အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ပုဂံဒေသရှိ စေတီပုထိုးများ သည် တန်ဖိုးဖြတ်၍ မရသော ကြောင့် ငွေကြေးကုန်ကျမှုကို မ ကြည့်ဘဲ အကောင်းဆုံးပြင်ဆင်မှု များပြုလုပ်ရန် တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်က ပြောကြား သည်။
ထို့အပြင် ငလျင်ဒဏ် ကြောင့် ပျက်စီးသွားသော စေတီ ပုထိုးများ ပြုပြင်ရန် ၎င်းကိုယ်တိုင် အလှူခံမှုများပြုလုပ်နေကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က သြဂုတ် ၂၇ ရက်တွင် ပုဂံမြို့ရှိ ထိခိုက်ပျက်စီးခဲ့သော စေတီပုထိုးများကို လှည့်လည်ကြည့်ရှုရင်း စူဠာမဏိစေတီအား လာရောက် ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူ များအား အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
‘‘ဒီဘုရားတွေက တန်ဖိုးဖြတ် လို့မရဘူး။ ငွေကြေးဘယ်လောက် ကုန်ကုန် ပြန်ပြင်ရမယ်။ ငွေဆို တာ ရှာလို့ရတယ်။ ဒီတန်ဖိုးတွေ က ရှာလို့မရဘူး။ နောက်တစ်ကြိမ် ငလျင်ပြန်မလာနိုင်ဘူးလို့လည်း ဘယ်သူမှ မပြောနိုင်ဘူး။ ကယ်ဆယ်ရေးတွေ ပြုလုပ်ဖို့အတွက် အကောင်းဆုံး ပြင်ဆင်ထားရ မယ်’’ဟု ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်က မှာကြားခဲ့သည်။
တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် အလှူရှင် များပူးပေါင်းပြီး ငလျင်ဒဏ် ကြောင့် ပျက်စီးသွားသော စေတီ ပုထိုးများပြုပြင်ရန် ကျပ်သိန်း တစ်သောင်းကျော် (၁၀,၂၈၅)လှူဒါန်းခဲ့ကြောင်း ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်က ဆက် လက်ပြောသည်။
တပ်မတော်(ကြည်း၊ရေ၊ လေ)မိသားစုများက အလှူငွေ ကျပ်သိန်း၁၀၀၀၊ တိုင်း/တပ်မ များမှ အရာရှိစစ်သည်မိသားစု များက အလှူငွေကျပ်သိန်း ၇၀၀ နှင့် ဂိတ်ဝေးကုမ္ပဏီမှ ကျပ်သိန်း ၄၀၀၀၊ KBZ အနာဂတ်အလင်း တန်းဖောင်ဒေးရှင်းမှ ကျပ်သိန်း ၁၀၀၀၊ မက်စ်ဧရာဝတီဖောင်ဒေး ရှင်းမှကျပ်သိန်း၁၀၀၀၊ ထူး ကုမ္ပဏီမှ ကျပ်သိန်း ၅၀၀၊ ကြယ် နီလာကုမ္ပဏီမှ ကျပ်သိန်း၃၀၀၊ KT Developmentမှ ကျပ်သိန်း ၃၀၀၊ အမေးဇင်းဟိုတယ်အုပ်စု မှ ကျပ်သိန်း၃၀၀စသည်ဖြင့် ပုဂ္ဂလိကလုပ်ငန်းရှင်များကလည်း ပါဝင်လှူဒါန်းခဲ့ကြောင်း တပ်မ တော်မှ သတင်းထုတ်ပြန်သည်။
ငလျင်ဒဏ်ကြောင့် ထိခိုက် ပျက်စီးသော စေတီပုထိုးများကို စစ်ဆေးရန် ယူနက်စကိုအဖွဲ့မှ တာဝန်ရှိသူများလည်း ပုဂံမြို့သို့ ရောက်ရှိလာပြီး စစ်ဆေးမှုများ ပြုလုပ်နေသည်။
သြဂုတ် ၂၄ ရက်တွင် ချောက်မြို့ အနောက်ဘက် ၁၂ မိုင်ခန့် အကွာတွင် အင်အား ၆ ဒသမ ၈ ရစ်ခ်ျတာစကေးရှိ အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်ရာ ပုဂံဒေသရှိ စေတီပုထိုး ၃၉၇ ဆူ ပျက်စီးခဲ့သည်။ ငလျင်ဒဏ်ကြောင့် ဓမ္မာရံကြီး၊ ထီးလိုမင်းလို၊ ရွှေဆံတော်၊စူဠာမဏိ၊ အာနန္ဒာ၊ လောကနန္ဒာ၊ ဂူပြောက်ကြီး၊ပြဿဒ်ကြီး စသည့်နာမည်ကြီး စေတီပုထိုးများ ပျက် စီးခဲ့သည်။ ထိုသို့ ပျက်စီးမှု များ ပြားသောကြောင့် ပုဂံမြို့သို့ ငလျင်လှုပ်ပြီးနောက်နေ့ သြဂုတ် ၂၅ ရက်တွင် နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုဝန်ကြီးများ လာ ရောက်ကြည့်ရှုစစ်ဆေးကာ ပြန် လည်ပြုပြင်ရန် အရေးပေါ်အ စည်းအဝေးပြုလုပ်ခဲ့သည်။
==================
251/End