၃၀ ဩဂုတ် ၂၀၁၆ - ၀၃:၄၁
ကရ်ဗလာ ရွှေမြို့တော် အနီး တွင် ဒါအေရှ် (ခ) IS ကြောင့် အသေခံ ဗုံးခွဲ မှု ဖြစ်ပွား ၁၈ဦး ရှဟီးဒ် ဖြစ် + ဓာတ်ပုံများ

ကရ်ဗလာ ရွှေမြို့တော် အနီး တွင် လူစိတ်မရှိသည့် အစွန်းရောက် ဝဟာဘီ ဒါအေရှ် (ခ) IS သမား ၂ဦး ၏ အသေခံ ဗုံးခွဲ မှု ဖြစ်ပွားခဲ့ပါတယ်။ ဤဖောက်ခွဲ မှု ကြောင့် အီရတ် ပြည်သူ ၁၈ဦး ရှဟီးဒ် ဖြစ် ခဲ့ပြီး ၂၅ဦး ဒဏ်ရာ ရခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ကရ်ဗလာပြည်နယ် အုပ်ချုပ်ရေးကောင်စီ ၏ အဖွဲ့ဝင် တစ်ဦး ဖြစ်သူ မဲဟ်ဖူဇ် အလ်သမီးမီ၏ သတင်းထုတ်ပြန်ပေးမှု အရ အသေခံ ဗုံး ခွဲတိုက်ခိုက်သူ မှာ ၅ ဦး ဖြစ်ပြီး ဗုံးပါ ခါးပတ်များ ကိုဝတ်ဆင်ထားပြီး ပြီးခဲ့သည့်ည တွင် ကရ်ဗလာ မြို့ ၏ အနောက်ဘက် ပိုင်း ကီလိုမီတာ ၅၀ အကွာ ရှိ အိုင်နေသမရ် ပြည်နယ် အလ်ဟိုစိန် ဒေသ ရှိ မင်္ဂလာဆောင် တစ်ခု အတွင်း တိုက်ခိုက်ဖောက်ခွဲ မှု ကိုပြု လုပ်ခဲ့ကြောင်း သို့သော် ၂ဦးသာ အသေခံ ဖောက်ခွဲ နိုင်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

၎င်းမှ ဆက်လက်ပြီး ၂ဦး၏ အသေခံ ဖောက်ခွဲမှုကြောင့် ၁၈ဦး ရှဟီးဒ် ဖြစ်ခဲ့ပြီး ၂၅ ဦး ဒဏ်ရာရခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

ဒေါက်တာများ၏ သတင်းထုတ်ပြန်ချက်အရ အိမ်ထောင်စု တစ်ခု တည်းမှာ ၅ ဦး ရှဟီးဒ် ဖြစ်ခဲ့ ကြောင်း လည်းသိရှိရပါတယ်။

အိုင်နေသမရ် ပြည်နယ်သည် ကရ်ဗလာ မြို့ ၏ အနောက်ဘက် ပိုင်းတွင် တည်ရှိပြီး ကီလိုမီတာ ၅၀ သာကွာဝေးပြီး အစွန်းရောက် အကြမ်းဖက် အစ္စလာမ်ခုတုံးလုပ် ဒါအေရှ် (ခ) IS တို့၏ ဗဟိုဌာန ဖြစ်သည့် အန်ဗါပြည်နယ် နှင့် နယ်ခြင်း စပ်နေသည့်နေရာ ဖြစ်ပါတယ်။

အီရတ် စစ် ဗိုလ်များ ၏ ပြောကြားချက်အရ အသေခံ ဖောက်ခွဲသူ ၅ ဦးသည် အန်ဗါပြည်နယ်၏ သဲကန္တာရ မှ အိုင်နေသမရ် ပြည်နယ် အတွင့်သို့ ဝင်ရောက်လာကြောင်း သိရှိရပါတယ်။

အစွန်းရောက် အကြမ်းဖက် အစ္စလာမ်ခုတုံးလုပ် ဒါအေရှ် (ခ) IS အဖွဲ့ မှ လည်း မိမိတို့ အဖွဲ့၏ လက်ချက် ဖြစ်ကြောင်း ဝန်ခံ ထုတ်ဖော် ကြေညာ ခဲ့ပါတယ်။

========================

251/End