၃၁ ဩဂုတ် ၂၀၁၆ - ၀၂:၁၁
၂၀၁၄ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးအရေအတွက် ၁၃၅ မျိုးထက် ပိုများနိုင်ကြောင်း တာဝန်ရှိသူပြော

၂၀၁၄ တွင် ကောက်ယူခဲ့သည့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင် စာရင်းအရ မြန်မာနိုင်ငံရှိ တိုင်း ရင်းသားလူမျိုး အရေအတွက် သည် ယခင်သတ်မှတ်ထားသည့် လူမျိုး ၁၃၅ မျိုးထက်ပိုများလာနိုင် ကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်က ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

၂၀၁၄ တွင် ကောက်ယူခဲ့သည့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင် စာရင်းအရ မြန်မာနိုင်ငံရှိ တိုင်း ရင်းသားလူမျိုး အရေအတွက် သည် ယခင်သတ်မှတ်ထားသည့် လူမျိုး ၁၃၅ မျိုးထက်ပိုများလာနိုင် ကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်က ပြောသည်။

သန်းခေါင်စာရင်းကောက် ယူမှုမှရရှိသည့် တိုင်းရင်းသားလူ မျိုးနှင့်ပတ်သက်သော အချက်အ လက်များကို စာရင်းဇယားစိစစ် လျက်ရှိပြီး ထုတ်ပြန်နိုင်ခြင်းမရှိ သေးသော်လည်း လက်ရှိအနေအ ထားအရ ယခင်သတ်မှတ်ထား သည့် အရေအတွက် ၁၃၅ မျိုး ထက် ပိုများလာနိုင်သည်ဟုဦးမြင့်ကြိုင်က ပြောသည်။

‘‘လူဦးရေကတော့ ၅၁ သန်း ပါပဲ။ ဒါပေမဲ့ သက်ဆိုင်ရာမျိုးနွယ် စုအလိုက် သန်းခေါင်စာရင်းဖြည့် တဲ့အခါမှာ နာမည်အသစ်တွေ ပါ လာတယ်။ ဥပမာ ခမီဆိုတဲ့နေရာ မှာ အချို့က ခိုမီဆိုပြီး ဖြည့်ကြ တာမျိုးတွေ ရှိတယ်။ မိသားစု တစ်စုတည်းမှာကို လူမျိုးနှစ်မျိုး ဖြစ်နေတာ။ အဲဒီလိုအကြောင်းအ ရာတွေကြောင့် တကယ့် တကယ် ထုတ်ပြန်တဲ့အခါကျရင် ၁၃၅ မျိုး ထက်နည်းသွားဖို့ထက် များသွား ဖို့သာရှိပါတယ်’’ဟု ၎င်းက ပြော ကြားသည်။

သန်းခေါင်စာရင်း ဖြည့်စဉ် က ဖြည့်သွင်းခဲ့သူများသည် ၎င်း တို့၏ လွတ်လပ်သော သဘော ဆန္ဒအရ ရွေးချယ်ဖြည့်စွက်သွင်း ခြင်းဖြစ်၍ လူမျိုးထပ်တိုးသင့်၊ မ တိုးသင့်မှာ တိုင်းရင်းသားများက သာ ညှိနှိုင်းမှုပြုလုပ်ရမည်ဖြစ် ကြောင်း ဦးမြင့်ကြိုင်က ပြောကြားသည်။

‘‘ချင်းလူမျိုးဆိုရင် မူလက လူမျိုးစု ၅၃ စုရှိတယ်။ အခုကျ တော့ ကွက်ကီးဆိုပြီး အသစ်တစ် မျိုးထပ်ပေါ်လာတယ်။ သူ့ကို အ သစ်ပေးမလား။ ဘယ်လူမျိုးထဲ ထည့်မလဲဆိုတာ သူတို့လည်း ညှိ နှိုင်းနေကြတယ်။ သူက အခြားလူ မျိုးထဲမပါရင် အသစ်တစ်မျိုးပေါ် လာမယ့်သဘောဖြစ်နေတယ်’’ဟု ၎င်းက ပြောသည်။

ထိုသို့ တိုင်းရင်းသားလူမျိုး စာရင်းသတ်မှတ်မှုနှင့်ပတ်သက် ၍ အစိုးရက ၀င်ရောက်သတ်မှတ် မည် မဟုတ်ဘဲ တိုင်းရင်းသား ခေါင်းဆောင်များနှင့် ပညာရှင် များကသာ တိုင်ပင်ဆုံးဖြတ်စေ မည်ဟု သတင်းရရှိသည်။

 ‘‘ဒီကိစ္စက တိုင်းရင်းသား တွေ သူတို့လူမျိုးတွင်းဖြစ်ပေါ်နေ တဲ့ကိစ္စ ဖြစ်နေတယ်။ အဲဒါကို အစိုးရက၀င်ပါလို့မရဘူး။ သူတို့ ရှင်းပြီးကြလို့ လူမျိုး အသစ်တ ကယ်ပေါ်လာတယ် ဆိုလို့ရှိရင် ကျွန်တော်တို့က သမိုင်းအထောက် အထားနဲ့ ယဉ်ကျေးမှု ပညာရှင် တွေနဲ့ပြန်စိစစ်ပြီးအတည်ပြုပေး မှာ’’ဟု ဦးမြင့်ကြိုင်က ပြောကြားသည်။

အလုပ်သမား၊ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန် ကြီးဌာနသည် သန်းခေါင်စာရင်း ကောက်ယူမှုမှရရှိသည့် တိုင်းရင်း သား လူမျိုးဆိုင်ရာ အချက်အ လက်များကို ဒုသမ္မတဦးဆောင် သော တိုင်းရင်းသားရေးရာကော် မတီနှင့် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာနတို့ထံ တင်ပြ မည်ဖြစ်ပြီး ၎င်းအဖွဲ့များက သက် ဆိုင်ရာ တိုင်းရင်းသား ခေါင်း ဆောင်များ၊ ပညာရှင်များအားဖိတ် ခေါ်ဆွေးနွေးညှိနှိုင်းစေမှုများ ပြု လုပ်မည်ဟု သတင်းရရှိသည်။

၂၀၁၄ လူဦးရေနှင့် အိမ်အ ကြောင်းအရာ သန်းခေါင်စာရင်း ကို မေးခွန်း ၄၁ ချက်ဖြင့် ယခင် အစိုးရလက်ထက်က ကောက်ယူ ခဲ့ပြီး ယင်းမှ ထုတ်ပြန်ကြေညာရန် တိုင်းရင်းသားလူမျိုးနှင့်ဆိုင်သော အချက်သာ ကျန်ရှိခြင်းဖြစ်သည်။

ယခုအခါ စာရင်းအချက်အ လက်စိစစ်မှုပြုလုပ်ဆဲကာလဖြစ် ပြီး ထပ်မံညှိနှိုင်းဆွေးနွေးမှုများစွာ ပြုလုပ်ရန် ကျန်ရှိနေခြင်းကြောင့် အဆိုပါတိုင်းရင်းသားလူမျိုးဦးရေ အချက်အလက် ထုတ်ပြန်ရန်အချိန်သတ်မှတ်နိုင်မှု မရှိသေးကြောင်း ဦးမြင့်ကြိုင်က ပြောသည်။

===================    
251 / End