 / End