အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ပြည် ခိုင်ဖြိုး)သည် ဒုတိယအကြိမ်ပါတီညီလာခံ အကြိုညှိနှိုင်းအစည်းအဝေးကို သြဂုတ် ၂၁ ရက်တွင် နေပြည်တော်ရှိ ပါတီဌာနချုပ်၌ကျင်းပခဲ့ကြောင်း ယင်းပါတီ ထုတ်ပြန်ချက်အရ သိရသည်။
သြဂုတ် ၂၁ ရက် နံနက်တွင် ပြုလုပ်သော ယင်းအစည်းအဝေး ပွဲသို့ ပါတီထိပ်ပိုင်းခေါင်းဆောင် များ တက်ရောက်ပြီး ပါတီညီ လာခံ ကျင်းပမည့် အစီအစဉ်များ၊ ဗဟိုကော်မတီဝင်များ၊အရန်ဗဟို ကော်မတီဝင်များ၊ ဗဟိုအလုပ် အမှုဆောင် ကော်မတီဝင်များ၊ ပါတီအကြီးအကဲများ ရွေးချယ် တင်မြှောက်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ပြည်ခိုင်ဖြိုးသည် ပါတီ ပြု ပြင်ပြောင်းလဲရေးပြုလုပ်မည့် ဒုတိယအကြိမ်မြောက် ပါတီညီ လာခံကို သြဂုတ် ၂၂ ရက်မှ ၂၅ ရက်အထိ လေးရက်ကြာ ကျင်းပ ရန်စီစဉ်ထားပြီး လက်ရှိ ဗဟိုအ လုပ်အမှုဆောင်အဖွဲ့ကို အသစ် ပြန်လည်ဖွဲ့စည်းခြင်းနှင့် ပါတီ ဥက္ကဋ္ဌ ပြန်လည်ရွေးချယ်မည်ဟု ယင်းပါတီဝင်အချို့ထံမှ သိရ သည်။
လက်ရှိ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌသည် သမ္မတဟောင်းဦးသိန်းစိန်ဖြစ်ပြီး အထွေထွေအတွင်းရေး မှူးအဖြစ် ပြည်ထောင်စုဝန်ကြီး ဟောင်း ဦးတင်နိုင်သိန်းက တာ ၀န်ယူထားကာ ၂၀၁၅ သြဂုတ် အတွင်း ပါတီဗဟိုအလုပ်အမှု ဆောင်အဖွဲ့ ပြန်လည်ဖွဲ့စည်းထား သည်။
ပြီးခဲ့သည့် ၂၀၁၀ အထွေ ထွေရွေးကောက်ပွဲတွင် အနိုင်ရ ကာ အစိုးရဖွဲ့နိုင်သော ပြည်ခိုင် ဖြိုးပါတီသည် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ဝင်ရောက်ယှဉ်ပြိုင် သော ၂၀၁၂ ကြားဖြတ်ရွေး ကောက်ပွဲနှင့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတို့၌ ရှုံးနိမ့်ခဲ့သည်။
--------------------------------
251/End