၄ စက်တင်ဘာ ၂၀၁၆ - ၁၃:၁၄
ဟုမ္မလင်းတွင် နှစ်ရက်အတွင်း စိုးရိမ်ရေအမှတ် ရောက်နိုင်၍ မြစ်ကမ်းနားနေသူများအား ရေဘေးသတိပေး

ချင်းတွင်းမြစ်ရေ တစ် ကျော့ပြန်မြင့်တက်လာပြီး ဟုမ္မ လင်းမြို့တွင် နှစ်ရက်အတွင်း စိုး ရိမ်ရေမှတ်ရောက်ရှိနိုင်၍ မြစ် ကမ်းဘေးနေသူများ ရေဘေး သတိပြုရန် မိုးလေဝသနှင့် ဇလ ဗေဒညွှန်ကြားမှုဦးစီးဌာနက သ တိပေးထားသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 ချင်းတွင်းမြစ်ရေ တစ် ကျော့ပြန်မြင့်တက်လာပြီး ဟုမ္မ လင်းမြို့တွင် နှစ်ရက်အတွင်း စိုး ရိမ်ရေမှတ်ရောက်ရှိနိုင်၍ မြစ် ကမ်းဘေးနေသူများ ရေဘေး သတိပြုရန် မိုးလေဝသနှင့် ဇလ ဗေဒညွှန်ကြားမှုဦးစီးဌာနက သ တိပေးထားသည်။

စက်တင်ဘာ ၃ ရက် နေ့လယ်၂ နာရီတိုင်းတာချက်အရ ချင်း တွင်းမြစ်ရေသည် ဟုမ္မလင်းမြို့၏ စိုးရိမ်ရေမှတ်ရောက်ရန် ၆ ပေခန့်သာ ရှိတော့ပြီး နှစ်ရက်အတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိလာနိုင် ကြောင်း မိုးဇလဌာန ဒုတိယညွှန် ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောသည်။

‘‘စက်တင်ဘာထဲမှာ မိုးပြန် ကောင်းလာနိုင်လို့ မြစ်တွေ စိုး ရိမ်ရေမှတ်အထက် ပြန်တက်လာ နိုင်တယ်လို့ သတိပေးထားပါ တယ်။ အခု တက်လာတော့ ရေ ဘေးကို ကြိုတင်သတိပြုဖို့ လိုပါ တယ်။ အဓိအားဖြင့်တော့ မြစ် ကမ်းဘေးနေသူတွေ နောက်တစ် ခါရေဘေးပြန်မကြုံရအောင် သ တိထားကြဖို့ လိုတယ်’’ဟု ဦး ကျော်မိုးဦးက ပြောသည်။

စက်တင်ဘာ ပထမ ၁၀ ရက်ပတ်အတွင်း ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်တို့ စိုးရိမ်ရေမှတ်အထက်  ပြန်လည်မြင့်တင်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြား မှုဦးစီးဌာနက သြဂုတ် ၂၈ ရက်၌ သတင်းထုတ်ပြန်ထားသည်။

ဧရာဝတီမြစ်ရေသည် စက် တင်ဘာ ပထမ ၁၀ ရက်ပတ်အ တွင်း မြစ်ကြီးနား၊ ဗန်းမော်၊ ရွှေ ကူနှင့် ကသာမြို့တို့တွင် ၅ ပေမှ ၆ ပေခန့်၊ သပိတ်ကျင်း၊ မန္တလေး၊ စစ်ကိုင်း၊ မြင်းမူ၊ ပခုက္ကူနှင့် ညောင်ဦးမြို့တို့တွင် ၃ ပေမှ ၄ ပေခန့်နှင့် ချောက်၊ မင်းဘူး၊ မကွေး၊ အောင်လံ၊ ပြည်၊ ဆိပ်သာ၊ ဟင်္သာတနှင့် ဇလွန်မြို့တို့တွင် ၁ ပေမှ ၂ ပေခန့်၊ ချင်းတွင်းမြစ်ရေ သည် ခန္တီး၊ ဟုမ္မလင်းနှင့် ဖောင်း ပြင်မြို့တို့တွင် ၅ ပေမှ ၇ ပေခန့်၊ မော်လိုက်၊ ကလေးဝ၊ မင်းကင်း၊ ကနီနှင့် မုံရွာမြို့တို့တွင် ၂ ပေမှ ၄ ပေခန့် မြင့်တက်လာနိုင်ကြောင်း သတင်းထုတ်ပြန်ထားသည်။

===================
251 / End